Saturday, January 31, 2026

ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့်ပြီး ကောက်ခံဖို့စီစဉ်နေသည်ဟု စစ်ကောင်စီကြေညာ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း အခြေခံလစာနှုန်းမြှင့်တက်လာပြီး ယာဉ်စီးအရေအတွက်သည် လည်း တိုးမြင့်လာသောကြောင့် ယာဉ်မှတ်ပုံတင်ခကို ၃ ဆ ပိုတိုးမြှင့် ကောက်ခံရန် စီစဉ်သွားမည်ဟု စစ်ကောင်စီ၏ ကြေညာချက်အရ သိရသည်။

.

ခေတ်ကာလ နှင့် လျော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံသင့်သည့် ကာလတစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ အခြေခံ လစာနှုန်းများသည် ယခင်ထက် တိုးမြှင့်လာခြင်း၊ ယာဉ်စီးရေသည်လည်း ယခင်ထက်များစွာ တိုးမြင့်လာသည့်အပြင် ယာဉ်တန်ဖိုးများလည်း မြင့်တက်လာခြင်းကြောင့် ယာဉ်မှတ်ပုံတင်ခကိုလည်း တိုးမြှင့်ကောက်ခံသွားမည်ဟု စက်တင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ယာဉ်မှတ်ပုံတင်ခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး မှတ်ပုံတင်သွားရောက် သက်တမ်းတိုးသည့် အချိန်၌ ကုန်ကျ စရိတ်ပိုများလာပြီး တစ်ဖက်တွင် ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်နေကာ ယာဉ်မှတ်ပုံတင် ပြုလုပ်ရန် ပိုခက်ခဲလာနိုင်ကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခု လောလောဆယ်တော့ အားလုံးခက်ခဲနေတာ ၃ ဆ ဆိုတော့ ပိုဆိုးမှာပေါ့။ ကားသက်တမ်းတိုးတုန်းက ၁ သိန်းလောက် ကုန်တာ။ ၃ ဆဆို မလွယ်ဘူး။ ၄ သိန်းလောက်ကုန်တယ်။ သက်တမ်း မတိုးဘူးဆိုရင်လည်း သက်တမ်းလွန်ဆိုပြီး ခေါင်းဖြူတွေ (ယာဥ်ထိန်းရဲ) စားကွက်ဖြစ်မှာပေါ့။ သူတို့တောင်းသလောက် ပေးနေရမယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ယခင် စစ်ကောင်စီ သတ်မှတ်ထားသည့် သုံးဘီးဆိုင်ကယ် သက်တမ်း (၂) နှစ် နှင့် ယာဉ်စစ်ဆေးခကို စုစုပေါင်း ၁၃,၀၀၀ ကျပ် ကုန်ကျရာ လက်ရှိမှာ ၄၃,၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...