Wednesday, January 28, 2026

နမ့်ဖတ်ကာ တိုက်ပွဲကြား အမျိုးသမီးငယ် တဦးသေ၊ ကလေးငယ် ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာတွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားပြီး အမျိုးသမီးငယ်တဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကာ ကလေးငယ် (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

.

ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် စစ်ကောင်စီ နှင့် TNLA တို့ နှစ်ဘက်တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှ အမှတ် (၁) ၊ (၂) ရပ်ကွက် နှင့် ဟိုပုံရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ် တဦး သေဆုံးပြီး၊ ကလေး ၃ ဦးက ဒဏ်ရာရကြောင်း ကွတ်ခိုင်မြို့ အမျိုးသမီးအရေး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo – Local ( လက်နက်ကြီးထိမှန်ပျက်စီးသွားသည့် နေအိမ်)

“ရပ်ကွက် ၂ မှာ ၁၃ နှစ်အရွယ် ကောင်မလေး ထိတယ်။ ရပ်ကွက် ၁ မှာ ၁၉ နှစ်အရွယ် ကောင်လေး ထိတယ်။ ဟိုပုံမှာကြတော့ ၁၃ နှစ်ကောင်လေး နဲ့ ၁၆ နှစ်ရွယ် ကောင်မလေးကို ထိတယ်။ ၁၆ နှစ်အရွယ်ကောင်မလေး ကတော့ သေသွားတယ်” ဟု ကွတ်ခိုင်မြို့ အမျိုးသမီး အရေး လှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (သြဂုတ် ၃၀) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် TNLA ယူနီဖောင်းဝတ် လူတစ်စုက (၁၂၃) တပ်ရှေ့ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ လူထိခိုက် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် ဒဏ်ရာ ရခြင်းဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“နမ့်ဖတ်ကာ ဘက်မှာက လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ကြလို့ နေအိမ်တွေကို ထိတယ်။ အရပ်သားဆိုလည်း အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦးကို ထိခိုက်တယ်။ အမျိုးသမီး တစ်ဦးကတော့ ဦးခေါင်းကို လက်နက်ထိတဲ့ အတွက် သေဆုံးသွားရတယ်။ စစ်ကောင်စီဘက်က လက်နက်တွေကို ရမ်းသမ်းပစ်ခတ်လို့ ဖြစ်ရတာပါ” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း၌ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစပြီး စစ်ကောင်စီ နှင့် TNLA တပ် အကြား စစ်ရေးတင်းမာမှုရှိနေခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ရင်း အမှတ် (၁၂၃) ရှေ့ပစ်ခတ်မှု နှင့် ပတ်သက်ပြီး မသိရကြောင်းလည်း ဒု-ဗိုလ်မှူးကြီး တားအိုက်ကျောက် က သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအတွင်း သာမက မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု အတွင်းမှာလည်း စစ်ရေးတင်းမာမှုများ ရှိနေကြပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှု ရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ များပြားလာပြီး နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများလည်း များပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...