Saturday, July 13, 2024

“ဝ” ဒေသသို့ ရောက်လာကြသည့် စစ်ရှောင်ပြည်သူများကို “ဝ” ခေါင်းဆောင်တစ်ချို့ လာရောက်တွေ့ဆုံ

Must read

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင် တိုက်ပွဲများကြောင့် ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာမြို့များသို့ စစ်ဘေးရှောင် ခိုလှုံနေကြရာ ယခုရက်ပိုင်းအတွင်း “ဝ” ဒေသသို့ စစ်ရှောင်လာသူ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

“ဝ” ဒေသသို့ စစ်ဘေးရှောင် လာကြသူများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်ငံရေးရာဌာနမှ ဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်း ဦးဆောင်သည့် အဖွဲ့မှ နိုဝင်ဘာလ ၁၂ ရက်တွင် သွားရောက်တွေ့ဆုံပြီး လိုအပ်သည့်ကူညီမှုများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စစ်ရှောင်ပြည်သူများကို နှစ်သိမ့်အားပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – Credit ( ဝ ဒေသမှာ ရောက်ရှိနေတဲ့ စစ်ရှောင်များ)

“မနေ့က လာသွားတာပါ။ ‌စောင်တွေ ဝေပြီး ခနနေတော့ ရောက်လာတာ။ ရာသီဥတုက အေးလာပြီမို့ ကျန်းမာရေးဂရုစိုက်ကြဖို့ နဲ့ အကူညီပေးတဲ့ အဖွဲ့တွေဆီ လိုအပ်တာတွေ မှာသွားတာ တွေ့ရပါတယ်”ဟု စစ်ရှောင်တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း “ဝ” ဒေသသို့ ရောက်ရှိနေသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များအနက် မြေပြန့်သို့ပြန်ကြမည့် ရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်နှင့် ကုန်ကား ၁၂ စီးကို စားစရိတ် နှင့် တရုတ်ယွမ် ၁၀၀ စီ ထောက်ပံ့ပေးပြီး ကျိုင်းတုံမြို့မှတစ်ဆင့် တောင်ကြီး – ပင်းတယ – ရွာငံ လမ်းအတိုင်း ပို့ဆောင်ပေးခဲ့သေးကြောင်းလည်း “ဝ”တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article