ကရင်နီပြည်သူများ နေရပ်ပြန် ပစ္စည်းယူလိုပါက KSP ထံ ထောက်ခံစာယူရန်လိုအပ်

သျှမ်းပြည်သို့ စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ ပစ္စည်းပြန်ယူလိုပါက ကရင်နီပြည်ရဲဌာန KSP ထံထောက်ခံချက်တောင်းရန် လိုအပ်ကြောင်း စုံစမ်းသိရသည်။

လွိုင်ကော်စစ်ရှောင်

သျှမ်းပြည်သို့ “၁၁.၁၁” စစ်ဆင်ရေးကြောင့် စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ နေ့ရပ်သို့ ပစ္စည်းများပြန်ယူခြင်း၊စားနပ်ရိက္ခာ ပြန်သယ်ဆောင်သောလူများကို ကရင်နီပြည်ရဲဌာန KSPထံ ထောက်ချက် ယူရန်လိုအပ်ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးဗညားခွန်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုယ်အိမ်က တချို့ ပစ္စည်‌တွေယူချင်တယ် ပြန်ကြည့်ချင်တယ်ဆိုရင်၊ကျ‌နော်တို့ သတ်မှတ်တဲ့ ရပ်ကွက် တွေမှာ အချက်အလက်တွေ လိုအပ်တဲ့ အစီမံအတိုင်း လိုက်နာပြီး အဝင်အထွက်သွားလာ လို့ရပါတယ်။ ထောက်ခံချက်ဆိုတာထက်စာရင် စီစစ်ပေးတာပေါ့။”ဟု ၎င်းကပြောသည်။

ထိုသို့စီမံထားသည့်အတိုင်း လိုက်နာရန်အကြုံပြုပြီး ကရင်နီပြည်ရဲဌာန KSPထံ ထောက်ခံချက်၊ ထောက်ခံစာများမပါလျှင် ပစ္စည်းများကို ထုတ်ခွင့်ပြုမည်မဟုတ်ကြောင်း ဦးဗညားခွန်အောင် က ပြောသည်။

“အဓိကတော့ ပြန်လာချင် ပြန်လာကြည့်လို့ရတယ်။ တချို့ကိုယ်ပိုင်ပစ္စည်းတွေကို သယ်ထုတ်လို့ ရတယ်။ အဲ့ဒါတွေကို လာပြီးမေးမြန်းပြီးတော့မှ လိုအပ်တဲ့ ထောက်ခံစာတွေကို ယူသွားစေချင်ပါတယ်။ ဒါက လုံခြုံရေးအရလည်း အရမ်းအရေးကြီးလို့ပါ အဲ့တာကို သတိပေးချင်ပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ထို ကရင်နီပြည်ရဲဌာန KSP ထံထောက်ခံချက်၊ထောက်ခံစားများရရှိရန် လွိုင်ကော်မြို့ပေါ်ရှိ သတ်မှတ် ထားသော ရပ်ကွက်၊ရုံးတို့တွင် လာပြောဆိုပြီး လိုအပ်သောအထောက်အထားများကို ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“၁၁.၁၁ စစ်ဆင်ရေး” ကြောင့် လွိုင်ကော်မြို့ ပြည်သူအများ နီးစပ်ရာသျှမ်းပြည်ကို တိမ်းရှောင်နေကြပြီး ယခုရက်တွင် နေရပ်ပြန်၍ ပစ္စည်းခြင်း၊ စားနပ်ရိက္ခာပြန်ယူခြင်းများရှိနေပြီး နေအိမ်များတွင်လည်း ပြန်လည်နေထိုင်ခြင်း မပြုကြရန် သတိပေးထားကြောင်းသိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...