Tuesday, January 27, 2026

မူဆယ်မြို့နယ် စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအနီး ၊ ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ တစ်ဦးသေ တစ်ဦး ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။

စကစ လေယာဥ်

ယနေ့ (ဇူလိုင်လ ၂၅) ရက် နံနက်ပိုင်းတွင် ဆိုင်းခေါင် (ဝ်) ကျေးရွာအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရှိနေသည့် သတင်းကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေယာဥ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လေယာဥ် နဲ့ ဗုံးကြဲချတာ၊ နေအိမ်တစ်လုံးပေါ် ကျကွဲတယ်။ အမျိုးသား တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်။ အမျိုးသမီးကတော့ ခြေထောက်ကျိုးသွားတယ်။ တခြားနေအိမ် ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုသည့်အပြင် ဆိုင်းခေါင်(ဝ်) ကျေးရွာ အနီးရှိ ကောင်းဝိန်းကျေးရွာတွင်လည်း မြေပြင်စစ်ကြောင်းထိုးကာ ဒေသခံနေအိမ်များအတွင်း ဝင်ရောက်နေရာ ယူထားလက်ရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားများမှ ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံ အမျိုးသား လူငယ်များ တချို့က ရှောင်တိမ်းသွားရကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်းဝိန်းကျေးရွာမှာ စစ်ကောင်စီက ရွာထဲဝင်နေပြီးတော့ ရွာသားတွေကို လမ်းပြခိုင်းတာတွေ လုပ်ခိုင်းနေ တယ်။ အဲ့ဒါကြောင့် လူငယ်တွေ၊ အမျိုးသားတွေ တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီ၊ အခု ဆိုင်းခေါ် (ဝ်) ရွာမှာလည်း ပလောင် စစ်သားတွေက သူတို့အတွက် စားစရာတွေ ပို့ပေးခိုင်းလို့ တချို့ကလည်း တိမ်းရှောင် သွားရတယ်” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မြေပြင်အခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့် လှည့်ပတ်မှုများလည်း ရှိနေကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ဆိုင်းခေါင် (ဝ်) ကျေးရွာတွင် နေအိမ် အပျက်အစီးများ တစ်လုံးထက်မက ရှိနိုင်ကြောင်း နှင့် လက်ရှိ အချိန်ထိ စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် ဒေသအတွင်း လူမှုကူညီရေးအသင်းများ ဝင်ရောက်နိုင်ရန်လည်း ခက်ခဲနေကြောင်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် TNLA သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ပြီး မူဆယ်မြို့နယ် အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...