သိန္နီမြို့နယ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အရပ်သားဆိုင်ထဲ ပိုက်ဆံဝင်ယူ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စုတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများသည် အရပ်သားပိုင် ကုန်စုံဆိုင်ထဲဝင်ပြီး ကုန်ပစ္စည်းများ နှင့် ပိုက်ဆံများ လုယူသွား ကြောင်း သိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၇) ရက် ညနေပိုင်း ၃ နာရီဝန်းကျင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စု၊ နားချက် ကျေးရွာ (ဝၢၼ်ႈၼႃးၶႅၵ်း) တွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ပန်ခမ်းရွာကန နားချက်ရွာရောက်သွားတဲ့ အချိန်မှာ ပစ်ခတ်သံလည်း ငြိမ်သွားတယ်၊ တိုက်ပွဲငြိမ်သွားတော့ စစ်ကောင်စီ စစ်ကားက နားချက်ရွာထဲက ကုန်စုံဆိုင်ထဲ ဝင်ပြီး အဲ့ဆိုင်ထဲက မုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ ငါးသေတ္တာတွေ ၊ အံဆွဲထဲက ပိုက်ဆံတွေ အကုန်လုံးလည်း ယူသွားတယ်” ဟု ၎င်း သတင်းများကိုသိရှိသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဦးတည်ချက်မရှိ ထပ်မံ ရမ်းသမ်းပစ်ခတ်မှုများကြောင့် နားချက်ကျေးရွာမှ ကုန်စုံဆိုင်ရှိ နံရံမှာ ကျည်ဆန်ထိမှန်သည့်အပြင် တခြား နေအိမ်နှစ်လုံးထက်မနည်းလည်း လက်နက်ကျည် ထိမှန်ပျက်စီးကြောင်း သိရသည်။

“တချို့က ဆိုင်ထဲဝင်လုနေတဲ့ အချိန် တချို့က လက်နက်ကြီး/ငယ်နဲ့ ရမ်းသမ်း ပစ်ခတ်နေကြတာပေါ့၊ အဲ့မှာ သူတို့ဝင်လုတဲ့ ကုန်စုံဆိုင်ရဲ့ နံရံရော၊ ရွာထဲက နောက်ထပ် အိမ်နှစ်လုံးရော သေနတ်ကျည်တွေ ထိမှန်ပျက်စီးတာ ရှိတယ်” ဟု ၎င်း အမျိုးသမီးက ဆိုပြန်သည်။

ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေစဥ်မှာလည်း မူဆယ် – ကွတ်ခိုင် – လားရှိုး မောင်းနှင်သည့် ကားသမားများလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ အနီးတွင် နာရီဝက်နီးပါး ယာဥ်များရပ်နား ရကြောင်းလည်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြား နှစ်ဖက်တပ်ဖွဲ့များ၏ ထိခိုက်ကျဆုံးမှုများကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

သိန္နီမြို့နယ်အတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ အပြင်၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် SSPP တပ်ဖွဲ့တို့ ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...