Tuesday, January 27, 2026

စစ်ရဟတ်ယာဥ် ဓာတုဆေးဝါးဖြန်းခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံးဆိုသည့် သတင်းအမှား

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ရဟတ်ယာဥ်အသုံးပြုပြီး သျှမ်းမြောက်ဒေသ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ တလျှောက်ကို ဓာတုဆေးရည်ဖြင့် ပတ်ဖြန်းကာ နမ့်ခမ်းမြို့ဒေသခံတစ်ဦး သေဆုံးသွားခဲ့ဆိုသည့် ရုပ်ပုံ၊ ဗီဒီယိုဖိုင်နှင့်အတူ လူမှုကွန်ရက် စာမျက်နှာပေါ်၌ သတင်းအမှားဖြန့်ဝေနေသည်။

သတင်းတု၊သတင်းမှား

လူမှုကွန်ရက် ဖေ့ဘုတ်ပေ့ (facebook page) ဖြစ်တဲ့ Lai Dai Noom SP ဆိုသည့် အကောင့်တစ်ခုမှ “ 2023-11-1 ရက်နေ့က နမ့်ခမ်းကအမျိုးတစ်ယောက် စစ်ကောင်စီဖြန်းထားတဲ့ ဓာတုဆေးရည်မိပြီး ဆုံးသွားပါပြီ။ သျှမ်းမြောက်ဒေသက လူတွေသတိထားပြီး အပြင်ထွက်ပါ “ (မူရင်းအရေးအသား) ဟုဆိုကာ လူအများထိတ်လန့်စေအောင် ရည်ရွယ်ချက်ဖြင့် သျှမ်းစာနှင့်ရေးသား ဖြန့်ချိနေကြောင်း မသက်ဆိုင်သည့် ရုပ်သံဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် စစ်တပ်မှ ရဟတ်ယာဥ် အသုံးပြုပြီး ဓာတုဆေးဖြန်းခြင်းအပေါ် စီစစ်ခဲ့ရာ သတင်းအချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။

တိုက်ပွဲကြောင့် တရုတ်နယ်စပ်တလျှောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ကို စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ပျံဝဲနေလျက်ရှိသည်။ သို့ပေမယ့် ဓာတုဆေးရည် ပတ်ဖြန်းခြင်း ရှိ၊ မရှိကိုတော့ အတည်ပြု၍ မရပေ။

ထို ဗီဒီယိုဖိုင်ထဲမှ အမျိုးသားတစ်ဦးဟာ ပန်ဆိုင်းမြို့ (ကြူဂုတ်)မှ ပရဟိတလူမှုကူညီရေးအသင်း အဖွဲ့ဝင် (စိုင်းဆိုင်လူ) ဆိုသူဖြစ်ပြီး သွေးတိုးတက်မေ့လှဲနေသောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသနေရသည့် ရုပ်သံဖိုင် ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက အတည်ပြုထားပါသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ( နိုဝင်ဘာလ ၁ ရက်) နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပါသည်။

“ မနေ့က ပန်ဆိုင်း (ကြူဂုတ်) မှာလက်နက်ကြီး ပစ်ခတ်သံကြားလို့ သူ့ကလေးကိုချီပြီး တခြားအိမ်ကို ထွက်ပြေးရင်း ဖြစ်တာပါ။ အစပိုင်းကတော့ သူခေါင်းကိုက်တယ်ဆိုပြီး ခေါင်းကိုလက်နဲ့ပုတ်တာ။ အဲ့လိုဖြစ်တာ မကြာဘူး၊ အုန်းခနဲ လှဲကြသွားတာ “ ဟု ပန်ဆိုင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုထားသည်။

လက်ရှိအချိန်ထိ တရုတ်ပြည် ရွှေလီမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဆေးဝါးကုသခံယူနေရဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်မှ ရဟတ်ယာဉ်အသုံးပြုပြီး ဓာတုဆေးဝါး ပတ်ဖြန်းကာ နမ့်ခမ်းမြို့ဒေသခံတစ်ဦး သေဆုံးသွားခဲ့သည်ဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး၊ သတင်းအချက်အလက်များကို မစိစစ်ဘဲ မှားယွင်းစွာ တင်ပြနေသဖြင့် တိုက်ပွဲကြား ပြည်သူများ အထိတ်အလန့် ဖြစ်စေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...