နမ့်ဖတ်ကာ တိုက်ပွဲကြား အမျိုးသမီးငယ် တဦးသေ၊ ကလေးငယ် ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာတွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားပြီး အမျိုးသမီးငယ်တဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကာ ကလေးငယ် (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

.

ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် စစ်ကောင်စီ နှင့် TNLA တို့ နှစ်ဘက်တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှ အမှတ် (၁) ၊ (၂) ရပ်ကွက် နှင့် ဟိုပုံရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ် တဦး သေဆုံးပြီး၊ ကလေး ၃ ဦးက ဒဏ်ရာရကြောင်း ကွတ်ခိုင်မြို့ အမျိုးသမီးအရေး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo – Local ( လက်နက်ကြီးထိမှန်ပျက်စီးသွားသည့် နေအိမ်)

“ရပ်ကွက် ၂ မှာ ၁၃ နှစ်အရွယ် ကောင်မလေး ထိတယ်။ ရပ်ကွက် ၁ မှာ ၁၉ နှစ်အရွယ် ကောင်လေး ထိတယ်။ ဟိုပုံမှာကြတော့ ၁၃ နှစ်ကောင်လေး နဲ့ ၁၆ နှစ်ရွယ် ကောင်မလေးကို ထိတယ်။ ၁၆ နှစ်အရွယ်ကောင်မလေး ကတော့ သေသွားတယ်” ဟု ကွတ်ခိုင်မြို့ အမျိုးသမီး အရေး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (သြဂုတ် ၃၀) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် TNLA ယူနီဖောင်းဝတ် လူတစ်စုက (၁၂၃) တပ်ရှေ့ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ လူထိခိုက် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် ဒဏ်ရာ ရခြင်းဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“နမ့်ဖတ်ကာ ဘက်မှာက လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ကြလို့ နေအိမ်တွေကို ထိတယ်။ အရပ်သားဆိုလည်း အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦးကို ထိခိုက်တယ်။ အမျိုးသမီး တစ်ဦးကတော့ ဦးခေါင်းကို လက်နက်ထိတဲ့ အတွက် သေဆုံးသွားရတယ်။ စစ်ကောင်စီဘက်က လက်နက်တွေကို ရမ်းသမ်းပစ်ခတ်လို့ ဖြစ်ရတာပါ” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း၌ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစပြီး စစ်ကောင်စီ နှင့် TNLA တပ် အကြား စစ်ရေးတင်းမာမှုရှိနေခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ရင်း အမှတ် (၁၂၃) ရှေ့ပစ်ခတ်မှု နှင့် ပတ်သက်ပြီး မသိရကြောင်းလည်း ဒု-ဗိုလ်မှူးကြီး တားအိုက်ကျောက် က သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအတွင်း သာမက မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု အတွင်းမှာလည်း စစ်ရေးတင်းမာမှုများ ရှိနေကြပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှု ရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ များပြားလာပြီး နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများလည်း များပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...