လားရှိုး တိုက်ပွဲတွင် ရမခ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) စစ်တီးဝိုင်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ရ ရက်)တွင် အတည်ပြု ပြောသည်။

လားရှိုးမြို့အနီးတွင်ဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်တပ်များနှင့် တိုက်ပွဲများတွင် စစ်တီးဝိုင်းတပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်နေရပြီး ယမန်နေ့ (ဇူလိုင်လ ၇) ရက် တိုက်ပွဲ ဖြစ်စဥ် အတွင်း သေဆုံးသွားခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

“စစ်တီးဝိုင်း အဖွဲ့ပါ သေနတ်ပြန်ကိုင်ရတဲ့ အနေအထားရောက်နေပြီ။ လားရှိုး ရမခ မကျဖို့ ရှိသမျှ လူကုန်ထုတ်နေရတဲ့ အခြေအနေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အင်အား ၅၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသည့် ရမခ စစ်တီးဝိုင်းတပ်ခွဲရှိ တပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ဝေးကွာနေသည်မှာ နှစ်များစွာ ရှိနေပြီဖြစ် ဖြစ်သည်။

ယင်းတပ်ဖွဲ့ အနေဖြင့် စစ်တီးဝိုင်း အတွက် လေ့ကျင့်မှုနှင့် ပုံမှန် ကျင်းပလေ့ရှိသည့် ပွဲများတွင် တီးမှုတ်ရသည့် တာဝန်သာရှိသည့် အခွင့်ထူးရတပ်ဖွဲ့ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် လားရှိုးမြို့ ခံစစ် အတွက် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းထားသည့် လူငယ်များ ပို့ဆောင် အင်အားဖြည့်တင်းနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

ယနေ့ လားရှိုးမြို့အနီးရှိ ခမရ (၅၀၇) ၊ ဆင်တောင်၊ ကြာကန် မြို့ရှောင်လမ်းနှင့် မိုင်းတင်းရွာ များတွင် တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲ မြို့နှင့် နီးကပ်လာသဖြင့် စစ်ကောင်စီတပ်က လားရှိုးမြို့ အဝင်အထွက် အလုံးစုံ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...