စစ်ရဟတ်ယာဥ် ဓာတုဆေးဝါးဖြန်းခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံးဆိုသည့် သတင်းအမှား

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ရဟတ်ယာဥ်အသုံးပြုပြီး သျှမ်းမြောက်ဒေသ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ တလျှောက်ကို ဓာတုဆေးရည်ဖြင့် ပတ်ဖြန်းကာ နမ့်ခမ်းမြို့ဒေသခံတစ်ဦး သေဆုံးသွားခဲ့ဆိုသည့် ရုပ်ပုံ၊ ဗီဒီယိုဖိုင်နှင့်အတူ လူမှုကွန်ရက် စာမျက်နှာပေါ်၌ သတင်းအမှားဖြန့်ဝေနေသည်။

သတင်းတု၊သတင်းမှား

လူမှုကွန်ရက် ဖေ့ဘုတ်ပေ့ (facebook page) ဖြစ်တဲ့ Lai Dai Noom SP ဆိုသည့် အကောင့်တစ်ခုမှ “ 2023-11-1 ရက်နေ့က နမ့်ခမ်းကအမျိုးတစ်ယောက် စစ်ကောင်စီဖြန်းထားတဲ့ ဓာတုဆေးရည်မိပြီး ဆုံးသွားပါပြီ။ သျှမ်းမြောက်ဒေသက လူတွေသတိထားပြီး အပြင်ထွက်ပါ “ (မူရင်းအရေးအသား) ဟုဆိုကာ လူအများထိတ်လန့်စေအောင် ရည်ရွယ်ချက်ဖြင့် သျှမ်းစာနှင့်ရေးသား ဖြန့်ချိနေကြောင်း မသက်ဆိုင်သည့် ရုပ်သံဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် စစ်တပ်မှ ရဟတ်ယာဥ် အသုံးပြုပြီး ဓာတုဆေးဖြန်းခြင်းအပေါ် စီစစ်ခဲ့ရာ သတင်းအချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။

တိုက်ပွဲကြောင့် တရုတ်နယ်စပ်တလျှောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ကို စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ပျံဝဲနေလျက်ရှိသည်။ သို့ပေမယ့် ဓာတုဆေးရည် ပတ်ဖြန်းခြင်း ရှိ၊ မရှိကိုတော့ အတည်ပြု၍ မရပေ။

ထို ဗီဒီယိုဖိုင်ထဲမှ အမျိုးသားတစ်ဦးဟာ ပန်ဆိုင်းမြို့ (ကြူဂုတ်)မှ ပရဟိတလူမှုကူညီရေးအသင်း အဖွဲ့ဝင် (စိုင်းဆိုင်လူ) ဆိုသူဖြစ်ပြီး သွေးတိုးတက်မေ့လှဲနေသောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသနေရသည့် ရုပ်သံဖိုင် ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက အတည်ပြုထားပါသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ( နိုဝင်ဘာလ ၁ ရက်) နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပါသည်။

“ မနေ့က ပန်ဆိုင်း (ကြူဂုတ်) မှာလက်နက်ကြီး ပစ်ခတ်သံကြားလို့ သူ့ကလေးကိုချီပြီး တခြားအိမ်ကို ထွက်ပြေးရင်း ဖြစ်တာပါ။ အစပိုင်းကတော့ သူခေါင်းကိုက်တယ်ဆိုပြီး ခေါင်းကိုလက်နဲ့ပုတ်တာ။ အဲ့လိုဖြစ်တာ မကြာဘူး၊ အုန်းခနဲ လှဲကြသွားတာ “ ဟု ပန်ဆိုင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုထားသည်။

လက်ရှိအချိန်ထိ တရုတ်ပြည် ရွှေလီမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဆေးဝါးကုသခံယူနေရဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်မှ ရဟတ်ယာဉ်အသုံးပြုပြီး ဓာတုဆေးဝါး ပတ်ဖြန်းကာ နမ့်ခမ်းမြို့ဒေသခံတစ်ဦး သေဆုံးသွားခဲ့သည်ဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး၊ သတင်းအချက်အလက်များကို မစိစစ်ဘဲ မှားယွင်းစွာ တင်ပြနေသဖြင့် တိုက်ပွဲကြား ပြည်သူများ အထိတ်အလန့် ဖြစ်စေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...