စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုသည် တိုင်းရင်းသားအချင်းချင်းကြား အဖြေကောင်းမဟုတ်ဟု KIA ပြော

စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုမျိုးသည် တိုင်းရင်းသားအချင်းချင်းကြားအတွက် အဖြေကောင်း မထွက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅ ရက်နေ့နောက်ဆုံး ထွက်ခွာသွားရန် ပြောဆိုခဲ့သည့် သတင်းထွက်ပေါ်လာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး နော်ဘူက “အားလုံးကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အချင်းချင်းလည်း နားလည်မှု ရှိရမယ်၊ တန်ဖိုးထားမှုလည်း ရှိရမယ်။ မဟုတ်ဘဲနဲ့ စစ်ရေးနဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမှ ဆက်ဆံတာမျိုးတွေကတော့ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းအတွက်ကတော့ အဖြေကောင်းတွေ ထွက်မယ်လို့ မထင်ပါဘူး”ဟု သျှမ်းသံတော်ဆင့်ကို ပြောဆိုလိုက်သည်။

ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဆက်ဆံရေးရုံးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး TNLA ၏ အရာရှိငယ်များ ပြောဆိုသည့် စကားသာဖြစ်ကြောင်း၊ နှစ်ဘက်တပ်ဖွဲ့အကြား တွေ့ဆုံဆွေးနွေးပြီး ပြန်အဆင်ပြေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ကျနော်တို့ ကြားရတာကတော့ အားလုံးအဆင်ပြေပြီလို့ပဲ ကြားရတယ်။ TNLA နဲ့ကလည်း လူကြီးပိုင်းမဟုတ်ဘဲနဲ့ အရာရှိငယ်တွေ ပြောတာပဲ ဖြစ်ပါတယ်ဆိုပြီးမှ တွေ့ဆုံဆွေးနွေးပြီး အားလုံးပြန်အဆင်ပြေပြီ”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဧပြီလ ၁၅ ရက်တွင်လည်း နမ္မတူမြို့နယ် ဘော်တွင်းရှိ KIA နှင့် မဟာမိတ် PDF တပ်စခန်းတစ်ခုကိုလည်း ရွှေ့ပြောင်းပေးရန် TNLA တပ်ဖွဲ့က ထပ်မံပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး မြေပြင်အဆက်အသွယ် မရရှိသေးဘဲ သတင်းပျံနှံ့နေကြောင်းသာ သိရှိရကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“တော်တော်လေး ဝိုင်းဝန်းပြီးမှ မထိန်းကျောင်းရင်တော့ ပြဿနာ ဖြစ်လာနိုင်တာပေါ့။ လူမျိုးစုအလိုက် ဆိုရင်တော့ ကိုယ်စီ လက်နက်ကိုင် အဖွဲ့တွေနဲ့ဆိုတော့ ကြားမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်လာဖို့ နီးစပ်လာတာပေါ့။ အဲ့လိုမဖြစ်အောင် ကိုယ့်ပြည်သူ အချင်းချင်းတော့ ဝိုင်းထိန်းကြဖို့ ပြောဖြစ်တယ်”ဟု ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့တွင် KIA တပ်ဖွဲ့အနေဖြင့် ရုံးဖွင့် အခြေချလိုပါက TNLA တပ်ဖွဲ့၏ ဗဟိုရုံးထံသို့ တရားဝင် စာပို့တောင်းခံရန် လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့်ပြန်ကြားရေး ဌာနမှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အထူးသဖြင့် ဒီကိစ္စကို အများကြီးတော့ ထပ်ပြောစရာ မလိုပါဘူး၊ ကျမတို့ ပြောတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒီကိစ္စက အထက်ကလည်း ရှင်းပြီးသားဖြစ်တယ်၊ ထပ်ပြောစရာ မရှိတော့ပါဘူး”ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA တပ်ဖွဲ့က ထိန်းချုပ်ထားနိုင်သည့် ကွတ်ခိုင်မြို့ပေါ်တွင် လက်နက်ကိုင်မျိုးစုံမှ ယူနီဖောင်းဝတ်ဆင်ပြီး သွားလာလှုပ်ရှားနေခြင်းသည် လူထုကို စိုးရိမ်စေပြီး အန္တရာယ်ကို ဖိတ်ခေါ်စေခြင်းကြောင့် တားမြစ်ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက KNG သတင်းဌာနကို ဖြေကြားထားသည်။

မတ်လ ဒုတိယပတ်အတွင်းကလည်း မန်တုံနှင့် နမ့်ခမ်းမြို့နယ်အကြားရှိ ကချင်လွတ်လပ်ရေး KIA ၏ စစ်ဆေးရေးဂိတ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာတပ်စခန်းမှ TNLA တပ်ဖွဲ့ထံ ဇန်နဝါရီလ ၇ ရက်တွင် လက်နက်ချခဲ့ပြီးနောက် ကွတ်ခိုင်မြို့ပေါ်ကို TNLA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

ကွတ်ခိုင်မြို့နယ်အတွင်း နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ-၁၂၃ တပ်စခန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်နေစဉ် တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားသော်လည်း ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သော အဖွဲ့ဝင် အချင်းချင်းအကြား စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ တွေ့မြင်လာရကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...