Tuesday, January 27, 2026

တရုတ်နယ်စပ်ဒေသ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ခံရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာမှ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို စာလာအိတ်ထဲထည့်ကာ အမှိုက်ပုံသို့ စွန့်ပစ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင့်စန်ကျော့ သွားသည့်လမ်းရှိ ဟိုနောင်ရွာအနီးရှိ အမှိုက်ပုံတစ်ခုတွင် စာလာအိတ်ဖြင့် ထုပ်ပိုးထားသော လူအလောင်း ၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ သည်ဟု ၎င်းကို သွားရောက်ကူညီခဲ့သည့် လက်ဖက်ညွှန့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလဆန်းပိုင်းတွင် ၎င်းတို့ဖွင့်လှစ်ထားသော အထည်ဆိုင်မှနေ၍ ရုတ်တရက် ပျောက်ဆုံးသွားရာ ရက်ပေါင်း ၁၀ရက်ကျော် အကြာ လုပ်ကြံသတ်ဖြတ်ခံရသည့် အလောင်း (၃)လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အလောင်းက ပုတ်ပွနေတယ်။ ဒဏ်ရာဒဏ်ချက်ကတော့မတွေ့ရတော့ဘူး” ဟု အထက်ပါ အမျိုးးသမီးက ပြောပြသည်။

အဆိုပါ (၃)ဦးသည် နေအိမ်မှ တရုတ်ပြည် ကျယ်ဂေါင်မြို့သို့ ပစ္စည်းဝယ်မည်ဟုဆိုပြီး မြန်မာကျပ်ငွေ သိန်း ၁၀၀ ဖြင့် ထွက်သွားခဲ့ရာ ယခုလို အသက်ခံရခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထိုသတ်ခံရသူသည် အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကျော်ဝေ၊ ၎င်း၏သားဖြစ်သူ အသက် ၂၀ နှစ်ကျော် အရွယ်ရှိ ကိုကျော်ကျော်နှင့် အမျိုးသမီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် စာရေးမ မအေး တို့ဖြစ်သည်။

ထို(၃)ခု သတ်ခံရပြီးနောက် အသက် (၂၀)အရွယ် ရှိ ကိုကျော်ကျော်နှင့် ၃လ နီးပါးလာနေသည့် သူငယ်ချင်းလည်း ပျောက်ဆုံးနေကြောင်း၊ ထိုသူသည် ကိုကျော်ကျော်ဆီ အကြွေး ၈သိန်းတင်ထားကြောင်း သိရသည်။

“ သူ့(ဦးကျော်ဝေ)က သား(ကျော်ကျော်)ရဲ့ သူငယ်ချင်းကို အကြွေး ၈သိန်းဆပ်ဖို့ ပြောတယ်။ အကြွေးပြန် မဆပ်ရင် ဘာညာလုပ်မယ်ဆိုပြီး ပြောမယ်ထင်တယ်။ သူလည်းနားကြားခါးလို့လား၊ နာကြည်းလို့လား မသိဘူး အဲ့ကြောင့် ဒီလိုရက်ရက်စက်စက်လုပ်သွားတာ “ ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် သားအဖနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ယနေ့ (အောက်တိုဘာ ၂၃ ) ရက်၌ ၎င်းတို့မိသားစုဝင်နှင့် ဆွေမျိုးမိတ်ဆွေသူများက သွားရောက် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မူဆယ်မြို့နယ်အတွင်း လစဉ်နီးပါး ပိုင်ရှင်မဲ့အလောင်းများကို မကြာခဏတွေ့ရှိနေရသော်လည်း ယခုလို တပြိုင်တည်း အလောင်း ၃ လောင်းကို ပထမဆုံးအကြိမ်ဖြင့် ကောက်ယူခဲ့ဖူးကြောင်း လူမှုကူညီရေးအသင်းမှ ပြောသည်။

ထို့အပြင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် အခြေခံအလုပ်သမားများ၊ လောင်ကစားဝိုင်းများ ပေါများခြင်းကြောင့် မကြာခဏ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုကြသည်။

မူဆယ်မြို့နယ်တွင် စစ်တပ်အပြင် ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်တပ်ဖွဲ့များနှင့် PDF သွားလာလှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...