စစ်ကောင်စီမှ ဘဏ်များကို ထိန်းချုပ်မည်ဟု သတင်းထွက်ပေါ် ပြည်သူများစိုးရိမ်မှုဖြစ်

စစ်ကောင်စီမှ ပုဂ္ဂလိက ဘဏ်များကို ထိန်းချုပ်မှု ပြုလုပ်မည်ဟုဆိုသော သတင်းသည် ယနေ့ (ဇွန် ၄)ရက်တွင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ဘဏ်၌ ငွေစုထားသူများ စိုးရိမ်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ ဇွန်လ ၂ရက်နေ့တွင် ရွှေဆိုင်ပိုင်ရှင်(၂၁)ဦးကို ရွှေစျေးနှုန်း မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသည် ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ပုဂ္ဂလိကဘဏ်များကိုလည်း စစ်ကောင်စီမှ ထိန်းချုပ်မည်ဆိုသည် သတင်းထပ်မံ ထွက်ပေါ်လာခဲ့သည်။

စစ်ကောင်စီ ထိန်းချုပ်မည့် ပုဂ္ဂလိက ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ်နှင့် A ဘဏ်တို့ ဖြစ်ပြီး၊ ထိုဘဏ်များတွင် ငွေစုထားသည့် ပြည်သူများအနေဖြင့် ငွေတန်ဖိုးကျဆင်းကာ ငွေများဆုံးရှုံးသွားခြင်း၊ စစ်ကောင်စီမှ သိမ်းဆည်းသွားမည်ကို စိုးရိမ်နေကြကြောင်း ငွေစုထားသူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့ ဘဏ်သတင်းကြားတော့ စိတ်တော့ပူတာပေါ့။ ဘဏ်ဘက်က တရားဝင်ပြောဆိုတာမရှိသေး ပေမယ့် တခါတလေ ကောလဟာလ က မှန်တက်တယ်လေ။ စစ်ကောင်စီက သူလုပ်ချင်တာလုပ်နေတာပဲ။ ငွေကတော့မများပေမယ့် ပြည်သူတွေ ဘဝက ဒီထက်ခက်ခဲလာနိုင်တယ်” ဟု တောင်ကြီး ကမ္ဘောဇ ဘဏ်တွင် ငွေစုထားသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။

ထိုသို့ ဘဏ်များကို ထိန်းချုပ်ပိတ်သိမ်းလိုက်လျှင် ပြည်သူများ စားဝတ်နေရေး စီးပွားရေးသည် ယခင်ကထက် ပိုမိုခက်ခဲလာနိုင်ကြောင်းလည်း တောင်ကြီးမြို့ နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အခုကာလက ပြည်သူတွေက အဆင်မပြေတဲ့အချိန်၊ ကုန်စျေးနှုန်းတွေလဲ ဆက်တိုက်တက်နေတာ ၊ဒီလိုသာ ဘဏ်တွေကို ထိန်းချုပ်လိုက်ရင်တော့ စားဝတ်နေရေးက ပိုခက်ခဲလာမယ်။ အထူးသဖြင့် ပြည်ပက အလုပ်လုပ်နေတဲ့ သူတွေရဲ့ ငွေကို မှီခိုနေရမယ်ဆို ပြည်တွင်းမှာ ဘဏ်တွေ အခက်ခဲဖြစ်ရင် သူတို့က ပိုပြီး ခက်ခဲစေမယ်။ အစစရာရာ ခက်ခဲသွားမယ်” ဟု ကမ္ဘောဇဘဏ်မှာ ငွေစုထားသည့် အမျိုးသမီး တစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ဧရာဝတီဘဏ်တွင် ငွေစုထားသူတစ်ဦးမှာလည်း ငွေများဆုံးရှုံးသွားလျှင် မိသားစုအတွက် အစစရာရာ ခက်ခဲစေနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေးပါဆုတ်ယုတ်သွားနိုင်သည်ဟုဆိုသည်။

“ရှာလို့ရသမျှကို ဘဏ်မှာပဲ အများဆုံးအပ်ထားတာ။ ခုလိုသာ စစ်ကောင်စီထိန်းချုပ်ပြီး ဘဏ်တွေကို ခြိမ်းခြောက်လာရင်တော့ ငွေတွေ ပြန်ထုတ်ထားရလိမ့်မယ်။ တိုင်းပြည်တော့ တော်တော်ပျက်စီးသွားနိုင်တယ်။” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တရိပ်ရိပ်ကျဆင်းလာပြီး၊ ငွေကြေးဖောင်းပွမှုလည်း အလွန်မြင့်တက်လာသကဲ့သို့ ဘဏ်လုပ်ငန်းကိုလည်း ယုံကြည်မှု လျော့နည်းလာကြကြောင်း မူဆယ်မြို့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

“ စစ်အာဏာသိမ်းပြီးနောက်မှာ ဘဏ်ကနေ ငွေတွေပြန်ထုတ်ကြတယ်။ လွန်ခဲ့တဲ့ ၃နှစ်သာ ကာလတုန်းကတော့ ဘဏ်နဲ့ပတ်သက်ပြီး အသံမထွက်ခဲ့ပေမယ့် စိုးရိမ်စိတ်တော့ရှိကြတယ်။ ဒီနေ့လိုလိုင်းပေါ်သတင်းကြောင့် လူတွေက ပိုစိုးရိမ်လာကြတယ်။ အပြင်မှာထုတ်ထားရင်လည်း ဓားပြကြောက်သလို ဘဏ်မှာအပ်ရင်လည်း ပြဿနာဖြစ်မှာကြောက်” ဟု ၎င်းစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးက ဆိုပြန်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများမြင့်တက်လာကာ စားဝတ်နေရေး အဆင်မပြေမှုကို ပြည်သူများ ရင်ဆိုင်နေရပြီး အင်တာနက်လိုင်းများကိုလည်း စစ်ကောင်စီမှ တရုတ်နည်းပညာရှင်များဖြင့် ပူးပေါင်းကာ ထိန်းချုပ်မှုများပြုလုပ်နေလျက်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...