မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် KIA ‘အင်မတန်မိုက်မဲ’ ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝေဖန်

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် KIA တို့ အနေဖြင့် ‘အင်မတန် မိုက်မဲသည့် လုပ်ရပ်” များ ပြုလုပ်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ယမန်နေ့ (မတ်လ ၂၇ ရက်) တွင် နေပြည်တော်၌ ကျင်းပသည့် စစ်တပ်၏ တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ရည်ညွှန်း ပြောဆိုလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် ပြည်ပ လက်ဝေခံ အဖွဲ့အစည်းအချို့၏ လုပ်ရပ်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် မဟုတ်ဘဲ ၎င်းတို့ အဖွဲ့အစည်း အကျိုးအတွက်သာ ရှေးရှူလုပ်ဆောင်နေကြောင်း ၄င်းကဆိုသည်။

“ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင်လုပ်နေခြင်း ဖြစ်တယ်ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေခံလျက်ရှိတယ်။ ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးတာပဲ ခံစားရတဲ့အတွက် အင်မတန်မိုက်မဲတဲ့ လုပ်ရပ်လို့ ပြောလိုတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

အဆိုပါ မိန့်ခွန်းတွင် သျှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည် နှင့် ရခိုင် ပြည် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ဦးဆောင်အဖွဲ့များကို ရည်ညွှန်းသော်လည်း စစ်ပွဲများကို ဦးဆောင် တိုက်ခိုက်နေသည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် KIA အဖွဲ့အစည်း အမည်များကို တိုက်ရိုက် ထည့်သွင်း ပြောဆိုခြင်း မပြုသည်ကို တွေ့ရသည်။

သို့သော် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၊ CRPH ၊ PDF နှင့် NLD ပါတီအား အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲထားပြီး ပြည်တွင်း ပြည်ပ အနေဖြင့် ထောက်ခံ ပံ့ပိုးခြင်း မပြုရန် သတိပေးထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နှင့် ပတ်သက်၍ အပစ်ရပ်စာချုပ် အတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်း ပြောဆိုသော်လည်း စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အများစု စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည့် ကိစ္စကိုမူ ထည့်သွင်းပြောဆိုခြင်း မပြုပေ။

ထို့အပြင် နိုင်ငံတဝှမ်း ပရမ်းပတာ ဖြစ်စေသည့် “ပြည်သူ့စစ်မှုထမ်း ဥပဒေ” နှင့် စစ်မှုထမ်းဟောင်းများ စစ်ထဲပြန်ခေါ်သည့် “အရန်တပ်ဖွဲ့ ဥပဒေ’ နှင့် ပတ်သက်၍ “ဒီဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်တာကြောင့် ကာကွယ်ရေးအင်အားကို အထိုက်အလျောက် မြင့်တက်လာစေမှာ ဖြစ်ပြီး အဲဒီကမှ တစ်ဆင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့်MNDAA၊ AA နှင့် TNLA တို့၏ သျှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အတွင်း ကိုးကန့်ဒေသအပါအဝင် မြို့များ၊ ရာနှင့်ချီသည့် စစ်စခန်းများ သိမ်းပိုက်ခဲ့သည်။

လက်ရှိ ရက္ခိုင့်တပ်တော် AA အနေဖြင့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အမ်းတို့ကို ဆက်လက် တိုက်ခိုက်နေသည်။

ထို့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA သည် ကချင်ပြည်နယ် အတွင်း ပြီးခဲ့သည့် ရက်အနည်းငယ်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားကာ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်က စတင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားတွင် ယခင်နှစ်များစွာကဲ့သို့ မဟာဗျူဟာမြောက် လက်နက်ကြီးများ၊ ယန္တယားများ၊ အထူးတပ်များ ထည့်သွင်း ခင်းကျင်းခြင်း မရှိဘဲ အမျိုးသမီး စစ်သည် အများစုကို လမ်းလျှောက် စစ်ရေးပြစေခဲ့သည် ဖြစ်ရာ စစ်တပ်၏ အင်အားချိနဲ့မှုကို မီးမောင်းထိုးပြနေသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...