တော်လှန်ရေး ကာလအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ Single Mom တစ်ဦး ရဲ့ စိန်ခေါ်မှု

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့သူလည်းဖြစ် Single Mom တယောက်လည်းဖြစ်တဲ့ Justice Movement For Community – Innlay အဖွဲ့ရဲ့ ဒါရိုက်တာ မယုလှိုင်သင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က တွေ့ဆုံ မေးမြန်းထားပါတယ်။

မယုလှိုင်သင်း

Justice Movement for Community – Innlay ဟာ အင်းလေးဒေသအတွင်း စောင့်ကြည့် လေ့လာရေးနဲ့ တရားမျှတရေးကို ဦးတည်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို နိုင်ငံရေးအမြင်၊ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး သင်တန်းတွေပေးခဲ့သလို ကမ်ပိန်းတွေလည်း လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လက်ရှိမှာ ဘယ်လို ရုန်းကန်နေရလဲ။ လွှတ်မြောက်နယ်မြေရောက်ရှိလာပေမယ့် ဘယ်လိုခက်ခဲမှုတွေ စိန်ခေါ်မှုတွေ ဘယ်လိုရှိလဲဆိုတာ မေးမြန်းထားပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ကို တော်လှန်ရေး ကာာလအတွင်း ကျား၊ မ တန်းတူညီမျှမှုကို ပြောဆိုနေပေမယ့် အမျိုးသမီးတွေ ဘယ်လို ဖိနှိပ်ဆက်ဆံခဲ့ရတာ ခွဲခြားဆက်ဆံခဲ့ရတာတွေကိုလည်း မယုလှိုင်သင်းက ပြောဆိုထားပါတယ်။

မေး ။. ။ အရင်က အင်းလေးဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ သာယာ ငြိမ်းချမ်းတဲ့ ဒေသတစ်ခုဖြစ်ခဲ့တယ်။ စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ တော်လှန်ရေး လှုပ်ရှားမှုတွေ ရှိလာတယ်။ ပြီးတော့ လူငယ်တွေကို ဖမ်းဆီးမှုတွေ များလာတာကို တွေ့ရတယ်။ နိုင်ငံရေးမှာလည်း ပိုပြီး လှုပ်ရှားလာတာ တွေ့ရတယ်။ ဒီအပေါ်မှာရော အင်းလေးသူ အနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ ဟိုးအရင်တုန်းက တော်တော်များများက ပြောကြတယ်။ အင်းသားတွေဟာ ပဲပုတ်စားပြီး ခေါင်းပြား အောင် အိပ်တဲ့သူတွေ ဖြစ်တယ်ဆိုပြီးတော့လေ။ သူများ အရေးဆိုရင် စိတ်မဝင်စားဘူး၊ ကိုယ့်မိသားစု စားဝတ် နေရေးကိုသာ အဓိက ဦးတည်ပြီးတော့ လုပ်ဆောင်နေကြတယ် ဆိုပြီးတော့ ပြောကြတယ်။ အခု စစ်အာဏာ သိမ်း တဲ့ အနေအထားရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဖက်ဖက်က ယိုယွင်းပျက်စီးလာတဲ့ အခြေအနေကို ကျမတို့ အင်းသူ/သားတွေက တိုက်ရိုက် ခံစားနေရတယ်။ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျမတို့ အင်းသူ / အင်းသားတွေက ထကြွလာပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ လုပ်ဆောင် လာကြတာ ဖြစ်တယ်။

မေး ။ ။ အမအနေ နဲ့ရော တော်လှန်ရေး လှုပ်ရှားမှုမှာ ဘယ်ကနေ ဘယ်လို ပါဝင်လုပ်ဆောင်လာဖြစ်လဲ ဆိုတာ ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငါးနှစ်တာ ကာလအတွင်းမှာ အင်းလေးဒေသက အေးအေးချမ်းချမ်း ရှိခဲ့တယ်။ ပြည်သူလူထုတွေကလည်း ဒီမိုကရေစီ ဆိုတဲ့ အနှစ်သာရ က ဘာလဲဆိုတာကို ကောင်းကောင်း ခံစားနားလည်သွားတယ်။ ပြီးတော့ ခုနက ပြောတဲ့ လူတစ်ယောက်ရဲ့ အခြေခံ စားဝတ်နေရေးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စတာတွေရဲ့ အခွင့်အရေးတွေ ပြီးတော့ တခြား အကျိုးရလဒ်တွေကို သူတို့က သိသွားတဲ့ အချိန်မှာ စစ်ကောင်စီက အာဏာသိမ်း ယူလိုက်တယ်။ ဒီလိုဖြစ်လာတော့ လူထုက လုံးဝ မကျေနပ်ဘူး၊ မကြိုက်ဘူးပေါ့နော်။ တတ်နိုင်တဲ့ ဖက်ကနေ တော်လှန်မယ်ဆိုပြီးတော့ ဖြစ်လာကြတယ်။ အဲ့ဒီလိုနဲ့ ကျမကလည်း ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ပတ်သက် လာခဲ့တာပါ။

