Wednesday, January 28, 2026

နိုဝင်ဘာလအတွင်း သျှမ်းပြည် ယာဥ်တိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံးမှုရှိနေ

သျှမ်းပြည် နိုဝင်ဘာလ အတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးနေကြောင်း သတင်းရရှိသည်။

ယာဥ်တိုက်မှုဖြစ်ပွား

နိုဝင်ဘာလအတွင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုခင်းသည် တာချီလိတ်မြို့တွင် အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှု ၁၁ ကြိမ်နှင့် သေဆုံးသူ ၃ ဦးရှိသည့်အပြင် ခြေ၊ လက် ကျိုး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သျှမ်းရှေ့ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ထံမှ သိရသည်။

“ ယာဉ်တိမ်းမှောက်၊ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်ပါတယ်။ တာချီလိတ်မြို့ ပတ်ဝန်းကျင်မှာ တစ်လကို အနည်းဆုံး ၃ ယောက် သေပါတယ်။ ယာဉ်တိုက်ပြီး ခြေ၊ လက် ကျိုးသွားတဲ့သူတွေလည်း ရှိပါတယ် “ ဟု ၎င်း ယာဉ်ထိန်းရဲတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် တာချီလိတ်မြို့မှာ အမျိုးသား ၃ ဦး၊ သိန္နီမြို့တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ သီပေါမြို့တွင် အမျိုးသား ၂ ဦး၊ အောင်ပန်းမြို့တွင် အမျိုးသား ၁ ဦးနှင့် တန့်ယန်းမြို့တွင် အမျိုးသား ၁ ဦး စသည့်ဖြင့် သေဆုံးမှု များကြောင်း သိရသည်။

“ တာချီလိတ်မှာတော့ ယာဉ်ထိန်းရဲ နေ့တိုင်းစောင့်တယ်။ ဦးထုပ်မဆောင်း၊ ဆိုင်ကယ် နံပါတ်ပြား မတပ်ရင် ဒဏ်ငွေရိုက်တယ်။ ဆိုင်ကယ် နံပါတ်ပြားမပါရင် တစ်ယောက်ကို ငါးသောင်းပေးရတယ် “ ဟု တာချီလိတ်ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မတော်တဆ ယာဉ်တိုက်မှု မဖြစ်ပွားခင်မှာ ကြိုတင်ကာကွယ်ရန် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ မေးကြိုးတပ်ဆင်ခြင်းနှင့် ကားမောင်းနှင်သူများလည်း ယာဥ်မောင်းစဉ်အတောအတွင်းမှာ အိပ်ငိုက်ပါက ကားကိုလမ်းဘေးထိုးရပ်၍ ခေတ္တအနားယူပြီးမှသာ ဆက်မောင်းသင့်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...