တရုတ်နယ်စပ်ဒေသ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ခံရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာမှ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို စာလာအိတ်ထဲထည့်ကာ အမှိုက်ပုံသို့ စွန့်ပစ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင့်စန်ကျော့ သွားသည့်လမ်းရှိ ဟိုနောင်ရွာအနီးရှိ အမှိုက်ပုံတစ်ခုတွင် စာလာအိတ်ဖြင့် ထုပ်ပိုးထားသော လူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ သည်ဟု ၎င်းကို သွားရောက်ကူညီခဲ့သည့် လက်ဖက်ညွှန့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလဆန်းပိုင်းတွင် ၎င်းတို့ဖွင့်လှစ်ထားသော အထည်ဆိုင်မှနေ၍ ရုတ်တရက် ပျောက်ဆုံးသွားရာ ရက်ပေါင်း ၁၀ရက်ကျော် အကြာ လုပ်ကြံသတ်ဖြတ်ခံရသည့် အလောင်း (၃)လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အလောင်းက ပုတ်ပွနေတယ်။ ဒဏ်ရာဒဏ်ချက်ကတော့မတွေ့ရတော့ဘူး” ဟု အထက်ပါ အမျိုးးသမီးက ပြောပြသည်။

အဆိုပါ (၃)ဦးသည် နေအိမ်မှ တရုတ်ပြည် ကျယ်ဂေါင်မြို့သို့ ပစ္စည်းဝယ်မည်ဟုဆိုပြီး မြန်မာကျပ်ငွေ သိန်း ၁၀၀ ဖြင့် ထွက်သွားခဲ့ရာ ယခုလို အသက်ခံရခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထိုသတ်ခံရသူသည် အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကျော်ဝေ၊ ၎င်း၏သားဖြစ်သူ အသက် ၂၀ နှစ်ကျော် အရွယ်ရှိ ကိုကျော်ကျော်နှင့် အမျိုးသမီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် စာရေးမ မအေး တို့ဖြစ်သည်။

ထို(၃)ခု သတ်ခံရပြီးနောက် အသက် (၂၀)အရွယ် ရှိ ကိုကျော်ကျော်နှင့် ၃လ နီးပါးလာနေသည့် သူငယ်ချင်းလည်း ပျောက်ဆုံးနေကြောင်း၊ ထိုသူသည် ကိုကျော်ကျော်ဆီ အကြွေး ၈သိန်းတင်ထားကြောင်း သိရသည်။

“ သူ့(ဦးကျော်ဝေ)က သား(ကျော်ကျော်)ရဲ့ သူငယ်ချင်းကို အကြွေး ၈သိန်းဆပ်ဖို့ ပြောတယ်။ အကြွေးပြန် မဆပ်ရင် ဘာညာလုပ်မယ်ဆိုပြီး ပြောမယ်ထင်တယ်။ သူလည်းနားကြားခါးလို့လား၊ နာကြည်းလို့လား မသိဘူး အဲ့ကြောင့် ဒီလိုရက်ရက်စက်စက်လုပ်သွားတာ “ ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် သားအဖနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ယနေ့ (အောက်တိုဘာ ၂၃ ) ရက်၌ ၎င်းတို့မိသားစုဝင်နှင့် ဆွေမျိုးမိတ်ဆွေသူများက သွားရောက် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မူဆယ်မြို့နယ်အတွင်း လစဉ်နီးပါး ပိုင်ရှင်မဲ့အလောင်းများကို မကြာခဏတွေ့ရှိနေရသော်လည်း ယခုလို တပြိုင်တည်း အလောင်း ၃ လောင်းကို ပထမဆုံးအကြိမ်ဖြင့် ကောက်ယူခဲ့ဖူးကြောင်း လူမှုကူညီရေးအသင်းမှ ပြောသည်။

ထို့အပြင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် အခြေခံအလုပ်သမားများ၊ လောင်ကစားဝိုင်းများ ပေါများခြင်းကြောင့် မကြာခဏ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုကြသည်။

မူဆယ်မြို့နယ်တွင် စစ်တပ်အပြင် ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်တပ်ဖွဲ့များနှင့် PDF သွားလာလှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...