တရားမျှတမှု အလှမ်းဝေးကွာနေတဲ့ ယာဥ်တိုက်ခံရမှု

“ရဲကို တိုင်ထားပေမဲ့လည်း ကိုယ်က မပေးနိုင် မအမ်းနိုင်တဲ့ အခြေအနေမို့ ဂရုမစိုက်ကြဘူး၊ ဘယ်တတ် နိုင်မလဲ၊ ကလေးတွေလည်း ရှိနေတော့ ဒီအတိုင်း အားတင်းထားရတာပေါ့” လို့ အသက် (၂၄) နှစ်ရှိတဲ့ နန်းခမ်း က စိတ်မကောင်းစွာ ပြောပါတယ်။

.

လွန်ခဲ့တဲ့ စက်တင်ဘာ ၁ ရက် မှာ နန်းခမ်းရဲ့ အမျိုးသား ကိုချစ်ပိုင်မှူး ဟာ ၎င်းရဲ့ ဖခင်ကို တင်ပြီး သျှမ်းပြည် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် အမှတ် (၁) လမ်းထဲသို့ ပြန်လာချိန်မှာ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီး ကိုချစ်ပိုင်မှူးရဲ့ ဆိုင်ကယ်ကို တိုက်မိ လိုက်ပါတယ်။

Photo – Credit ( မူဆယ်မြို့ စွမ်စော်ရပ်ကွက်)

အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ကိုချစ်ပိုင်မှူး ရဲ့ ခန္ဓာကိုယ်ဟာ ဆိုင်ကယ် နဲ့ ၁၀ ပေ အကွာ လွှင့်ထွက်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သလို သူရဲ့ဖခင်ဖြစ်သူကလည်း ခြေထောက် နှစ်ဖက် ကျောက်ပတ်တီး စည်းလိုက်ရတဲ့အထိ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရခြင်းမှာ ကိုချစ်ပိုင်မှူး နှင့် ၎င်းရဲ့ဖခင်ကို  မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် ကိုချစ်ပိုင်မှူး ကတော့ ကံအကြောင်းမလှစွာနဲ့ ပြင်းထန်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူကတော့ ပြင်းထန် ဒဏ်ရာရတဲ့အတွက်  မူဆယ်ဆေးရုံကနေ မန္တလေး ဆေးရုံသို့ လွှဲပြောင်းခဲ့ရပါတယ်။

ကားတိုက်မှု နဲ့ သေဆုံးသွားတဲ့ ကိုချစ်ပိုင်မှူးမှာက အမျိုးသမီး နဲ့ အသက် (၉) နှစ်အရွယ်ရှိ သားလေး နဲ့ (၈) လ သာအရွယ်ရှိ သမီးငယ်တစ်ဦး ကျန်ရှိခဲ့ပါတယ်။

Photo – Credit (သေဆုံးသွားသူ ကိုချစ်ပိုင်မှူး)

နန်းခမ်းတစ်ယောက်ကတော့ ကားတိုက်မှု နဲ့ သေဆုံးသွားတဲ့ အမျိုးသားအတွက် တရားမျှတမှု ရရှိရန်အတွက် မူဆယ်မြို့မ ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် ဌာနဆိုင်ရာ ရဲတွေရဲ့  ဥပက္ခာပြုမှုတွေကို ခံနေရကြောင်း သူမက ရှိုက်သံဖြင့် ပြောလာပါတယ်။

“ကားကတော့ တိုက်ပြီးပြီးချင်းမှာပဲ မောင်းထွက်ပြေးသွားပြီ၊ CCTV မှတ်တမ်းကနေ အဲ့ကားပုံတွေကို ပြပြီး အမှုဖွင့် ရဲတိုင်ထားတယ်။ သူတို့က အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ကိုယ်တွေ အခြေအနေက မပေးနိုင် မအမ်းနိုင်တော့ ဂရုမစိုက်ကြတာလား မသိဘူး။ ဒီနေ့အထိ ဘာမှ မထူးလာသေးဘူး” လို့ နန်းခမ်းက ငိုသံဖြင့် ပြောဆိုလာပါတယ်။ 

ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ ကိုချစ်ပိုင်မှူးဟာ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး၊ မိသားစု စားဝတ်နေရေးအတွက် မူဆယ်မြို့မှာ ကြုံရာကျပန်း အလုပ်လုပ်ကိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo – Credit ( ယာဥ်တိုက်ခံရပြီး သေဆုံးသွားတဲ့ ကိုချစ်ပိုင်မှူး)

သူတို့မိသားစုဟာ သျှမ်းပြည် မိုင်းရှူးမြို့ဘက်ကနေ အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ကို ရွှေ့ပြောင်းလာကြတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့မိသားစုဟာ မူဆယ်မြို့ပေါ်မှာ ဆွေမျိုးမရှိကြပါဘူး။

