Monday, April 29, 2024

ပြည်သူ့စစ်သင်တန်းကျောင်းများ အဆင်သင့်ဖြစ်ပြီဟု စစ်ကောင်စီပြော

Must read

ပြည်သူ့စစ်သင်တန်းများစဉ်ဆက် မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျားထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မတ်လ ၄ ရက်) တွင် နေပြည်တောင်၌ ကျင်းပပြုလုပ်သွားခဲ့သည့် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂)အတွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းက “ပထမအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက်အနက် ၅ ချက်ကို ဆောင်ရွက်ပြီးခဲ့ပြီး ဖြစ်ကြောင်း၊ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၃ ခုမှာ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် အချက်များဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲရေးနှင့် စံပြုလုပ်ထုံး လုပ်နည်း (Standard Operatin Procedure-SOP) ပြုစုရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆောက်ရွက်မှု များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ နည်းဥပဒေရေးဆွဲရေး အစည်းအဝေးကိုလည်း အဖွဲ့ဝင် (၁၅) ဦးဖြင့် အစည်းအဝေး (၂) ကြိမ်ပြုလုပ်ခဲ့ပြီး နည်းဥပဒေ (တတိယမူကြမ်း) ကို ရေးဆွဲခဲ့ပြီဖြစ်ကြောင်း ပြောဆို ထားသည်။

အလားတူ မြို့နယ်ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများတွင်လည်း ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး သင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင့်ကြား ပေးနိုင်မည့် သင်တန်းများကို လျာထားစီစဉ်ဆောက်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား မဖြစ်စေရန်နှင့် သတင်းမှန်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက်လည်း တိုင်းနှင့်ပြည်နယ် အသီးသီးမှာ လက်ကမ်းစာစောင် (၁) သိန်း အခမဲ့ဖြန့်ဝေနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article