စစ်ကောင်စီ နှင့် ဆက်နွယ် လူပုဂ္ဂိုလ် ၆ ဦး နှင့် သတ္တုတွင်းလုပ်ငန်း EU ထပ်မံ ဒဏ်ခတ်

စစ်ကောင်စီ၏ ဝန်ကြီး ၃ ဦး နှင့် စစ်ကောင်စီ နှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၆ ဦး တို့အပြင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပ သမဂ္ဂ (EU) က ထပ်မံ ဒဏ်ခတ်လိုက်ကြောင်း ဇူလိုင် ၂၀ ရက် တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်သူမှ ဆန္ဒဖော်ထုတ်

ဥရောပ သမဂ္ဂ မှ ထပ်မံ အရေးယူလိုက်သည့် သူများမှာ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်း နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ကျော်မင်း နှင့် Porel အောင်သိန်း တို့အပြင် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်း ဌာနသည် မြန်မာစစ်တပ်အတွက် ဝင်ငွေရအောင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည့် အတွက်ကြောင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူမှ ဆန္ဒဖော်ထုတ်

ထိုအရေးယူမှုသည် သတ္တမအကြိမ်မြောက် အရေးယူခြင်း ဖြစ်ပြီး၊ ထိုအရေးယူခံရသူများသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံ့တည်ငြိမ်အေးချမ်းမှုအတွက် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်စေသည့်အတွက် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ အရပ်သားပြည်သူများကို နှိပ်စက်ညှဉ်းပန်းမှု၊ လိင် နှင့် ကျားမ အခြေပြုအကြမ်းဖက်မှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် သတင်းသမားများကို ဖမ်းဆီးနှိပ်ကွပ်နေမှုများလည်း ဆက်တိုက်ရှိနေသည်။

ပြည်သူမှ ဆန္ဒဖော်ထုတ်

ထို့အပြင် ဧပြီ (၁၀) ရက်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပစ်ခတ်မှုရှိနေသည့်အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့်လည်း အရပ်သား ၂၀၀ နီးပါး သေဆုံးမှု ဖြစ်ပွားသည့်အတွက် စစ်ကောင်စီ၏ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို EU က ရှုပ်ချကြောင်းလည်း ဆိုသည်။

ယခုကဲ့သို့ အရေးယူ ဒဏ်ခတ်ထားသူများ၏ ပိုင်ဆိုင်မှုများကို (EU) မှ ထိန်းချုပ်မှာဖြစ်ပြီး ခရီးသွားခွင့် နှင့် EU အဖွဲ့ဝင်နိုင်ငံသားများ ငွေကြေး ဆက်သွယ် ထောက်ပံ့မှုများကိုပါ ပိတ်ပင် တားမြစ်လိုက်သည်။

ဇွန်လ ၂၁ ရက်တွင်လည်း စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဝင်၊ အထွက် နှင့် ငွေပေးချေမှုတို့တွင် အရေးပါသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...