ကျောက်မဲမြို့ လျှပ်စစ်မီး ဝါယာရှောခ့်ကြောင့် နေအိမ်တန်းလျား ၂ လုံး မီးလောင်ဆုံးရှုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် လျှပ်စစ်မီး ဝါယာရှောခ့်ကြောင့် နေအိမ်တန်းလျား ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) နေ့လည် ၂ နာရီကျော်တွင် ကျောက်မဲမြို့၊ ရပ်ကွက်(၂) မန်နား ရှိ စစ်ဘေးရှောင် မိသားစုများ ငှားရမ်းနေထိုင်သည့် နေအိမ်တန်းလျားနှင့် အဝတ်အထည်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်များ ဖွင့်လှစ်ထားသည့် နေအိမ်တန်းလျား ၂ လုံးတို့ လျှပ်စစ်မီးဝါယာရှော့ခ်ကြောင့် မီးလောင်ပျက်စီးသွားကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မီးလောင်တဲ့အိမ်က အငှားချထားတဲ့ အိမ်တန်းလျားကို လောင်တာ။ ခုက စစ်ဘေးရှောင်တွေ မိသားစု ၄/၅ စုလောက် လာငှားနေတာလို့ ပြောတယ်။ ဘေးနားက ဝပ်ရှော့ဆိုင်နဲ့ အထည်ဆိုင်လည်း မီးဟပ်ပြီးတော့ အရောင်းပစ္စည်းတွေ မီးလောင်သွားတယ်။ ရေချောင်းနဲ့လည်း နီးတော့ လူအင်အားနဲ့ ဝိုင်းပြီး ငြိမ်းလိုက်နိုင်တယ်”ဟု မီးငြိမ်းသတ်ပေးခဲ့သည့် ကျောက်မဲမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ ရပ်ကွက်(၂) တွင် စစ်ဘေးရှောင်များကို အငှားချထားပြီး မီးလောင်ပျက်စီးခဲ့သည့် အိမ်တန်းလျားမှာ အုတ်ညှပ်ထရံ နှစ်ထပ်အိမ်ဖြစ်ပြီး မီးစွဲလောင်နေစဉ် မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

ထို့အပြင် ၎င်းအိမ်တန်းလျားနှင့် ကပ်လျက်ရှိ အခြားနေအိမ်တစ်လုံးမှာ ပြတင်းပေါက် မီးစွဲလောင်ကျွမ်းပြီး အထည်ဆိုင်၊ ဆံသဆိုင်နှင့် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်ထားသော အိမ်တန်းလျားကိုလည်း မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းကြောင့် အရောင်းပစ္စည်းများ မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“ထမင်းဟင်းချက်ရင်း ဝါယာရှောခ့်ဖြစ်ပြီး မီးလောင်တာလို့ ပြောကြတယ်။ တချို့ပြောတာလည်း နေ့ခင်း ဖယောင်းတိုင်မီး ထွန်းလို့ လောင်တာလည်း ပြောကြတယ်။ အခုကတော့ နွေရောက်ပြီဆိုတော့ ရေခမ်းလာတာရှိတယ်။ ကလေးတွေလည်း မီးနဲ့ နီးတဲ့နေရာ ပေးမဆော့နဲ့လို့ ပြောချင်တယ်”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ရှိ မီးလောင်သွားသည့် အိမ်တန်းလျားတွင် ငှားရမ်းနေထိုင်သည့် စစ်ဘေးရှောင်များလည်း လက်ရှိတွင် ဆွေမျိုးများထံ ပြန်လည်ပြောင်းရွှေ့နေရပြီး နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ မတ်လ မှ စတင်ပြီး သျှမ်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဆိုလာအားသွင်းပစ္စည်းများ အပူချိန်လွန်ကဲ၍ ပေါက်ကွဲခြင်းများကြောင့် လဲချားမြို့နယ်တွင် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး ကွတ်ခိုင်မြို့နယ်တွင် ပြည်သူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

သျှမ်းတပ် ၂ တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ကလည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တောမီးရှို့မှုများ ပိတ်ပင်တားမြစ်သည့် အမိန့်စာကို ဖေဖော်ဝါရီ လလယ်မှ စတင်၍ အသီးသီး ထုတ်ပြန်လာခဲ့သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

PNLO #ပအိုဝ်းအမျိုးသားနေ့

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

မယ်ဟောင်ဆောင်တွင် ပြုတ်ပြီးကြက်ဥများ ပန်းရောင်ပြောင်းလဲမှု ဖြစ်ပွား၊ အာဏာပိုင်များ အရေးပေါ် ကွင်းဆင်းစစ်ဆေး

0
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရီယန်းဒေသ (Mae Sariang) အတွင်းရှိ ကျေးရွာတစ်ရွာ၌ ဒေသခံပြည်သူတစ်ဦး ဝယ်ယူချက်ပြုတ်ခဲ့သည့် ကြက်ဥများအား ပြုတ်ပြီးနောက် ကြက်ဥအကာများသည် ပန်းရောင်ရဲရဲ (Reddish-Pink) နှင့် ကြက်ဉအနှစ်သည် လိမ္မော်ရင့်ရောင် ပြောင်းလဲသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ထိုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်နိုင်သည့် အန္တရာယ်ရှိ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...