မိုးဗြဲမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် စစ်ရှောင်များ နေရာပြန်လည်ချထားရေး မရသေး

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ မိုးဗြဲမြို့ပေါ်တွင် ယနေ့အချိန်ထိ စစ်ကောင်စီမှ တပ်စွဲနေထိုင်လျက်ရှိပြီး မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များ နေရာပြန်လည် မချနိုင်မသေးကြောင်း သတင်းရရှိသည်။

.

စစ်ကောင်စီသည် မိုးဗြဲမြို့ပေါ်တွင် တပ်စွဲနေထိုင်လာရာ လနှင့်ချီ အချိန်ကြာမြင့်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအတွက် မြေမြှုပ်မိုင်း အများအပြား ထောင်ထားခြင်း ပြုလုပ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုးဗြဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အခုထိပြန်မထွက်သေးဘူး။ ရှိနေတုန်းပဲ။ အဲ့ဒီမှာနေပြီး ပြည်သူတွေဝင်လို့ မရအောင်၊ တော်လှန်ရေးတပ်တွေ ဝင်လို့မရအောင် မိုင်းတွေလည်း အများကြီး ထောင်ထားတယ်။ ဖယ်ခုံအနောက်ဖက်ခြမ်းမှာလည်း သူတို့တပ်စွဲထားတဲ့နေရာဆို မြေမြှုပ်မိုင်း အကုန်ထောင်ထားပြီး ပြန်ထွက်သွားတာ “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မိုးဗြဲမြို့ပေါ်တွင် စစ်ရေးငြိမ်သက်လာသည်မှာ ၄ လဝန်းကျင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်သည် မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ ပြည်သူများ စိုးရိမ်ကြောက်လန့်အောင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက် နှစ်ရက်ဆက်တိုက်အတွင်း ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံအနီးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၅၀၀ ပေါင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။

“တိုက်ပွဲက ငြိမ်ပေမယ့် ပြည်သူတွေကြောက်အောင် သူတို့ ခြိမ်းခြောက်တယ်။ ဆေးရုံကို တစ်ခါလာကြဲ သေးတယ်။ ဆေးရုံပြန်လည်ပတ်ဖို့အတွက် လုပ်နေချိန်မှာ ဆေးရုံအနီးလာကြဲသွားတာ။ ပြောင်းခင်းတွေ ပျက်စီးသွားတာ။ အဒေါ်ကြီးတစ်ယောက် လက်ထိမှန်ပြီး စိုးရိမ်ရသေးတယ် “ ဟု ၎င်း စစ်ရှောင်ကော်မတီ ဝင်က ပြောသည်။

လက်ရှိမှာ သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ တလျောက်တွင် နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိသလို စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးမှု ဆက်လက်ပြုလုပ်လာပါက အချိန်မရွေး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...