မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ အုပ်စုဖွဲ့ သူခိုးသောင်းကြမ်းနေ

မြန်မာ – ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူနေကြောင်း စုံစမ်းသိရှိရသည်။

ယခု ရက်ပိုင်းအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး နှင့် နှစ်ယောက်စီး အုပ်စုဖွဲ့က ပြည်သူတချို့ ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းခြင်း၊ ဆိုင်ခန်းရှေ့ ရပ်ထားသည့် ကား၊ ဆိုင်ကယ်များ၏ ဘက်ထရီများကို ခိုးယူခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သူ အမျိုးသမီးတစ်ဦး ကပြောသည်။

“ သူခိုး၊ ဓားပြတွေက နေ့တိုင်းလိုလို သောင်းကြမ်းနေတာ။ ဆိုင်ရှေ့မှာ ကားရပ်ထားလည်း မရဘူး၊ ကားထဲက ဘက်ထရီကို ခိုးသွားတယ်။ သူတို့ ခိုးနေတာ ၂၄ နာရီအတွင်း အုပ်စုဖွဲ့ပြီးတော့ ခိုးကြတာ။ အုပ်စုဖွဲ့တစ်ဖွဲ့က ၉ ယောက်လောက်တောင်ရှိတယ် “ ဟု ၎င်း အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ သူခိုး၊ ဓားပြများကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိဘဲ ပြည်သူများက စုပေါင်းလိုက်လံ ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးထံ အပ်ကာ ရိုက်နှက်ပြစ်ဒဏ်ပေးပြီး ပြန်လွတ်ပေးခဲ့သည်။

ထိုသို့ ခိုးဆိုးလုယက်မှုများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် လက်ရှိမှာ မည်သူမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ပြည်သူများသည် လုံခြုံရေးအတွက် ကိုယ်တိုင်ယူနေရကြောင်း သိရသည်။

“သူခိုးတွေ ဖမ်းမိရင် ရွာဥက္ကဌ ကိုဖုန်းဆက်ပြီး လက်ထဲ အပ်ပေးလိုက်တယ်။ ပြီးရင် ပြန်လွတ်ပေးတယ်။ သူခိုးတွေအရမ်းပေါတော့ ဘယ်သူမှ လိုက်မပြောနိုင်တော့ဘူး။ တစ်ခါတလေ ကျွန်မတို့ ပြည်သူတွေ ဖမ်းမိရင် ရိုက်နှက်အပြစ်ဒဏ် ပေးပြီး ပြန်လွတ်ပေးတယ်။ လုံခြုံရေးကတော့ မရှိတော့ဘူး၊ နေ့တိုင်းလိုလို ဖြစ်နေတာပဲ “ ဟု တာချီလိတ် ဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဝိုင်း ဖွင့်လှစ်ပြီး ညစဉ်ညတိုင်း ခိုက်ရန်ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်တွင်လည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးထဲက အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးကို အမည်မသိ လူတစ်စုက လက်နက်ကိုင်ဆောင်လာပြီး ပြန်ပေးဆွဲရန် ကြိုးစားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...