ကျမက ဒီတော်လှန်ရေးကြီး မဖြစ်ခင် အရင်အချိန်တုန်းက ကလေးသူငယ် အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေကို ကျမ လုပ်ခဲ့တယ်။ အရင် ဒီမိုကရေစီ လမ်းကြောင်း အတိုင်းသွားနေပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာတောင်မှ ဒီလို လူ့အခွင့်အရေး လှုပ်ရှားမှုတွေက အခက်အခဲတွေ ရှိခဲ့တာ။ ဒါပေမဲ့ ကျမတို့က အဆင်ပြေအောင်၊ ရအောင် လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းတော့ ငါလုပ်ခဲ့သမျှ အရာအားလုံးက ပျက်သွားပြီ ဆိုတဲ့ ခံစားချက်မျိုးက လူကို လုံးဝ အားပျက်သွားစေတယ်။ အဲ့အချိန်မှာ ကျမ ပြန်စဥ်းစားမိတယ်၊ ဒီ စစ်အာဏာသိမ်းတာနဲ့ ငါတို့က ဒီအတိုင်းပဲ ပြီးသွားမလားဆိုတဲ့ အတွေးမျိုး ဝင်လာတော့ ငါတို့လုပ်လို့ရတာ ဘာရှိလဲ ဆိုပြီးတော့ တွေးမိတယ်။

အဲ့လို တွေးမိတဲ့ အချိန်မှာတော့ ကျမက ကျမ နဲ့ သိတဲ့ လူငယ်တွေ၊ မိတ်ဖက် အဖွဲ့အစည်းက လူငယ်တွေကို ချိတ်ဆက်ပြီး ဆန္ဒပြဖို့ကို စီစဥ်ကြတယ်။ ၈၈ ရဲ့ နိုင်ငံရေး ဒဏ်တွေကို ခံစားဖူးတဲ့ လူကြီးပိုင်းတွေကတော့ ဆန္ဒပြတွေ မလုပ်ကြဖို့ တားမြစ်ခဲ့တာလည်း ရှိခဲ့တယ်။ ၈၈ တုန်းက ကြုံတွေ့ ခဲ့ရတဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို နောက်တစ်ကြိမ် ပြန်ပြီး ရင်ဆိုင်ရမှာကို သူတို့က ကြောက်ကြတယ်ပေါ့။ ဒါပေမဲ့ ကျမတို့နဲ့ အတူ လူငယ်တော်တော်များများက ပါလာကြတယ်။ အင်းလေး ဒေသထဲက ရေပေါ် သပိတ်တွေ အပြင် တောင်ကြီး၊ ညောင်ရွှေ မြို့တွေ တက်ပြီးလည်း ဆန္ဒပြတာတွေ လုပ်နိုင်ခဲ့တယ်။ အဲ့လိုတွေ လုပ်ရင်း နဲ့ စောင့်ကြည့်ခံရတဲ့ စာရင်းထဲမှာ ပါနေပြီဆိုတာ သိရတဲ့ အချိန် ကျမကလည်း ကြောက်ပြီး ထွက်ပြေးခဲ့ရတယ်။

ကျမ ထွက်ပြေးရပေမဲ့ ရောက်တဲ့ နေရာမှာ တော်လှန်ရေး လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ကျမ နိုင်သလောက် ဆက်လုပ်ခဲ့တာ ဒီကနေ့အထိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မေး ။ ။ အမျိုးသမီးတစ်ယောက် အနေ နဲ့ ဒီလောက်ထိ လုပ်ဆောင်နိုင်ဖို့ ကိုယ့်မိသားစုဝင်တွေရဲ့ ကူညီထောက်ပံ့မှု တွေရော ရခဲ့လား၊ ရှိခဲ့လား။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက ကလေးနှစ်ယောက် နဲ့ အပျိုပေါ့နော်။ Single Mother တစ်ယောက်ပါ။ ယောက်ျားက မရှိတော့ဘူး။ မကွဲခင်တုန်းကလည်း ကျမ အမျိုးသားဆီက ကူညီထောက်ပံ့မှုတွေကို ဘာတစ်ခုမှ မရခဲ့ပါဘူး။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကနေ ကူညီထောက်ပံ့ပေးမှုကတော့ အများကြီး ရခဲ့တယ်။ ကျမ အမျိုးသားရဲ့ ကူညီထောက်ပံ့မှု တစ်ခုမှ မယူပဲနဲ့ ကျမ ဒီအခြေအနေထိ ရောက်အောင် လာနိုင်ခဲ့တာ။

