သျှမ်း – ကယား နယ်စပ်ဒေသ တိုက်ပွဲကြောင့် စစ်ရှောင်များထံ စားနပ်ရိက္ခာရောက်ရှိရေး ပိုခက်ခဲလာ

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသတွင် စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် စစ်ရှောင်များထံ စားနပ်ရိက္ခာရောက်ရှိဖို့အတွက် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှစ၍ လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားပြီးနောက်ပိုင်း လမ်းမကြီး အသုံးပြုရန် တားမြစ်ထားကာ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF B-02 က ထုတ်ပြန်ထားသည်။

အဆိုပါ နယ်စပ်ဒေသ၌ စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်များထံ အလှူရှင်မှ ထောက်ပံ့သည့် စားနပ်ရိက္ခာရောက်ရှိရေး ပိုမိုခက်ခဲလာနေပြီး တစ်ဖက်မှာ ရိက္ခာသယ်ယူဖို့အတွက် လမ်းပိတ်ထားသောကြောင့် သယ်ယူဖို့အတွက် ခက်ခဲလာနေကြောင်း ဖယ်ခုံဒေသခံ စစ်ရှောင်ကော်မတီတစ်ဦးက ပြောသည်။

စစ်ရှောင်များ

“ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ အလှူရှင်က ထောက်ပံ့တဲ့ဟာတွေ ရောက်ဖို့က ကြာတယ်။ WFP ပို့တဲ့ဟာမျိုးဆိုရင် ရောက်တော့ရောက်တယ်။ အကုန်လုံးတော့ မရဘူး။ သူတို့ စီမံခန့်ခွဲပေးတာနဲ့ စစ်ရှောင်လက်ထဲကိုတိုက်ရိုက် မရောက်ဘူးပေါ့။ အလှူရှင်ကတော့ ဒီလအတွင်း မလာသေးဘူး။ ပြီးခဲ့တဲ့ လက တစ်အိမ်ကို ဆန်တစ်ပြည်ရသေးတယ်။ လောဆယ် မိုးဗြဲဖက်ကို ဦးစားပေးနေတယ်ဆိုတော့လေ” ဟု ၎င်း ကော်မတီတစ်ဦးက ပြောသည်။

အလားတူ စစ်ရှောင်များအတွက် ရိက္ခာဝယ်ယူပြီး သယ်ယူဖို့အတွက် မိုးဗြဲလမ်းမကြီးကို အသုံးပြုရသော်လည်း လက်ရှိမှာ ဖြတ်သန်းသွား၍ မရတော့ကာ တခြားလမ်းမကြီးကို အသုံးပြုရပြီး PNO စစ်ဆေးရေးဂိတ်များ ဖြတ်သန်းသွားလာရသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ယူ၍ မရပြန်ကြောင်း သိရသည်။

“ မိုးဗြဲလမ်းကြောင်းက ပိတ်သွားပြီဆိုတော့ ကျနော်တို့က ဝယ်ဖို့အတွက် သွားလို့မရတော့ဘူး။ တခြား လမ်းကြောင်းကို ပြန်သွားရတယ်။ အဲ့မှာ PNO ဂိတ်တွေရှိတယ်၊ ဆိုင်ကယ် ၁ စီးကို ၅၀၀ ကောက်တယ်။ ဓာတ်ဆီတို့သယ်ရင်လည်း တစ်ပီပါ ကို ဘယ်လောက်ဆိုပြီး ကောက်တယ်။ ဆန်ကလုံးဝ ပေးမသယ်ဘူး “ ဟု ၎င်း စစ်ရှောင်ကော်မတီက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ စစ်ဆေးရေးဂိတ်၌ ဆန်များပေးမသယ်သောကြောင့် ခိုးသယ်ရပြီး လက်ရှိ ရွှေအပ်ဆန် အမျိုးအစား ၂၄ ပြည် တစ်အိတ်ကို ကျပ်ငွေ ၈ သောင်း ၄ ထောင် ပေးပြီး ဝယ်ယူနေရသည်။

ထို့အပြင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းဒေသရှိ စစ်ရှောင်များသည် စုစုပေါင်း ဦးရေ ၆ ထောင်ဝန်းကျင် ရှိနေပြီး စစ်ရှောင်များအတွက် တစ်လလျှင် ဆန်အိတ်ပေါင်း ၂၀၀ ကုန်ကျကြောင်းလည်း သိရသည်။

“ အခု ကျနော်တို့ဖက်က ခက်ခဲတာတစ်ခုပါပဲ၊ ဆန်နဲ့ဆီပေါ့နော်။ တချို့ဟာ ဟင်းသီးဟင်းရွက်တွေကတော့ တောင်ယာမှာ စစ်ရှောင်တွေ စိုက်ပျိုးထားတော့ ရှာစားရတာ လွယ်တယ်။ တချို့ဆန်သယ်သွားလို့ ရပေမယ့် မမှီတော့ မီးထဲ ပါသွားတာရှိတယ်။ ဒီလဆိုရင် ကျနော်တို့ဖက် မရောက်တော့ဘူး။ အဓိက မိုးဗြဲဖက် ဦးစားပေးပြီး လှူနေတာ” ဟု စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။

စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများကို အရှိန်မြင့် တိုက်ဖျက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းလိုက်ကြောင်း MBPDF (1001)မှ သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...