သျှမ်းဝါရင့် အဆိုတော် စိုင်းလောဝ်ဆိုင်ကို မနက်ဖန် သင်္ဂြိုဟ် သွားမည်

သျှမ်းဝါရင့် တေးရေးတေးဆို ဖြစ်သည့် စိုင်းလောဝ်ဆိုင်၏ ရုပ်အလောင်းကို မနက်ဖန် ( သြဂုတ် ၉) ရက်တွင် သင်္ဂြိုဟ်သွားမည်ဟု သတင်းရရှိသည်။

.

စိုင်းလောဝ်ဆိုင်သည် သြဂုတ် (၇) ရက် ညနေ ၆ နာရီ ၂၅ မိနစ်လောက်တွင် ၎င်း၏ ပြင်ဦးလွင် (မေမြို့) နေအိမ်တွင် ကွယ်လွန် သွားခဲ့သည်။

သူကွန်လွန်ချိန်တွင် အသက် ၈၂ အရွယ်ရှိကြောင်း သိရသည်။

စိုင်းလောဝ်ဆိုင် ၏ ရုပ်အလောင်းကို သြဂုတ် (၉) ရက် နေ့လည် ၁ နာရီတွင် ၎င်း၏ နေအိမ်မှ ၈ မိုင်ကုန်းသုဿန် ၌ သင်္ဂြိုလ်သွားမည်ဟု စိုင်းလောဝ်ဆိုင် နှင့် နီးသူထံမှ သိရသည်။

Photo – Pannyabhoga Herngseng (တေးရေး တေးဆို စိုင်းလောဝ်ဆိုင်)

“လက်ရှိ ရုပ်အလောင်းကိုတော့ နေအိမ်မှာ ရှိထားပါတယ်။ သူ့ ညီဖြစ်တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်၊ စိုင်းလှိုင်းဆိုင် နဲ့ သူတို့ ဆွေမျိုးတွေကို စောင့်နေပါတယ်။ လာမယ့် ဒီဇင်ဘာ ကျရင် သူ့အသက် (၈၃) နှစ်ပြည့်မယ်” ဟု နီးစပ်သူ တစ်ဦး ကပြောသည်။

စိုင်းလောဝ်ဆိုင်သည် ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါ နှင့် အသည်းရောဂါ ဖြစ်ပွားပြီး လွန်ခဲ့သည့် (၂) လကျော်လောက်က ပြင်ဦးလွင် ဆေးရုံမှာ မကြာခဏ ဆေးကုသမှု ခံယူခဲ့ရပါသည်။

ပြီးခဲ့သည့် သြဂုတ် (၃) ရက်တွင် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့်အတွက်ကြောင့် ဆေးရုံသို့ ဆေးကုသမှု ခံယူနေရင်း စိုးရိမ်ရသည့် အခြေအနေ ဖြစ်သည့်အတွက် သြဂုတ် (၇) ရက် ညနေပိုင်းတွင် နေအိမ်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ပါသည်။

Photo – Pannyabhoga Herngseng (တေးရေး တေးဆို စိုင်းလောဝ်ဆိုင်)

“ဆေးရုံမှာကတည်းက ဆရာစိုင်းလောဝ်ဆိုင် က မကြာခဏ အသက်ရှုကြပ်ပြီးတော့ မေ့မျောတာဖြစ်ပြီး နိုးလို့ မရဘူးဖြစ်ခဲ့တယ်။ ဆရာဝန်တွေ လာစစ်ဆေးကြည့်တော့ ဦးနှောက်က လည်ပတ်မှု မရှိတော့ပဲ အောက်စီဂျင် အကူနဲ့ပဲ အသက်ရှုနေရတော့ မိသားစုတွေကလည်း နေအိမ်ကို ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။ နေအိမ်ရောက်ပြီး ညပိုင်း ၆ နာရီကျော်မှာ ဆုံးသွားတာဖြစ်ပါတယ်။”ဟု နီးစပ်သူ တစ်ဦးကပြောသည်။

စိုင်းလောဝ်ဆိုင်သည် သျှမ်းပြည် မူဆယ်မြို့တွင် မွေးဖွားခဲ့ပြီး အဘ လုံးဘခိုင် အမိ ပါနန်းအေးစိန် ဖြစ်ပြီး မွေးချင်းမောင်နှမ (၆) ဦးရှိပါသည်။

အဆိုပါ မွေချင်းမောင်နှမ (၆) ဦးထဲက စိုင်းလောဝ်ဆိုင် သည် သားအကြီးဆုံးဖြစ်ပြီး၊ ညီဖြစ်သည့် စိုင်းလိန်ခမ်း၊ စိုင်းဆမ်၊ အဆိုတော် စိုင်းဆိုင်မောဝ် ၊ အဆိုတော် စိုင်းလှိုင်းဆိုင် ဖြစ်ပြီး ညီမငယ်ဖြစ်သည့် နန်းသိန်းဟန် ဖြစ်ပါသည်။

လက်ရှိ မောင်နှမ (၆) ယောက်ထဲမှာတော့ အဆိုတော် စိုင်းဆိုင်မောဝ် နှင့် စိုင်းလှိုင်းဆိုင် ပဲ ကျန်ရစ်ခဲ့ပါသည်။

စိုင်းလောဝ်ဆိုင်သည် နန်းသီတာ နှင့် အိမ်ထောင်ကျပြီး သား (၃) ယောက် ထွန်းကားခဲ့ကြောင်းလည်း သိရသည်။

စိုင်းလောဝ်ဆိုင် မိသားစု

စိုင်းလောဝ်ဆိုင် ကွယ်လွန်သွားချိန်မှာတော့ ၎င်း ရေးသားခဲ့သည့် သီချင်း စုစုပေါင်း (၂) ထောင်ကျော်ရှိခဲ့ပြီး ပထမဆုံး သီချင်းရေးခဲ့သည့် သျှမ်းသီချင်းကတော့ ကွန်းသီခါ (ၵူၼ်းသီႇၶႃ) သီချင်းပဲဖြစ်ပါသည်။

စိုင်းလောဝ်ဆိုင် သီချင်းများကို တက်သစ်စ သျှမ်းလူငယ် အဆိုတော် သာမက ဝါရင့် သျှမ်းအဆိုတော်များစွာ ပြန်လည် သီဆိုခဲ့ပါသည်။ နောက်ပြီး သူသည် သျှမ်းတော်လှန်ရေး သီချင်းကို ရေးစပ်သီဆိုသည့် သူတစ်ဦး ဖြစ်ကာ လူငယ်များ အတွက် စံပြသျှမ်းအဆိုတော်တစ်ဦးလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...