Wednesday, January 28, 2026

နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟုဆို

နှစ်သောင်းကျပ်တန် ငွေစက္ကူအမှတ်တရ အနေဖြင့် အကန့်အသတ်ဖြင့်သာ ငွေစက္ကူ အဟောင်းများနေရာတွင် အစားထိုး လဲလှယ်ပေးခြင်းဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် က ပြောဆိုလိုက်သည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူး

နေပြည်တော်တွင် တည်ဆောက်ထားသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်ဖြင့် နှစ်သောင်းကျပ်တန် ငွေစက္ကူ ကို ထုတ်ဝေရခြင်း ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေဖို့ နဲ့ ငွေကြေးဖောင်းပွနှုန်းကို ထိန်းချုပ်နိုင်စေဖို့အတွက် ဗဟိုဘဏ်က ငွေကြေး မူဝါဒ ရှိပါတယ်။ ဒါ့ကြောင့် ငွေကျပ်နှစ်သောင်းတန် ကို အမှတ်တရ အနေ နဲ့ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းတွေနေရာမှာ အစားထိုးလဲလှယ်ပေးတဲ့အတွက် ကျပ်နှစ်သောင်းတန် ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ပါဘူး” လို့ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် ကဆိုသည်။

သို့သော် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ နိုင်ငံရေး ရှုပ်ထွေးမှုကြား စီးပွားရေးဘက် ကလည်း ကျဆင်းလာပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းကလည်း မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းကလည်း အဆပေါင်းများစွာ မြင့်တက်လာပြီး ပြည်သူများက အခက်အခဲ မျိုးစုံကြုံတွေ့နေရသည်။

ထို့နောက် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်မည့် သတင်းကြောင့်လည်း အချို့ စျေးဆိုင်များ၊ ကုမ္ပဏီများ၊ ပြည်ပ တင်ပို့သည့် လူသုံးကုန်ပစ္စည်းများလည်း ပြတ်လပ်သည့်အထိ ဖြစ်လာသည်။

“သူတို့က ငွေကြေးဖောင်းပွမှု မရှိဘူး ပြောပေမယ့် အဲ့ငွေစက္ကူ သတင်းထွက်ကတည်းက ထိုင်းပစ္စည်းတွေ ပြတ်တော့တာပဲ။ စားသောက်ကုန်တွေ နောက် လူသုံးကုန်တွေ ပြတ်တယ်။ ကလေး အာဟာရမှုန့်တောင် ဝယ်မရဘူး။ ရှေ့ဆက် ဒီထက် ကျပ်တည်းဖို့ပဲ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေစက္ကူသစ်ထုတ်ဝေမည့် သတင်းကြေညာပြီးနောက်ပိုင်း ပြည်တွင်းရှိ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ရွှေစျေးကွက် ငွေကြေးလဲလှယ်ရေးအပြင် မြေအရောင်းအဝယ်များလည်း ကမောက်ကမ ဖြစ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...