Tuesday, January 27, 2026

ကရင်နီပြည်သူများ နေရပ်ပြန် ပစ္စည်းယူလိုပါက KSP ထံ ထောက်ခံစာယူရန်လိုအပ်

သျှမ်းပြည်သို့ စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ ပစ္စည်းပြန်ယူလိုပါက ကရင်နီပြည်ရဲဌာန KSP ထံထောက်ခံချက်တောင်းရန် လိုအပ်ကြောင်း စုံစမ်းသိရသည်။

လွိုင်ကော်စစ်ရှောင်

သျှမ်းပြည်သို့ “၁၁.၁၁” စစ်ဆင်ရေးကြောင့် စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ နေ့ရပ်သို့ ပစ္စည်းများပြန်ယူခြင်း၊စားနပ်ရိက္ခာ ပြန်သယ်ဆောင်သောလူများကို ကရင်နီပြည်ရဲဌာန KSPထံ ထောက်ချက် ယူရန်လိုအပ်ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးဗညားခွန်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုယ်အိမ်က တချို့ ပစ္စည်‌တွေယူချင်တယ် ပြန်ကြည့်ချင်တယ်ဆိုရင်၊ကျ‌နော်တို့ သတ်မှတ်တဲ့ ရပ်ကွက် တွေမှာ အချက်အလက်တွေ လိုအပ်တဲ့ အစီမံအတိုင်း လိုက်နာပြီး အဝင်အထွက်သွားလာ လို့ရပါတယ်။ ထောက်ခံချက်ဆိုတာထက်စာရင် စီစစ်ပေးတာပေါ့။”ဟု ၎င်းကပြောသည်။

ထိုသို့စီမံထားသည့်အတိုင်း လိုက်နာရန်အကြုံပြုပြီး ကရင်နီပြည်ရဲဌာန KSPထံ ထောက်ခံချက်၊ ထောက်ခံစာများမပါလျှင် ပစ္စည်းများကို ထုတ်ခွင့်ပြုမည်မဟုတ်ကြောင်း ဦးဗညားခွန်အောင် က ပြောသည်။

“အဓိကတော့ ပြန်လာချင် ပြန်လာကြည့်လို့ရတယ်။ တချို့ကိုယ်ပိုင်ပစ္စည်းတွေကို သယ်ထုတ်လို့ ရတယ်။ အဲ့ဒါတွေကို လာပြီးမေးမြန်းပြီးတော့မှ လိုအပ်တဲ့ ထောက်ခံစာတွေကို ယူသွားစေချင်ပါတယ်။ ဒါက လုံခြုံရေးအရလည်း အရမ်းအရေးကြီးလို့ပါ အဲ့တာကို သတိပေးချင်ပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ထို ကရင်နီပြည်ရဲဌာန KSP ထံထောက်ခံချက်၊ထောက်ခံစားများရရှိရန် လွိုင်ကော်မြို့ပေါ်ရှိ သတ်မှတ် ထားသော ရပ်ကွက်၊ရုံးတို့တွင် လာပြောဆိုပြီး လိုအပ်သောအထောက်အထားများကို ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“၁၁.၁၁ စစ်ဆင်ရေး” ကြောင့် လွိုင်ကော်မြို့ ပြည်သူအများ နီးစပ်ရာသျှမ်းပြည်ကို တိမ်းရှောင်နေကြပြီး ယခုရက်တွင် နေရပ်ပြန်၍ ပစ္စည်းခြင်း၊ စားနပ်ရိက္ခာပြန်ယူခြင်းများရှိနေပြီး နေအိမ်များတွင်လည်း ပြန်လည်နေထိုင်ခြင်း မပြုကြရန် သတိပေးထားကြောင်းသိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...