နေပြည်တော် စစ်တိုင်းမှူး အပါအဝင် အရေးကြီး တပ်မှူးနေရာများ အပြောင်းအလဲ လုပ်ပြန်

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် အရေးကြီးနေရာများကို ကိုင်တွယ်ရသည့် တပ်မှူး တချို့ကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၈ ရက်) တွင် ပြောသည်။

စစ်ကောင်စီသည် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ကို အရန်အင်အား ပို့လိုက်ပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း (DSA-39) ကို အစားထိုး ခန့်အပ်ကာ ကမ်းရိုးတန်းစစ်တိုင်း တိုင်းမှူးသစ် အဖြစ် နေပြည်တော် စစ်ရုံးမှ ဗိုလ်မှူးချုပ်ပြည့်စုံလင်း (DSA-40) ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးသစ် အဖြစ် အမှတ် (၉၀၉) အမြောက်စစ်ဆင်ရေး ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး (DSA-33)၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးသစ် အဖြစ် ဗိုလ်မှူးချုပ်ထူးမြတ်တိုး (DSA-34)၊ ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူးသစ် အဖြစ် ပြင်ဦးလွင် တပ်မတော် အီလက်ထရောနစ် ဆက်သွယ်ရေးကျောင်းအုပ် ဗိုလ်မှူးချုပ်ရဲမြင့်နိုင် (OTS-79) ကို အစားထိုး ခန့်အပ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အသက်အရွယ်ရလာတဲ့ လူတွေကို အရန်အင်အားပို့ပြီး ငယ်ရွယ်တဲ့လူတွေနဲ့ အစားထိုးတယ်လို့တော့ သိရပါတယ်၊ စစ်ဆင်ရေးတွေ အတွက် အရေးကြီးနေရာတွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နိုင်ငံတ၀ှမ်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရေးကြီးသည့် စစ်ဖက်ဆိုင်ရာ ရာထူးများအား မကြာခဏ အပြောင်းအလဲ လုပ်လေ့ရှိရာ နေပြည်တော် တိုင်းမှူး ရာထူးသည့် အပြောင်းအလဲ အများဆုံး ဖြစ်ခဲ့ပြီး ၃ နှစ်ကျော် ကာလအတွင်း ၄ ကြိမ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝှမ်း တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ကြီးများ အပါအဝင် မြို့ပေါင်း ၅၀ ကျော်ကို တော်လှန်ရေးတပ်များက သိမ်းယူထားချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ အရေးကြီး စစ်ရာထူးများ မကြာခဏ အပြောင်းအလဲ ပြုလုပ်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...