ထောင်ချခံရသည့် ရပခ တိုင်းမှူးဟောင်း အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံရ

ထောင်ချခံထားရသည့် သျှမ်းပြည်၊ တောင်ကြီးမြို့ အအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၅ ရက်) တွင် ပြောသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့ ၌ မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ပြုလုပ်သည့် (၅) ကြိမ်မြောက် ဟိုင်ဂင် ဆွေးနွေးပွဲ အပြီး ကျားဖြန့် ခေါင်းစဥ်ဖြင့် ဖမ်းဆီးထားသည့် စစ်ဗိုလ်ချုပ် ၅ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ ယခု ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

“ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်သိမ်းဆည်းဖို့ အမိန့်ချထားပါတယ်။ ဘာတွေသိမ်းလဲ ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီသည် တောင်ကြီးမြို့ အခြေစိုက်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ လောက်ကိုင် ဒကစမှူး ဗိုလ်ချုပ်ဇော်မင်း တို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားပြီး ဗိုလ်ချုပ်လှမြင့်စိုး ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ထားခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်လှမိုးရဲ့ ပိုင်ဆိုင်မှုတွေ စာရင်းပြုစုဖို့ ညွှန်ကြားလို့ နေပြည်တော် ပို့ထားပါတယ်” ဟု တောင်ကြီးမြို့ အခြေစိုက် သျှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး သတင်းရင်းမြစ်က ဆိုသည်။

တောင်ကြီးမြို့ အခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ကို ကျားဖြန့် ခေါင်းစဥ်တပ်၍ ရာထူးမှ ဖြုတ်ချပြီး ပြီးခဲ့သည့် ဇန်နဝါရီလက အရန်အင်အား ပို့ထားရာက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်တက္ကသိုလ် အပတ်စဥ် (၃၇) ဆင်း ဗိုလ်ချုပ်လှမိုး သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အီးယူ၏ ထပ်တိုး ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သူဖြစ်ပြီး ကရင်နီပြည် စစ်ဆင်ရေးများ အတွင်း အရပ်သားများ သတ်ဖြတ်မှု ဖြစ်စဥ်များ အတွက် တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသူ ဖြစ်သည်။

လက်ရှိ ရပခ တိုင်းမှူး အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ လူရင်းဖြစ်သူ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (နေပြည်တော်) ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ် ကို ခန့်အပ် ထားသည်။

လက်ရှိ ထောင်ချခံထားရသည့် ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ကိုမူ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်က ကျားဖြန့် ခေါင်းစဥ်ဖြင့်ပင် နေပြည်တော်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းစစ်ဗိုလ်ချုပ်များ သိမ်းဆည်းခံရသည့် ပိုင်ဆိုင်မှု အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ပြီးခဲ့သည့် လပိုင်းက နေပြည်တော်တွင် နေထိုင်သည့် အငြိမ်းစား စစ်ဗိုလ်ချုပ် လယ်ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင် ဖမ်းဆီး ခံခဲ့ရပြီးနောက် စစ်ဗိုလ်ချုပ်များနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် တစ်ချို့ ခေါ်ယူ စစ်ဆေးခံရသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...