မူဆယ်မြို့နယ် စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအနီး ၊ ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ တစ်ဦးသေ တစ်ဦး ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။

စကစ လေယာဥ်

ယနေ့ (ဇူလိုင်လ ၂၅) ရက် နံနက်ပိုင်းတွင် ဆိုင်းခေါင် (ဝ်) ကျေးရွာအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရှိနေသည့် သတင်းကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေယာဥ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လေယာဥ် နဲ့ ဗုံးကြဲချတာ၊ နေအိမ်တစ်လုံးပေါ် ကျကွဲတယ်။ အမျိုးသား တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်။ အမျိုးသမီးကတော့ ခြေထောက်ကျိုးသွားတယ်။ တခြားနေအိမ် ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုသည့်အပြင် ဆိုင်းခေါင်(ဝ်) ကျေးရွာ အနီးရှိ ကောင်းဝိန်းကျေးရွာတွင်လည်း မြေပြင်စစ်ကြောင်းထိုးကာ ဒေသခံနေအိမ်များအတွင်း ဝင်ရောက်နေရာ ယူထားလက်ရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားများမှ ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံ အမျိုးသား လူငယ်များ တချို့က ရှောင်တိမ်းသွားရကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်းဝိန်းကျေးရွာမှာ စစ်ကောင်စီက ရွာထဲဝင်နေပြီးတော့ ရွာသားတွေကို လမ်းပြခိုင်းတာတွေ လုပ်ခိုင်းနေ တယ်။ အဲ့ဒါကြောင့် လူငယ်တွေ၊ အမျိုးသားတွေ တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီ၊ အခု ဆိုင်းခေါ် (ဝ်) ရွာမှာလည်း ပလောင် စစ်သားတွေက သူတို့အတွက် စားစရာတွေ ပို့ပေးခိုင်းလို့ တချို့ကလည်း တိမ်းရှောင် သွားရတယ်” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မြေပြင်အခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့် လှည့်ပတ်မှုများလည်း ရှိနေကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ဆိုင်းခေါင် (ဝ်) ကျေးရွာတွင် နေအိမ် အပျက်အစီးများ တစ်လုံးထက်မက ရှိနိုင်ကြောင်း နှင့် လက်ရှိ အချိန်ထိ စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် ဒေသအတွင်း လူမှုကူညီရေးအသင်းများ ဝင်ရောက်နိုင်ရန်လည်း ခက်ခဲနေကြောင်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် TNLA သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ပြီး မူဆယ်မြို့နယ် အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...