မိုးဗြဲမြို့ထဲ ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရ၊ အမျိုးသား သေဆုံး

သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်တွင် မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာ အိမ်ခြံဝင်းထဲ၌ သေဆုံးသွားကာ ဇနီးဖြစ်သူက ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လင်မယား နှစ်ယောက်က တောင်ကြီးဆေးခန်းမှာ ဆေးပြဖို့လိုလို့ ဆေးမှတ်တမ်းစာအုပ်ကို စစ်ရှောင်နေတုန်း သူတို့ မယူသွားမိဘူး။ ဆေးစာအုပ်လိုလို့ဆိုပြီး ပြန်ယူတာ လင်မယားနှစ်ယောက်က ပြန်ယူရင်း စစ်တပ်က လိုက်ပစ်တာ ယောကျာ်းကနေပြီး ဆိုင်ကယ်ကို မိန်းမ ပေးမောင်းခိုင်းပြီး ဒီအတိုင်းပဲ အသေခံလိုက်တယ် “ ဟု ၎င်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားတစ်ဦးသည် အသက် ၄၀ နှစ်အရွယ် ရှိပြီး မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်တွင် နေထိုင်ကာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲ နေထိုင်သည့် မိုးဗြဲမြို့တွင်း နေရပ်မပြန်ဖို့ရန် ပြည်သူ့ကာကွယ်ရေး PDF မှ တားမြစ်ထားသည့်ကြား ပြန်သွားသောကြောင့် မကြာခဏ ပစ်ခတ်ခံနေရပြီး အသက်ဆုံးရှုံးနေရကြောင်း သိရသည်။

“ ဒီချိန်မှာ နေရပ်ပြန်သွားလို့ မရတဲ့ အခြေအနေဖြစ်တဲ့ အတွက် ပြည်သူ့ကာကွယ်ရေး PDF တွေကလည်း သတိပေးထားတယ်။ ပြောရမယ်ဆို ကျနော်တို့ ပြည်သူတွေကလည်း စကားနားမထောင်ဘူး။ တိုးတိုးတိတ်တိတ် ခိုးပြန်သွားကြတာပေါ့။ အဲ့မှာက စစ်တပ်က တပ်စွဲထားတော့ ပြန်သွားရင် စစ်တပ်က မဆင်မခြင်၊ ပြည်သူကို ရန်သူလို့ သဘောထားပြီး ပစ်ခတ်သတ်ဖြတ် ခံရတဲ့သူတွေလည်း မနည်းတော့ဘူး “ ဟု ၎င်းခိုင်မာသည့် သတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

ထို့ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း၊ ရိက္ခာ၊ ပစ္စည်း ပြန်သယ်ယူခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...