နေ့စဥ် မိသားစုအတွက် ရုန်းကန် ရှာဖွေပေးနေတဲ့ ဖခင် သေဆုံးပြီးနောက်ပိုင်းမှာတော့ နန်းခမ်း တစ်ယောက် ဟာ ကလေး (၂) ယောက်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဘာအလုပ် လုပ်ရမယ်ဆိုတာ မသိသလို တဖက်မှာလည်း အမျိုးသားအတွက် တရားမျှတရေးကို ရှာဖွေနေပါတယ်။

“ကျမ အမျိုးသား မီးသင်္ဂြိုလ်ပြီးတဲ့ နေ့မှာ စခန်းမှူးဆိုတဲ့ ရဲကိုလည်း ကျမ သေချာတောင်းဆိုခဲ့ပါတယ်။ သူပြန်ပြောတာက နာရေးကိစ္စကိုသာ အေးဆေး လုပ်နေလိုက်ပါ၊ သူတို့လည်း အလကားမနေဘူး၊ လုပ်ပေးပါ့မယ်တဲ့” လို့လည်း နန်းခမ်းက ရဲစခန်းရဲ့ တုန့်ပြန်မှုကို ပြန်ပြောပါတယ်။

Photo – Credit (ရဲတပ်ဖွဲ့ ရဲ့ ကူညီပါရစေ ဆောင်ပုဒ်)

ဒ့ါပေမယ့် အခုချိန်ထိ ရဲစခန်းမှ ဘာတာဝန်ယူမှုမှ မရှိတဲ့အပြင် ကားတိုက်ခံခဲ့ရတဲ့ ကိုချစ်ပိုင်မှူးရဲ့ ဆိုင်ကယ်လည်း ရဲစခန်းက သိမ်းသွားခဲ့ပါသေးတယ်။ လက်ရှိမှာတော့  နန်းခမ်းဟာ လသားလေးတဖက်နဲ့ အလုပ်လုပ်လို့မရသေးတဲ့အတွက် စားဝတ်နေရေး ဟာ ချေးငှားပြီး စားသောက်နေရတဲ့ အဆင့်ပါပဲ။

သူမဟာ တနယ်တကျေးကနေ မူဆယ်ကို လာရောက်တဲ့သူဖြစ်တဲ့အတွက် အိမ်ထောင်ဦးစီး ပြိုလဲသွားပြီးနောက်မှာတော့ အိမ်ငှားစရိတ်လည်း မတတ်နိုင်ကာ ရှေ့ဆက် ဘာဆက်လုပ်ရမှာလဲဆိုတာ လမ်းပျောက်နေပါတယ်။

“အခုကျမ အမျိုးသားရဲ့ ဆွေမျိုးနဲ့ ကျမရဲ့ အပေါင်းအသင်းတွေကနေ ချေးငှားပြီး စားသောက်နေရတယ်။ ကလေးအငယ်က ၈ လ ဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး” လို့ နန်းခမ်းက ပြောပြလာ ပါတယ်။ 

 မူဆယ်မြို့ဟာ မြန်မာ – တရုတ် နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးပေါင်းစုံ လာရောက်အလုပ်လုပ်ကိုင်တဲ့ ဒေသ တစ်ခုလည်း ဖြစ်သလို ဒုစရိုက်သမားများ၊ လက်နက်ကိုင်ပေါင်းစုံ ကျင်လည် ကျက်စားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

ဒါ့ကြောင့် မူဆယ်မြို့မှာ ယာဥ်တိုက်မှု နေ့စဥ်နဲ့အမျှ ယာဥ်တိုက်မှု ဖြစ်ပွားကြောင်း၊ နယ်စပ်ဒေသတလျောက် တချို့လည်း မူးယစ်ဆေးသုံးစွဲပြီး ယာဥ်မောင်းသဖြင့် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့တွင် လှုပ်ရှားနေသည့် လူမှုကူညီရေး ပရဟိတ အသင်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ ဒီမှာက ယာဥ်တိုက်မှု နေ့တိုင်းပဲ၊ သေတဲ့သူလည်း သေနေတာပဲ။ နေ့တိုင်းလည်း တိုက်နေကြတာပဲ။ ရဲဘက်က စာရင်းလာယူတယ်။ ပြီးရင်ပြီးရောပဲ။ ဘာမှ ထွေထူးတာဝန်ယူတာမရှိဘူး” လို့ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဒါ့အပြင် မူဆယ်မြို့တွင်း ကားတော်တော်များများဟာ လိုင်စင်မဲ့ Without ဖြစ်ပြီး အက်စီးဒန့် နဲ့ ပတ်သက်တဲ့ မှုခင်းတွေကို လိုက်ပေးတဲ့ ရှေ့နေ့လည်း မရှိသလောက် နည်းပါးသလို ရဲတပ်ဖွဲ့လည်း လုံလောက်တဲ့ မှုခင်းစစ်ဆေးမှု မရှိဘူးလို့ မူဆယ်မြို့က တက်ကြွ လှုပ်ရှားသူ အသက် (၃၀) ဝန်းကျင် အိုက်စိုင်းတိုင်း (နာမည်လွဲ) တစ်ဦးကလည်း ပြောပါတယ်။ 

