Wednesday, January 28, 2026

ဟားမက်စ်တို့၏ မျိုးဆက်နှင့်ချီ ထိုးစစ်တန်ပြန်ပြုလုပ်မည်ဟု အစ္စရေး ထုတ်ပြန်

တန်ပြန်ထိုးစစ်ဆင်မှုဖြင့် ဟားမက်စ် ပါလက်စတိုင်းလူမျိုးတို့၏ မျိုးဆက်နှင့်ချီ ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အစ္စရေးဘက်မှ ထုတ်ပြန် ပြောဆိုထားသည်။

ဟားမက်စ် ပါလက်စတိုင်းနှင့် အစ္စရေး တိုက်ပွဲ

ပြီးခဲ့သည့် တနင်္လာနေ့ (အောက်တိုဘာလ ၁၁) ရက်က အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ပြီး လက်ရှိအစ္စရေး၏ တိုက်ခိုက်မှုသည် အစသာ ရှိကြောင်းနှင့် နောက်ဆက်တွဲ၌ ဟားမက်စ် တို့၏ သားစဥ် မြေးဆက်အထိ တန်ပြန်တိုက်ခိုက် သွားမည် ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း ဂါဇာနယ်စပ်ဒေသကို အစ္စရေးဘက်မှ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်၏ ဗိုလ်ချုပ် ဒန် ဂိုးဖာ့စ် (Dan Goldfuss) ကမီဒီယာများကို ဖြေကြားပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၌ လူဦးရေ ၂.၂ သန်း ရှိပြီး အနည်းဆုံးလူဦးရေ ၂ သိန်းက အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း ပါလက်စတိုင်းမှ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးမှူး Lynn Hastings ကလည်း သတင်းထုတ်ပြန်ထားသည်။

ဟားမက်စ် ပါလက်စတိုင်းနှင့် အစ္စရေး တိုက်ပွဲ

၎င်းတို့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အင်္ဂါနေ့ ညဘက်အချိန်၌ ဟားမက်စ် ပါလက်စတိုင်းလူမျိုး တို့၏ စတင်ထိုးစစ်ဆင် တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်သည့် အနေဖြင့် အစ္စရေးအစ္စရေးတပ်ဖွဲ့မှ ဟားမက်စ်တပ်ဖွဲ့ကို စစ်လေယာဥ်ဖြင့် ရာချီ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၌ ဟားမတ်စ် စစ်စခန်း၊ လက်နက် ဂိုထောင် နှင့် ဂါဇာရှိ ဟားမတ်စ်၏ အမိန့်ပေးဌာနချုပ်တို့ကို ပစ်မှတ်ထား တိုက်ခဲ့ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်ခဲ့သော် လည်း ဟားမတ်စ်၏ စစ်ရုံး နှင့် အစိုးရမဟုတ်သည့် NGO အဖွဲ့ရုံးများ၊ လူနေအိမ်များစွာလည်း ထိခိုက်ခဲ့ကြောင်း VOA သတင်းဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စနေနေ့မှ တိုက်ပွဲနောက်ပိုင်းတွင် ဟားမတ်စ်စစ်သားများ၏ ရုပ်အလောင်း ၁,၅၀၀ ကို အစ္စရေး နယ်မြေထဲ၌ တွေ့ရကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟက်ချ် (Richard Hecht) မှလည်း မီဒီယာများကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...

သျှမ်း-ကရင်နီ နယ်စပ်တကြော မြေပြင် ၃ နေရာ တိုက်ပွဲပြင်းထန်နေ

0
သျှမ်း-ကရင်နီ နယ်စပ်တကြောကို စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား အလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၄ ရက်) မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်ရှိ ဆောင်းနန်းခဲကျေးရွာ-နန်းတုန်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီ ၊ပအိုဝ်းပြည်သူ့စစ်...

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

0
နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား...

အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

0
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။  ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...