တရုတ်- မြန်မာနယ်စပ်တလျှောက် စစ်ရေးလေ့ကျင့်မှု ကျည်အစစ်ဖြင့် ပြုလုပ်မည်ဟု တရုတ်ဘက်မှ ဆို။

တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်နှင့် ပစ်ခတ်မည့် စစ်ရေး လေ့ကျင့်ခန်းများကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း တရုတ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထုတ်ဖော်ပြောကြားကြောင်း ဆင်ဟွာသတင်းဌာနမှ သိရှိရသည်။

တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကြည်းတပ်အနေဖြင့် နှစ်စဉ်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အရ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသော နယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မည့် အစီအစဉ်များပါဝင်သော စစ်ရေးလေ့ ကျင့်ခန်းကို နိုဝင်ဘာလ၂၅ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်းသည်။

လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်‌တည်ငြိမ်ရေး နှင့် တောင်ပိုင်းစစ်ဌာနချုပ်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုစွမ်းရည်မြှင့်တင်ရေး တို့အတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်တောင်ပိုင်းစစ်ဌာနချုပ် သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ဖော်ပြောဆို သည်။

တရုတ်-မြန်မာနယ်စပ် တရုတ် စစ်ရေးလေ့ကျင့်

“နိုဝင်ဘာ၂၃ရက်က နယ်စပ်မှာ ကုန်ကားအစီးရေ တစ်ရာကျော် မီးလောင်ပျက်စီးပြီး သူတို့ဘက်က ဒီလို ထလုပ်တာ ၊ရှမ်းမြောက်မှာ ရောက်နေတဲ့ တရုတ်လူမျိုးတွေအကုန်လုံး လည်း အမြန်ဆုံးရှောင်ကြဖို့ တရုတ်မီဒီယာတွေကနေ နှိုးဆော်နေကြတယ် အချိန်ကိုက်လုပ်ကြတာ တစ်ခုခုတော့ တစ်ခုခုဘဲ “ဟု မူဆယ်ဒေသခံတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

တရုတ်_မြန်မာ နယ်စပ် ရှမ်းပြည်မြောက်ပိုင်းတွင်စစ်‌ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်လာခဲ့ပြီး နောက် တရုတ်စစ်ဘက်က ရုတ်ချည်းဖြစ်ပေါ်လာမည့် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရန် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပြီး အသင့်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားကြောင်း သိရသည်။

ထို့ပြင် တရုတ်စစ်တပ်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နယ်စပ်တည် ငြိမ်ရေး၊ အချုပ်အခြာအာဏာပိုင်နက်များကို ကာကွယ်ရန်အတွက် အရေးပေါ် တုံ့ပြန်ရန် အမြဲတမ်းပြင်ဆင်နေကြောင်း ဆိုသည်။

တရုတ်စစ်တပ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို အချိန်မည်မျှကြာကြာ ပြု လုပ်မည်ဆိုသည်နှင့် အင်အားမည်မျှသုံးမည်ကို သတင်းထုတ်ပြန်ခြင်းမရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...