Sunday, May 5, 2024

လမ်းမြေညှိယာဉ်တစ်စီး ချောက်ထဲကျ အမျိုးသားတစ်ဦးသေဆုံး

Must read

သျှမ်းပြည် တာချီလိတ်မြို့တွင် လမ်းမြေညှိယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲကျပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သျှမ်းပြည် တာချီလိတ်မြို့ အဝင် ဖားဟိရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်) ည ၅ နာရီခွဲကျော်၌ လမ်းမြေညှိယာဉ် တစ်စီး အရှိန်လွန်၍ ချောက်ထဲကျကာ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဉ်က အဲ့ကားက တောင်အဆင်းကနေ အရှိန်လွန်ပြီးဆင်းလာတာ အဲ့ကားမှာ အမိုးမပါဘူးလေ ကျောက်ရဲ့အောက်မှာရောက်တော့ ခုန်ချကြတာ တစ်ယောက်က ခြေထောက်ဒဏ်ရာရပြီး၊ နောက်တစ်ယောက်ကတော့ တော်တော်အခြေနေဆိုးတာပေါ့ မျက်နှာဒဏ်ရာရသွားတာ။မောင်းတဲ့လူက ခေါင်းထိပြီး သေသွားတာပေါ့။” ဟု ၎င်းက ပြောသည်။

ထိုသေဆုံးသွားသော အမျိုးသားတစ်သည် အသက် ၃၅ အရွယ် ၊ ကိုကျော်လင်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက် တွင်လည်း တာချီလိတ်မြို့ တံတား အမှတ် ၂ မြို့ရှောင်လမ်း အသစ်ပေါ်၌ ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ အမျိုးသားတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာပြင်ထန်ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article