စစ်အာဏာသိမ်းခေါင်းဆောင် နှင့် သျှမ်းမြောက် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ တွေ့ဆုံ

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ အတွင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် မြောက်ပိုင်း အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ နှင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရွှေလီရတနာခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

.

အဆိုပါ တွေ့ဆုံမှုတွင် သျှမ်းပြည်မြောက်ပိုင်းသည် အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် ထိစပ်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်များကို နယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေး အရ အရေးကြီးသော ဒေသဖြစ်ကြောင်း၊ ဒေသတွင်း ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ များများ တင်ပို့နိုင်ရန်အတွက် ထုတ်ကုန် ပစ္စည်းများ ပိုမို ထုတ်လုပ်နိုင်ရန် နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရန် အတွက် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များကို အာဏာသိမ်း ခေါင်းဆောင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

Photo – Credit ( စစ်ခေါင်းဆောင် နှင့် ဌာနေပြည်သူ့စစ်များ တွေ့ဆုံစဥ်)

ဆက်လက်ပြီး ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် လုံခြုံရေး အရ အင်အားဖြည့်ပေးနေသည့် အင်အားစု တစ်ရပ်ဖြစ်ပြီး၊ နယ်မြေတည်ငြိမ်အေးချမ်းအောင် တာဝန်ထမ်းဆောင်နေသည့် အဖွဲ့များဖြစ်သည့်အတွက် လေးစား အသိအမှတ် ပြုကြောင်းလည်း အာဏာသိမ်း ခေါင်းဆောင်က ဆက်လက်ပြောသည်။

အာဏာသိမ်းခေါင်းဆောင် နှင့် တွေ့ဆုံခဲ့သည့် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့များမှာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း နှင့် ထင်ပါကျိုင်း ပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင် တို့ တက်ရောက်ခဲ့သည်။

Photo – Credit ( စစ်ခေါင်းဆောင် နှင့် ဌာနေပြည်သူ့စစ်များ တွေ့ဆုံစဥ်)

စစ်အာဏာသိမ်းခေါင်းဆောင် အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ် ဌာနတပ်ဖွဲ့ဝင်များကို ခေါ်တွေ့ဆုံခြင်းသည် အလွန်ပင် စိတ်ဝင်စားစရာဖြစ်ကြောင်း၊ ပြည်သူ့စစ်များသည် စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့အလျောက် ယခုလည်း ထိုပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးချရန် အတွက် ခေါ်ယူခြင်းသာ ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံများက ပြောဆိုကြသည်။

“ပြည်သူ့စစ်ဆိုတာ စစ်တပ်ရဲ့ လက်အောက်ကပဲလေ။ ဒီဒေသမှာ ပြည်သူ့စစ်တွေ ကောင်းလားဆိုးလားဆိုတာ လူတိုင်းသိတယ်။ စစ်တပ် အလိုကျနေတာ။ ပြည်သူတွေ ကောင်းကျိုး ပေးတဲ့အဖွဲ့မှ မဟုတ်ဘူး။ တရားဝင် လက်မှတ်ရ ရာဇာဝတ်ဂိုဏ်းတွေပါပဲ” ဟု မူဆယ်မြို့ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူပင် သျှမ်းပြည် မြောက်ပိုင်းတွင် ကျင်လည် ကျက်စားနေသည့် ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးကို တရားဝင်ရောင်းချခြင်း၊ လောင်းကစားကို တရားဝင် ဖွင့်လှစ်ခြင်းတွင် ပါဝင်ပတ်သက်မှုများရှိ နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...