သိန္နီမြို့နယ် KIA နှင့် စကစ တိုက်ပွဲဖြစ်ပွား ဒေသခံ အချို့ စစ်ရှောင်နေရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ အချို့က စစ်ရှောင်ထွက်ပြေး နေရကြောင်း သိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်မှ စတင်ပြီး သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု ဟိုနောင် ကျေးရွာ နှင့် ပိန်းကန်းကျေးရွာကြားတွင် KIA နှင့် စစ်ကောင်စီတို့က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၈၀)ခန့် စစ်ရှောင် ထွက်ပြေးခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

“တိုက်ပွဲဖြစ်တာ ၂ ရက်ရှိပြီ၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော သုံးပြီး ပစ်ကြတာ၊ အခု ဆိုရင် ဟိုနောင်ရွာ နဲ့ ပိန်းကန်းရွာက သက်ကြီးရွယ်အိုတွေ ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းကို စစ်ရှောင် ရောက်လာကြတယ်၊ ဒီနေ့တော့ အသံငြိမ်နေတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်မှ ညနေ ၆ နာရီကျော် အထိ စစ်ကောင်စီတပ် နှင့် KIA တို့က ဟိုနောင်ကျေးရွာ နှင့် ပိန်းကန်းကျေးရွာကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားစဥ်တွင် တောင်ယာမှ ပြန်လာသည့် ဒေသခံ အရပ်သား ၃ ဦးလည်း တိုက်ပွဲကြား တွင် ပိတ်မိသွားကြောင်း ဖြစ်စဥ်ကို သိရှိသူ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲသံတွေကြားလို့ ယာခင်းကနေ အိမ်ကို ပြန်လာတဲ့ အချိန်မှာ ကချင်စစ်သားနဲ့ တွေ့ပြီး ကချင် စစ်သား တွေကတော့ ပေးသွားလိုက်တယ်၊ အဲ့ကနေ ဖြတ်လာပြီး ဗမာစစ်သားတွေနဲ့ ထပ်တွေ့တော့ သူတို့က ပေးမသွားဘူး၊ အဲ့နားမှာ မိနစ် ၂၀ ကျော် တိုက်ပွဲကြား ပိတ်မိနေကြတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းသည် ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ် ကြောက်လန့်ရသည့် အပြင် သွားရေးလာရေးအတွက်လည်း ပူပန်နေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်တွင်လည်း သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စုတွင်း တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများက အရပ်သားပိုင် ကုန်စုံဆိုင်ထဲဝင်ပြီး ကုန်ပစ္စည်းများ နှင့် ပိုက်ဆံများ လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်အတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ အပြင်၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် SSPP တပ်ဖွဲ့တို့ ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...