Wednesday, January 28, 2026

ခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၃ ဦးသေဆုံး။ ၂ ဦးဒဏ်ရာရ

တောင်ကြီးခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)ထံမှ စုံစမ်းသိရသည်။

ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)

ယမန်နေ့ (အောက်တိုဘာ ၂၁) ရက် နံနက် ၈ နာရီအချိန်တွင် ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတဝိုက် စခန်းချပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရေဦးလမ်းမကြီး‌ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး ပွဲချင်းပြီး သေဆုံး၍ တောင်ကြီးခရိုင်ရဲမှုးအပါအဝင် ၄ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။

ထို့ပြင် ယနေ့ ( အောက်တိုဘာ ၂၂ )ရက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်သား၂ဦးသည် ဆေးရုံ၌ ထပ်မံ သေဆုံးသဖြင့် စုစုပေါင်း စစ်ကောင်စီ တပ်သား ၃ဦး သေဆုံးသွားကြောင်းသိရသည်။

ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)

“ခရိုင် ရဲမှူး က ဒုရဲမှူးကြီးစိုးသန်း လို့ သိရတယ်ဗျ၊ မျက်နှာဒဏ်ရာရသွားတယ် လို့ ပြန်ကြားရတယ်၊ နေရာမှာ ဆုံးသွားတာက တပ်ကြပ်မျိုးမင်းသူ၊ တပ်သား၃ ဦးက ဒဏ်ရာပြင်းပြီး အခုမနက်မှ ၂ယောက်ထပ်သေတာလို့ ဆေးရုံဘက်က ပြန်ကြားရတယ်” ဟု DPLF တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှပြန်လည်ပစ်ခတ်မှုများကို ရမ်းသန်းပြုလုပ်ခဲ့ကြပြီး ရေဦးလမ်းမကြီးတလျှောက် ပိတ်ဆို့စစ်ဆေးမှုများကိုလည်း ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဒဏ်ရာရစစ်သားများကို လူမှုကူညီရေးကားနှစ်စီးဖြင့် လာရောက်တင်ဆောင်သွားကြောင်း ထပ်မံသိရသည်။
စစ်ကောင်စီတပ်များရှိသည့်နေရာများနှင့် အတတ်နိုင်ဆုံး ဝေးဝေးမှ ရှောင်ရှားသွားလာကြပါရန် ဓနုဒေသအတွင်း နေထိုင်ကြသည့် ဒေသခံများကို DPLF မှ ကြေငြာချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကို ဖွဲ့စည်းပြီးကြောင်း ကြေငြာပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံပျူစောထီးတို့က ပင်းတယ နှင့် ရွာငံ မြို့တစ်ဝန်း လုံခြုံရေးအထူးတင်းကြပ်ထားပြီး ဒေသခံလူငယ်များအပြင် အမျိုးသမီးများပါ မကြာခဏ ဖမ်းဆီးစစ်ဆေးခံနေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...