ဟားမက်စ်တို့၏ မျိုးဆက်နှင့်ချီ ထိုးစစ်တန်ပြန်ပြုလုပ်မည်ဟု အစ္စရေး ထုတ်ပြန်

တန်ပြန်ထိုးစစ်ဆင်မှုဖြင့် ဟားမက်စ် ပါလက်စတိုင်းလူမျိုးတို့၏ မျိုးဆက်နှင့်ချီ ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အစ္စရေးဘက်မှ ထုတ်ပြန် ပြောဆိုထားသည်။

ဟားမက်စ် ပါလက်စတိုင်းနှင့် အစ္စရေး တိုက်ပွဲ

ပြီးခဲ့သည့် တနင်္လာနေ့ (အောက်တိုဘာလ ၁၁) ရက်က အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ပြီး လက်ရှိအစ္စရေး၏ တိုက်ခိုက်မှုသည် အစသာ ရှိကြောင်းနှင့် နောက်ဆက်တွဲ၌ ဟားမက်စ် တို့၏ သားစဥ် မြေးဆက်အထိ တန်ပြန်တိုက်ခိုက် သွားမည် ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း ဂါဇာနယ်စပ်ဒေသကို အစ္စရေးဘက်မှ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်၏ ဗိုလ်ချုပ် ဒန် ဂိုးဖာ့စ် (Dan Goldfuss) ကမီဒီယာများကို ဖြေကြားပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၌ လူဦးရေ ၂.၂ သန်း ရှိပြီး အနည်းဆုံးလူဦးရေ ၂ သိန်းက အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း ပါလက်စတိုင်းမှ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးမှူး Lynn Hastings ကလည်း သတင်းထုတ်ပြန်ထားသည်။

ဟားမက်စ် ပါလက်စတိုင်းနှင့် အစ္စရေး တိုက်ပွဲ

၎င်းတို့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အင်္ဂါနေ့ ညဘက်အချိန်၌ ဟားမက်စ် ပါလက်စတိုင်းလူမျိုး တို့၏ စတင်ထိုးစစ်ဆင် တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်သည့် အနေဖြင့် အစ္စရေးအစ္စရေးတပ်ဖွဲ့မှ ဟားမက်စ်တပ်ဖွဲ့ကို စစ်လေယာဥ်ဖြင့် ရာချီ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၌ ဟားမတ်စ် စစ်စခန်း၊ လက်နက် ဂိုထောင် နှင့် ဂါဇာရှိ ဟားမတ်စ်၏ အမိန့်ပေးဌာနချုပ်တို့ကို ပစ်မှတ်ထား တိုက်ခဲ့ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်ခဲ့သော် လည်း ဟားမတ်စ်၏ စစ်ရုံး နှင့် အစိုးရမဟုတ်သည့် NGO အဖွဲ့ရုံးများ၊ လူနေအိမ်များစွာလည်း ထိခိုက်ခဲ့ကြောင်း VOA သတင်းဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စနေနေ့မှ တိုက်ပွဲနောက်ပိုင်းတွင် ဟားမတ်စ်စစ်သားများ၏ ရုပ်အလောင်း ၁,၅၀၀ ကို အစ္စရေး နယ်မြေထဲ၌ တွေ့ရကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟက်ချ် (Richard Hecht) မှလည်း မီဒီယာများကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...