စစ်ရှောင်များ ဧည့်စာရင်း တိုင်ကြားရသည့်ကိစ္စ စိုးရိမ်မှုရှိနေ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် ဧည့်စာရင်းတိုင်ကြားရသည့် အတွက် စိုးရိမ်စိတ်များရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြော “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် တောင်ကြီးခရိုင်၊ မြို့အတွင်းသို့ ဝင်ရောက် ခိုလှုံလာသည့် စစ်ရှောင်များအတွက် ဧည့်စာရင်းများတိုင်ကြားရသဖြင့် စစ်ဘေးရှောင် ပြည်သူများ နှင့် ဒေသခံများက စိုးရိမ်နေကြသည်။

“တောင်ကြီးမှာတော့ တိုးတိုးတိတ်တိတ် နေ နေကြရတာ၊ သူတို့ လာရှုပ်မှာဆိုးလို့လေ။ လာနေတဲ့ လူတွေကလည်း ဧည့်စာရင်း မတိုင်ရဲဘူး။ အိမ်ထဲမှာပဲ နေကြတာပေါ့၊ သိပ်မထွက်ရဲကြဘူးပေါ့” ဟု တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ပန်းမြို့ နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့ တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များလည်း ဧည့်စာရင်းများတိုင်ခြင်း၊ ရွာသူကြီးကို အကြောင်းကြားခြင်းပြုလုပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ ဘယ်မှာပဲ တည်းတည်းပေါ့၊ ကျနော်တို့ အိမ်မှာလာနေလည်း တာဝန်ယူပြီး ဧည့်စာရင်းကို ကောက်ရတယ်။ ပြီးတော့ ဌာနဆိုင်ရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း တင်ရတာပဲလေ။ ဧည့်စာရင်းမတင်ပဲနဲ့ နေပိုင်ခွင့် မရှိဘူး။ ဒီမှာကတော့အဲ့လို ဧည့်စာရင်းမတိုင်ပဲနဲ့ နေပိုင်ခွင့်မရှိဘူးလေ” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၅ ရက်မှစပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး တောင်ကြီး၊ အောင်ပန်း ၊ညောင်ရွှေ၊ ၊ ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်လက်ခံခဲ့ ကြောင်း သိရသည်။

အောင်ပန်းမြို့အတွင်းသို့ ရောက်လာသည့် စစ်ဘေးရှောင်များမှာ စုစုပေါင်း ၅၀၀ ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...