Friday, May 3, 2024

လားရှိုးမြို့ ငွေကျပ်သိန်း ၁၅၀၀ တန်းဖိုးရှိ Happy Water ဖမ်းဆီးရမိ

Must read

သျှမ်းပြည် လားရှိုးမြို့တွင် ငွေကျပ်သိန်း ၁၅၀၀ တန်းဖိုးရှိသော စိတ်ပြောင်းဆေးဝါး Happy Water နှင့် အတူ သယ်ဆောင်လာသည့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိကြောင်း CCDAC Myanmar မှ ယနေ့ အောက်တိုဘာလ ၂၆ ရက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် အော်တိုဘာလ ၂၄ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့် မနန်းမွေအေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ မနန်းဖြူဖြူအေး (ခ) နောင့်လောဝ်တို့ကို တွေ့ရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထိုနေအိမ်အတွင်း စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၃ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၅၀၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးကို တွေ့ရှိသိမ်းဆည်းခဲ့ရမိခဲ့ပြီး အဆိုပါ အမျိုးသမိး ၂ ဦးကို လားရှိုးမြို့ရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဉပဒေအရ အမူဖွင့်အရေးယူထားလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article