Wednesday, January 28, 2026

စစ်ရှောင်များ ဧည့်စာရင်း တိုင်ကြားရသည့်ကိစ္စ စိုးရိမ်မှုရှိနေ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် ဧည့်စာရင်းတိုင်ကြားရသည့် အတွက် စိုးရိမ်စိတ်များရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြော “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် တောင်ကြီးခရိုင်၊ မြို့အတွင်းသို့ ဝင်ရောက် ခိုလှုံလာသည့် စစ်ရှောင်များအတွက် ဧည့်စာရင်းများတိုင်ကြားရသဖြင့် စစ်ဘေးရှောင် ပြည်သူများ နှင့် ဒေသခံများက စိုးရိမ်နေကြသည်။

“တောင်ကြီးမှာတော့ တိုးတိုးတိတ်တိတ် နေ နေကြရတာ၊ သူတို့ လာရှုပ်မှာဆိုးလို့လေ။ လာနေတဲ့ လူတွေကလည်း ဧည့်စာရင်း မတိုင်ရဲဘူး။ အိမ်ထဲမှာပဲ နေကြတာပေါ့၊ သိပ်မထွက်ရဲကြဘူးပေါ့” ဟု တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ပန်းမြို့ နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့ တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များလည်း ဧည့်စာရင်းများတိုင်ခြင်း၊ ရွာသူကြီးကို အကြောင်းကြားခြင်းပြုလုပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ ဘယ်မှာပဲ တည်းတည်းပေါ့၊ ကျနော်တို့ အိမ်မှာလာနေလည်း တာဝန်ယူပြီး ဧည့်စာရင်းကို ကောက်ရတယ်။ ပြီးတော့ ဌာနဆိုင်ရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း တင်ရတာပဲလေ။ ဧည့်စာရင်းမတင်ပဲနဲ့ နေပိုင်ခွင့် မရှိဘူး။ ဒီမှာကတော့အဲ့လို ဧည့်စာရင်းမတိုင်ပဲနဲ့ နေပိုင်ခွင့်မရှိဘူးလေ” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၅ ရက်မှစပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး တောင်ကြီး၊ အောင်ပန်း ၊ညောင်ရွှေ၊ ၊ ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်လက်ခံခဲ့ ကြောင်း သိရသည်။

အောင်ပန်းမြို့အတွင်းသို့ ရောက်လာသည့် စစ်ဘေးရှောင်များမှာ စုစုပေါင်း ၅၀၀ ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...