Tuesday, January 27, 2026

မိုးဗြဲမြို့ထဲ ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရ၊ အမျိုးသား သေဆုံး

သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်တွင် မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာ အိမ်ခြံဝင်းထဲ၌ သေဆုံးသွားကာ ဇနီးဖြစ်သူက ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လင်မယား နှစ်ယောက်က တောင်ကြီးဆေးခန်းမှာ ဆေးပြဖို့လိုလို့ ဆေးမှတ်တမ်းစာအုပ်ကို စစ်ရှောင်နေတုန်း သူတို့ မယူသွားမိဘူး။ ဆေးစာအုပ်လိုလို့ဆိုပြီး ပြန်ယူတာ လင်မယားနှစ်ယောက်က ပြန်ယူရင်း စစ်တပ်က လိုက်ပစ်တာ ယောကျာ်းကနေပြီး ဆိုင်ကယ်ကို မိန်းမ ပေးမောင်းခိုင်းပြီး ဒီအတိုင်းပဲ အသေခံလိုက်တယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားတစ်ဦးသည် အသက် ၄၀ နှစ်အရွယ် ရှိပြီး မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်တွင် နေထိုင်ကာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲ နေထိုင်သည့် မိုးဗြဲမြို့တွင်း နေရပ်မပြန်ဖို့ရန် ပြည်သူ့ကာကွယ်ရေး PDF မှ တားမြစ်ထားသည့်ကြား ပြန်သွားသောကြောင့် မကြာခဏ ပစ်ခတ်ခံနေရပြီး အသက်ဆုံးရှုံးနေရကြောင်း သိရသည်။

“ ဒီချိန်မှာ နေရပ်ပြန်သွားလို့ မရတဲ့ အခြေအနေဖြစ်တဲ့ အတွက် ပြည်သူ့ကာကွယ်ရေး PDF တွေကလည်း သတိပေးထားတယ်။ ပြောရမယ်ဆို ကျနော်တို့ ပြည်သူတွေကလည်း စကားနားမထောင်ဘူး။ တိုးတိုးတိတ်တိတ် ခိုးပြန်သွားကြတာပေါ့။ အဲ့မှာက စစ်တပ်က တပ်စွဲထားတော့ ပြန်သွားရင် စစ်တပ်က မဆင်မခြင်၊ ပြည်သူကို ရန်သူလို့ သဘောထားပြီး ပစ်ခတ်သတ်ဖြတ် ခံရတဲ့သူတွေလည်း မနည်းတော့ဘူး “ ဟု ၎င်းခိုင်မာသည့် သတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

ထို့ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း၊ ရိက္ခာ၊ ပစ္စည်း ပြန်သယ်ယူခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...