“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၊ “ဝ” ပြည်သူ့အစိုးရ ဒုဥက္ကဌ ရှောင်မင်းလျှံ ဟာ ပန်ခန်း (ပန်ဆန်း) မြို့မှာ ဒီနေ့ အောက်တိုဘာ (၂၇) ရက် နေ့လည်ပိုင်းက ၎င်းရဲ့ နေအိမ်မှာ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။
UWSA ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုဥက္ကဌ ရှောင်မင်းလျှံ ကွယ်လွန်ချိန်မှာ အသက် (၇၅) နှစ်ရှိပြီးဖြစ်ပါတယ်။
ရှောင်မင်းလျှံ ဟာ (UWSP/ UWSA) တည်ထောင်စဉ်ကတည်းက “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။












Leave a Comments