Friday, February 6, 2026

သမ္မတဦးဝင်းမြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည့် ဗိုလ်ချုပ်ကိုလေး စစ်ကောင်စီ ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်လာ

ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံမှ လဘ်စားမှုဖြင့် ထောင်ချခံထားရသည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း နေရာတွင် ဗိုလ်ချုပ်ကိုလေး ကို အစားထိုး ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ယမန်နေ့ (မေလ ၂၈ ရက်) ညပိုင်းတွင် ကြေညာသည်။

၂၀၂၁ မတ်လတွင် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်အောင်လင်းထွန်း သည် တရုတ် ဖိအားကြောင့် ယခုနှစ် မတ်လ အတွင်းက ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရကာ ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံထားရကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ယခု ကာကွယ်ရေး ဒုဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ကိုလေး သည် ဒုတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်ပြီး စစ်အာဏာမသိမ်းမီ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က သမ္မတဦးဝင်းမြင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်ကိုလေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၇) ဆင်းဖြစ်ပြီး ရာထူးမှ ဖြုတ်ချခံသူ ဗိုလ်ချုပ်အောင်လင်းထွန်း သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီသည် ဝါရင့် စီးပွားရေး ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် သက်တော်ရှည် ဒုဝန်ကြီး ဦးမောင်မောင်ဝင်း တို့ကို အနားပေးခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီသည် ယခုရက်ပိုင်း အတွင်း နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့ပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း (DSA-39) ကို အစားထိုး ခန့်အပ်ကာ ကမ်းရိုးတန်းစစ်တိုင်း တိုင်းမှူးသစ် အဖြစ် နေပြည်တော် စစ်ရုံးမှ ဗိုလ်မှူးချုပ်ပြည့်စုံလင်း (DSA-40) ကို အစားထိုး ခန့်အပ်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...