Wednesday, January 28, 2026

၂ ရက်အတွင်း ယဉ်တိမ်းမှောက်ကာ ၉ ဦးသေ၊ ၆ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ၂ ရက် အတွင်း ယဉ်တိမ်းမှောက်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် မတ်လ ၅ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ရွာငံ – မန္တလေး ပြည်ထောင်စု လမ်းမကြီးရှိ၊ မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး ချောက်ထဲကျသွားပြီး အမျိုးသား ၂ဦး၊အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပြီး ကလေး ၁ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ထိုသေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားက ပေ ၈၀ လောက်မြင့်တဲ့ တောင်ပေါ် ကနေပြုတ်ကျသွားတာ။၇ ယောက်ပါတာကို ၆ ယောက်ဆုံးပြီး။ ကလေး၁ယောက်ပဲ လွတ်တယ်။သူ့ကို‌တော့ ဆေးရုံမှာပို့ထားတာပေါ့။ဖြစ်တဲ့နေရာက မြို့ကြီးရွာနဲ့ စခန်းကြီးရွာကြားမှာဖြစ်သွားတာ။”ဟု ၎င်းက ပြောသည်။

ထိုအပြင် ယမန်နေ့ မတ်လ ၆ ရက် ည ၇ နာရီဝန်းကျင်တွင်လည်း တောင်ကြီး ၄ မိုင် ဂိတ်အနီးတွင် ဝက်များ တင်ဆောင်လာသော ကား လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်ခဲ့ပြီးအမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးအပြင်ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ဆန်မြို့ မြေပြိုမှုဖြစ် ကလေးငယ် နှင့် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နေအိမ်ပေါ် မြေပြိုကျပြီး ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ( ဇွန်လ ၂၆ ရက်) မနက် ၃ နာရီဝန်းကျင် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရပ်ကွက် (၈) ရှိ နေအိမ်တစ်ခုပေါ်သို့...

ဟိုပုံး တောင်ပြိုမှုကြား သေဆုံးအလောင်း နှစ်လောင်း တစ်ပတ်ကျော်ကြာမှ ထုတ်နိုင်ခဲ့

0
သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်ပြိုကြောင့် သေဆုံးသွားသော မြေအဖွား နှစ်ဦး အလောင်းကို တစ်ပတ်ကျော်ကြာမှ ပြန်သယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ဗန်းစောက်ရွာတွင် တောင်ပြိုမှု ဖြစ်ပွားကာ  မြေးအဖွား ၂...

လွိုင်လင် နှင့် မိုင်းပွန်ကြား ရေကြီး မြေပြိုမှုတွင် သေဆုံးမှုများရှိနေ

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် ‌ရေကြီး မြေပြိုမှုများ ဖြစ်ပွားကာ အမျိုးသားနှစ်ဦး သေဆုံးနေ ကားများစွာ ပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လွိုင်လင် နှင့် မိုင်းပွန် ကြားရှိ...

နိုဝင်ဘာလအတွင်း သျှမ်းပြည် ယာဥ်တိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံးမှုရှိနေ

0
သျှမ်းပြည် နိုဝင်ဘာလ အတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးနေကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလအတွင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုခင်းသည် တာချီလိတ်မြို့တွင် အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှု ၁၁ ကြိမ်နှင့် သေဆုံးသူ ၃ ဦးရှိသည့်အပြင် ခြေ၊ လက် ကျိုး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း...