“အက်စီးဒန့်က Without ဆိုရင် အမှုလည်း လိုက်ရခက်လို့ ရှေ့နေတွေ လိုက်ပေးတာလည်း မရှိဘူး။ စစ်အာဏာသိမ်း ပြီးကတည်းက ရဲတပ်ဖွဲ့တွေရဲ့ အဓိက လုပ်ဆောင် ချက်ဟာ ဆန္ဒပြတဲ့ သူတွေကို လိုက်ဖမ်းမယ်၊ နိုင်ငံရေးပုဒ်မလို့ စွပ်စွဲတဲ့ သူတွေကို လိုက်ဖမ်းမယ်၊ အရပ်ထဲမှာ ဖြစ်ပျက်နေတဲ့ ခိုး၊ လုယက်၊ ဓါးပြတိုက်၊ မှုခင်းအရာရာကို သူတို့ အားစိုက်လုပ်တာ မတွေ့ရတော့ဘူး” လို့ အိုက်စိုင်းတိုင်းက ပြောပါတယ်။ 

ဒါ့အပြင် ရဲတပ်ဖွဲ့၏ ကူညီပါရစေ ဆိုင်းဘုတ် စာတန်း နှင့် ဆန့်ကျင်စွာ အပြစ်မဲ့ အရပ်သားတွေကို စွပ်စွဲတာတွေ၊ လိုက်လံဖမ်းဆီးတာတွေ၊  ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေကြတာလို့လည်း အိုက်စိုင်းတိုင်းက ပြောဆိုထားပါတယ်။ 

Photo – Credit ( သျှမ်းပြည်တွင်း ယာဥ်တိုက်မှုဖြစ်ပွားစဥ် ပျက်စီးသွားသည့် ဆိုင်ကယ် )

နယ်စပ်မြို့ ဖြစ်တဲ့ မူဆယ်မြို့ဟာ ကုန်သွယ်ရေး လမ်းကြောင်းအရ အရေးပါတဲ့ နယ်စပ်ဒေသ ဖြစ်တဲ့အတွက် လိုင်စင်မဲ့ (Without) ကားတွေလည်း ပေါများနေပြီး မှုခင်းဖြစ်ပွားပါက အစအန ရှာဖွေရန်၊ ကျူးလွန်တဲ့ တရားခံ သိရှိရန် အလွန်ခက်ခဲကြောင်းလည်း မူဆယ်မြို့နယ်အတွင်း ပရဟိတအသင်းဝင် တစ်ဦးကလည်း အခုလို ပြောဆိုထားပါတယ်။

မူဆယ်မြို့နယ်အတွင်း မောင်းနေသည့် ကားအစီး ၁၀ စီးမှ ၄ စီးသာ လိုင်စင်ပါပြီး ကျန်ကားတွေဟာ လိုင်စင်မဲ့ကားတွေဖြစ်ကြောင်း ပရဟိတ အသင်းဝင်တစ်ဦးက ဆိုပါတယ်။

 “တော်တော်များများကတော့ Without တွေ များတယ်။ အဲ့လိုကျတော့လည်း မှုခင်း တစ်ခုခု ဖြစ်လာပြီဆိုရင် လိုက်ရှာဖို့ မလွယ်ဘူးလေ၊ ဒါကြောင့် ကားတွေဖြစ်ဖြစ်၊ ဆိုင်ကယ်တွေ ဖြစ်ဖြစ် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း လိုက်နာစေချင်တယ်၊ အဲ့လိုမှသာ ဒီယာဥ်တိုက်မှုတွေက မရှိမှာလေ၊ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိကြပါလို့တော့ ပြောဆို တိုက်တွန်းချင်ပါတယ်” လို့ မူဆယ်မြို့နယ်အတွင်းက ပရဟိတ အသင်းဝင် တစ်ဦးက ပြောဆို တိုက်တွန်းထားပါတယ်။ 

မူဆယ်မြို့မှာ နန်းခမ်း လိုကြုံတွေ့ရတဲ့ မိသားစုဝင်တွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် ငွေရှိပြီး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း မသိဘဲ ကားပေါ်တက်မောင်းတဲ့ အကျင့်တွေကို ရပ်သင့်ပြီဖြစ်ကြောင်းလည်း မူဆယ်မြို့ခံတွေက ပြောပါတယ်။

“ကျမတို့လိုဘဝတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ပိုက်ဆံရှိတိုင်း ကားဝယ်နိုင်တိုင်း မောင်းနေတာတွေ ရပ်သင့်ပါတယ်။ ယာဥ်စည်းကမ်း မသိ၊ ကားကိုလည်း စနစ်တကျ မမောင်းတတ်ပဲ မောင်းနေတာတွေလည်း စိစစ်အရေးယူသင့်ပါတယ်”လို့ နန်းခမ်းက တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...