တာချီလိတ်ရွှေတိဂုံစေတီ‌ ပျောက်ဆုံးနေသည့် စိန်ဖူးတော်ကို ဗျူဟာမှူး လာရောက်စစ်ဆေးပြီးနောက် ပြန်တွေ့ဟုဆို

သျှမ်းပြည် တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မှ ပျောက်ဆုံးနေသည့် စိန်ဖူးတော်ကို ဗျူဟာမှူး လာရောက်စစ်ဆေးပြီးနောက် ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် ငြမ်းဆင်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် မတ်လ ၁၄ ရက်တွင် စိန်ဖူးတော်အား ဖြုတ်ယူပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်သို့ ပင့်ဆောင်ခဲ့ချိန်တွင်မှ စိန်နှင့် ကျောက်မျက်ရတနာများ ပျောက်ဆုံးနေကြောင်း တာချီလိတ်မြို့ ဒေသခံများက ပြောသည်။

“စိန်ဖူးတော် ဖြုတ်လာတော့ စိန်က‌ အပေါ်မှာ မရှိတော့ဘူး၊ ပျောက်တယ်လို့ ပြောရမှာပေါ့။ မနေ့က နေ့လယ် ၁၂ နာရီမှာ ထီးတော်ချမယ်ဆိုတော့ ဂေါပကအဖွဲ့တွေက ဘုရားရင်ပြင်ပေါ် တက်သွားတာ။ အလှူခံဌာနထဲမှာ ဖြုတ်လာတဲ့ စိန်ဖူးတော်ကို ဖွင့်ပြတော့ ထိပ်က စိန်တုံး မရှိတော့ဘူး။ မနေ့ည ၁၀ နာရီအထိ မတွေ့သေးဘူး”ဟု တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မှ ဂေါပကအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီ၏ စိန်ဖူးတော်ရှိ ပျောက်ဆုံးသွားသည့် စိန်တုံးမှာ အလေးချိန် (၈)ကာရက် ထက်မနည်းရှိပြီး ထီးတော် ငှက်ပျောဖူးနှင့် ငှက်မျက်နှားတော်ရှိ ကျောက်မျက်ရတနာအချို့လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

“ဒီမနက် ၉ နာရီကျတော့ ဗျူဟာမှူးလာကြည့်ပြီး အပေါ်တက်ခိုင်းတာ။ အပေါ်က ရွှေမှိုက်တွေကို ကျုံးလာပြီးတော့ နေ့လယ် ၁၂ နာရီခွဲမှာ ပန်းတိမ်ဆရာတွေ လာကြည့်သေးတယ်။ အဲ့ရွှေမှိုက်ထဲ ရှာကြည့်တော့ ပြန်တွေ့တယ် ပြောတယ်။ တစ်ညလုံး ပျောက်သွားတာဆိုတော့ အစစ် ဟုတ်မဟုတ် ပြန်စစ်ဆေးကြည့်ရဦးမှာ”ဟု တာချီလိတ်မြို့ ရွှေတိဂုံစေတီမှ ၎င်းဂေါပကအဖွဲ့ဝင်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် စိန်ဖူးတော်ကို ဖြုတ်ယူပေးခဲ့သည့် တာချီလိတ် ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စအဖွဲ့မှ ဦးဝင်းနိုင်နှင့် ရွှေသင်္ကန်း ကပ်လှူရေး လုပ်ကိုင်ခွင့်ရရှိထားသည့် စွယ်တော်ဦးကုမ္ပဏီမှ ငြမ်းဆင်အလုပ်သမား (၆)ဦးထက်မနည်းကို တာချီလိတ် မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးထားကြောင်း တာချီလိတ်မြို့ ဒေသခံများထံမှ သိရသည်။

တာချီလိတ်မြို့တွင် တည်ထားသည့် ရွှေတိဂုံပုံတူစေတီသည် ဉာဏ်တော်အမြင့် ၁၀၈ ပေခန့် ရှိပြီး စတုတ္ထအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် သျှမ်းပြည်နယ်ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် တင်ဒါခေါ်ယူခဲ့ကာ စွယ်တော်ဦးကုမ္ပဏီမှ ကျပ်သိန်းပေါင်း ၆၀၄၅ သိန်းဖြင့် လုပ်ငန်းအောင်မြင်ခဲ့သည်။

၎င်းနောက်တွင် စွယ်တော်ဦး ကုမ္ပဏီမှ ‌ရွှေသင်္ကန်း ကပ်လှူနိုင်ရန် ဖေ‌ဖော်ဝါရီလ နောက်ဆုံးပတ်တွင် ငြမ်းဆင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း တာချီလိတ် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...