အာဏာသိမ်းပြီး နောက်ပိုင်း ဖဲကြိုးဖြူ လှုပ်ရှားမှုများကို ပေါ်တင်လှုပ်ရှားလို့ မရ

နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာ (၂၅) ရက်နေ့မှာ စတင်ပြုလုပ်လေ့ရှိသော (၁၆)ရက်တာ လှုပ်ရှားမှု လုပ်ငန်းစဉ်များကို အာဏာသိမ်းပြီး နောက်ပိုင်းတွင် လျှို့ဝှက်၊ တိုးတိတ်စွာသာ ‌လုပ်ဆောင်နေရကြောင်း သျှမ်းတောင် ဒေသတွင်း အမျိုးသမီး အဖွဲ့အစည်း တစ်ဦးမှ ပြောသည်။

ဖဲကြိုးဖြူနေ့

အဆိုပါ ၁၆ ရက်တာ လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်းတွင် (၁၉၉၁) ခုနှစ်မှ စတင်ကာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများကို ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး အခမ်းအနားများ၊ လူထုလှုပ်ရှားမှုများကို နိုဝင်ဘာ (၂၅) ရက် မှ ဒီဇင်ဘာ (၁၀) ရက်နေ့ အထိ ကျင်းပလေ့ရှိကြပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေး‌နေ့ နှင့် လူ့အခွင့်အရေး‌နေ့ကဲ့သို့ နေ့ထူးနေ့မြတ်များစွာကို ထို(၁၆)ရက်တာ ကာလအတွင်း ပါဝင်သည်။

“အရင်တုန်းကဆို အဖွဲ့အစည်းတွေကနေ လူထုလှုပ်ရှားမှုတွေ အများကြီး ဒေသအနှံ့ ပြုလုပ်နိုင်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လူမြင်ကွင်းမှာ ဘာမှလုပ်လို့ မရတော့ဘူး။ အခုဆို (၁၆) ရက်တာ လှုပ်ရှားမှုတွေ လုပ်နေတာမြင်ရင် အဖမ်းခံရမှာစိုးလို့ အစစအရာရာ သတိထား လုပ်ဆောင်နေရတယ်။ တချို့ တိုးတိုးတိတ်တိတ် လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေသေးသလို တချို့ကျတော့လည်း လုံးဝ လုပ်လို့မရတော့ဘူး” ဟု တက်ကြွ လှုပ်ရှားသူ အမျိုးသမီးမှ ပြောသည်။

မြန်မာနိုင်ငံတွင်လည်း (၂၀၁၂) ခုနှစ်မှ စတင်ကာ (၁၆) ရက်တာ လှုပ်ရှားမှုကို ဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် အတူတကွ ယှဉ်တွဲ လုပ်ဆောင်လေ့ရှိကြပြီး ထိုအကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန် အသိပညာပေးများ ပေးခြင်း၊ ဟောပြောပွဲများ၊ သီချင်းဆိုပွဲများနှင့် သံချပ်ပြိုင်ပွဲများကို မီဒီယာမှတစ်ဆင့်သော်လည်းကောင်း၊ လူထုလှုပ်ရှားမှုဖြင့် သော်လည်းကောင်း ပြုလုပ်လေ့ ရှိခဲ့ကြသည်။

“အရင်တုန်းက ဒီလိုနေ့တွေမှာ ဖဲကြိုးဖြူလေးတွေ တပ်ဆင်ပြီး ဆင်နွှဲကြတယ်။ ဖဲကြိုးဖြူ တပ်ဆင်ရတဲ့ အကြောင်းက အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး၊ အကြမ်းဖက်မှုတွေကိုလည်း တားဆီး ကာကွယ်ပေးပါ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖြစ်ပါတယ်။ အခုနေ့များတော့ ဖဲကြိုးဖြူ တပ်သွားရင် လုံးဝ မေးမြန်းခံရ၊ အဖမ်းခံရမှာပဲပေါ့။ အကြမ်းဖက်တဲ့သူတွေက သူတို့ ကိုယ်တိုင်ဖြစ်နေတော့လေ” ဟုလည်း ၎င်းမှ ဆက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ယခင်ကထက် ပိုမိုတွေ့ကြုံလာရပြီး တရားဥပဒေ စိုးမိုးခြင်းလည်း မရှိသည့်အတွက် အမျိုးသမီးများအနေဖြင့် တရားမျှတမှုရရှိရန် ခက်ခဲနေသလို စစ်‌ကောင်စီမှ အမျိုးသမီးများအ‌ ေပါ်အကြမ်းဖက် မှုများကို တားဆီးကာကွယ်ခြင်း မရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ခြင်းကို ခံစားရသော အမျိုးသမီးများစွာ ရှိကြောင်းကိုလည်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...