မိုင်းပျဉ်းတောင် တစ်လကျော်ကြာ‌ ယာဉ်ရာနှင့်ချီ နေ့စဉ်ပိတ်ဆို့မှု ဖြစ်နေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းမှုကြောင့် တောင်များပြိုပြီး လမ်းပျက်စီးသဖြင့် တစ်လကျော်ကြာ တွဲကားကြီးများနှင့် ယာဉ်ငယ်များ ရာနှင့်ချီ နေ့စဉ်ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

ဇွန်လဆန်းမှ စတင်ပြီး ယခုဇူလိုင်လ တတိယပတ်အထိ ကျိုင်းတုံမြို့သို့ သွားသည့် ပြည်ထောင်စု လမ်းပိုင်းရှိ မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းမှုကြောင့် တောင်ပြိုပြီး လမ်းချော်မှု ဖြစ်ပွားနေသဖြင့် တွဲကားကြီးများနှင့် ယာဉ်ငယ်များ အစီးရေ ရာနှင့်ချီ နေ့စဉ်ပိတ်မိနေကြောင်း တောင်ကြီး-ကျိုင်းတုံ ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားများက ပြောသည်။

“ကားတွေ များတာရယ်၊ ကားကျပ်တာရယ်၊ လမ်းမကောင်းလို့ ကားနှစ်စီးဆိုရင် တစ်စီးနဲ့တစ်စီး ရှောင်လို့ တောင်မရဘူး။ ၁၂ ဘီးကားကြီးနဲ့ ကုန်တင်ကားတွေ များတယ်။ သွားနေတဲ့လမ်းက ပုံမှန်မရှိဘူး၊ တခါတလေလည်း နှစ်ည ၊ သုံးညလောက် အိပ်ရတယ်။ ဒီလိုကားတွေပိတ်ပြီး လမ်းတွေ သွားလာရ ခက်နေတာ တစ်လကျော် ကြာနေပြီ”ဟု အသက် ၂၅ ဝန်းကျင် ယာဉ်မောင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကာလိမြို့နှင့် မိုင်းပြင်းမြို့အကြားရှိ သံလွင်မြစ်ကူး တာကော်တံတားတွင်လည်း ကုန်တင်တွဲကားကြီးများ ပိတ်ဆို့မှု ဖြစ်ပွားနေပြီး မိုင်းပျဉ်းတောင် အတက်နှင့် တောင်ပေါ်တွင်လည်း ကုန်တင်ကားကြီးနှင့် ယာဉ်ငယ်များ ညအိပ်စောင့်ဆိုင်းခဲ့ရကြောင်း ခရီးသည် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“နမ့်လန်ကနေ လာတုန်းကတော့ နှစ်ည အိပ်ခဲ့ရတယ်။ ပြီးရင် နောက်တစ်ရက်မှ တောင်ပေါ်တက်တာ၊ တောင်ပေါ်တက်တော့လည်း ကားကြီးတွေအများကြီး ပိတ်မိနေတော့ ‌ရှေ့ဆက်လည်းမရတာနဲ့ ကားပေါ်မှာ အကုန်လုံး ဖြစ်သလို အိပ်ခဲ့ရတယ်။ အစားအသောက်က ရွာကလူတွေ လာရောင်းပေးလို့ တော်သေးတယ်။ ထမင်းတစ်ဗူးကို ၅ ထောင် ပေးခဲ့ရတယ်”ဟု ခရီးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပြင်းမြို့နှင့် မိုင်းပျဉ်းတောင်ကြား ကားများ သွားလာရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိန်အကန့်အသတ်ဖြင့် သွားလာနိုင်ရန် ပြုလုပ်ပေးနေသော်လည်း ကုန်တင်တွဲကားကြီးနှင့် ကားငယ်များ ရာနှင့်ချီ ရှိနေသောကြောင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ကားကြီးများကြောင့် လမ်းများ ပျက်စီးခြင်း၊ ကားကြီးများ ပိတ်ဆို့၍ သွားလာရန် ခက်ခဲခြင်းများကြောင့် ခရီးသွားယာဉ်ငယ်အချို့နှင့် ကုန်တင်ယာဉ်များကို ရပ်နားထားရကြောင်း ကားသမားများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲများ ကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ကုန်တင်ယာဉ်များ သွားလာ၍ မရတော့ဘဲ နယ်စပ်ကူး သန်းရောင်းဝယ်ရေးအတွက် မန္တလေး-မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းမကြီးကို အဓိကထား အသုံးပြု သွားလာနေရကြောင်း ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...