Wednesday, January 28, 2026

နေပြည်တော် စစ်တိုင်းမှူး အပါအဝင် အရေးကြီး တပ်မှူးနေရာများ အပြောင်းအလဲ လုပ်ပြန်

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရေးကြီးနေရာများကို ကိုင်တွယ်ရသည့် တပ်မှူး တချို့ကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၈ ရက်) တွင် ပြောသည်။

စစ်ကောင်စီသည် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့လိုက်ပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း (DSA-39) ကို အစားထိုး ခန့်အပ်ကာ ကမ်းရိုးတန်းစစ်တိုင်း တိုင်းမှူးသစ် အဖြစ် နေပြည်တော် စစ်ရုံးမှ ဗိုလ်မှူးချုပ်ပြည့်စုံလင်း (DSA-40) ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးသစ် အဖြစ် အမှတ် (၉၀၉) အမြောက်စစ်ဆင်ရေး ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး (DSA-33)၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးသစ် အဖြစ် ဗိုလ်မှူးချုပ်ထူးမြတ်တိုး (DSA-34)၊ ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူးသစ် အဖြစ် ပြင်ဦးလွင် တပ်မတော် အီလက်ထရောနစ် ဆက်သွယ်ရေးကျောင်းအုပ် ဗိုလ်မှူးချုပ်ရဲမြင့်နိုင် (OTS-79) ကို အစားထိုး ခန့်အပ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အသက်အရွယ်ရလာတဲ့ လူတွေကို အရန်အင်အားပို့ပြီး ငယ်ရွယ်တဲ့လူတွေနဲ့ အစားထိုးတယ်လို့တော့ သိရပါတယ်၊ စစ်ဆင်ရေးတွေ အတွက် အရေးကြီးနေရာတွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နိုင်ငံတ၀ှမ်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရေးကြီးသည့် စစ်ဖက်ဆိုင်ရာ ရာထူးများအား မကြာခဏ အပြောင်းအလဲ လုပ်လေ့ရှိရာ နေပြည်တော် တိုင်းမှူး ရာထူးသည့် အပြောင်းအလဲ အများဆုံး ဖြစ်ခဲ့ပြီး ၃ နှစ်ကျော် ကာလအတွင်း ၄ ကြိမ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝှမ်း တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ကြီးများ အပါအဝင် မြို့ပေါင်း ၅၀ ကျော်ကို တော်လှန်ရေးတပ်များက သိမ်းယူထားချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ အရေးကြီး စစ်ရာထူးများ မကြာခဏ အပြောင်းအလဲ ပြုလုပ်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...