မေး။. ။ single Mother တစ်ယောက် ဖြစ်နေတော့လေ တော်လှန်ရေးကာလမှာ တက်ကြွလှုပ်ရှားသူ ဖြစ်လာတော့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရလဲ၊ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတော့ ဘယ်လိုအရာက တွန်းအား ဖြစ်စေခဲ့လဲ။

ဖြေ ။ ။ အခက်အခဲတွေကတော့ ပြောရမယ်ဆိုရင် ပြောလို့ ပြီးနိုင်မှာ မဟုတ်ဘူး။ အဓိက ကတော့ ကျမတို့ သားအမိ သုံးယောက်ဖြစ်တယ်ဆိုတော့ စားဝတ်နေရေးအတွက်ရော၊ အသုံးစားရိတ်အတွက်ရော စိုးရိမ်ပူပန် ရတာတွေ ရှိတယ်။ တခါတလေ နေမကောင်းတဲ့ အချိန်မှာတောင်မှ ကျန်းမာရေးအတွက် အသုံးစားရိတ်မရှိ၊ ဆေးဖိုးလုံးဝ မရှိတဲ့ အချိန်တွေ ရှိခဲ့တယ်။

နောက်တခုက အမျိုးသမီးတစ်ယောက် အနေ နဲ့ ထွက်ပြေးလာရတဲ့ အချိန်မှာ ထွက်ပြေးလာသူ အချင်းချင်း ယောက်ျား၊ မိန်းမ ဆိုပြီးတော့ အချင်းချင်းကြားခွဲခြား ဆက်ဆံခံရတာတွေလည်း ရှိနေတယ်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေပေါ့ အဲ့လိုမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ အဲ့လိုတွေ ကြုံတွေ့တော့လည်း လုပ်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ အားလုံးကို ရပ်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ကျမရဲ့ လုပ်ဖော် ကိုင်ဖက်တွေ သူငယ်ချင်းတွေကို ဆက်သွယ်စကားပြောကြည့်တဲ့ အချိန်မှာတော့ အဲ့လိုက မတွေးမိတော့ဘူး။ ကိုယ်က အသတ်ခံရမှာ ကြောက်လို့၊ အဖမ်းခံရမှာစိုးလို့ ပြည်ပကို ထွက်ပြေးလာကြပေမဲ့ သူတို့က စွန့်လွတ်ပြီး ပြည်တွင်းမှာ အလုပ်ဆက်လုပ်နေသေးတယ်ဆိုပြီး တွေးမိတဲ့ အချိန်အား ပြန်ရှိလာတယ်။ အဲ့လိုနဲ့ ကျမက အားတင်းပြီး ဒီလမ်းကို ဆက်လျှောက်နေကြတာပေါ့။

မေး ။. ။ အရင်က နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားက မထင်ရှားခဲ့ဘူး။ ဒါပေမဲ့ ဒီစစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်ခဲ့တာ တွေ့ရတယ်။ ဒီအပေါ်မှာရော အမအနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ အမျိုးသမီးတွေက နိုင်ငံရေး လောကထဲ၊ တော်လှန်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်လာတာကို ကျမ အနေ နဲ့ အရမ်းသဘောကျတယ်။ အရင်တုန်းကလို အမျိုးသမီးဆိုတာ မီးဖိုချောင်ထဲ ချက်ပြုတ်နေရမယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ ဒီစစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ တော်လှန်ရေးထဲ ပါဝင်လာတဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေ ပိုမိုတွင်ကျယ်လာတာ တွေ့မြင်ရတယ်။ တောထဲကနေ လက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့ အမျိုးသမီးတွေ အပြင် နိုင်ငံတကာ အဆင့်ထိ အဆင့်ဆင့်တိုင်း မှာဆိုရင် အမျိုးသမီးတွေ ပါဝင်လှုပ်ရှားနေကြတာ တွေ့ရတယ်။

မေး ။ ။ နောက်တစ်ခု မေးချင်တာကတော့ ကျမတို့ သျှမ်းပြည်ဟာ လက်ရှိမှာတော့ တိုက်ပွဲတွေ သိပ်မရှိပေမဲ့ တခြားပြည်နယ်တွေထက် စစ်ရှောင်ဦးရေတွေ အများဆုံးဖြစ်နေတယ်။ ဒီ စစ်ရှောင် အပေါ်မှာရော အမအနေနဲ့ ဘယ်လို မြင်မိလဲ။ စစ်ရှောင်တွေက ဘယ်လို ကူညီထောက်ပံ့မှုတွေ လိုလဲပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျမတို့ သျှမ်းပြည်က ကရင်နီပြည်နဲ့လည်း ထိစပ်နေတော့ စစ်ရှောင်လူဦးရေက တော်တော် လေးကို များပါတယ်။ စစ်ရှောင်တွေထဲမှာဆိုလည်း အမျိုးသမီး နဲ့ ကလေးပေါ့နော်။ ပြီးတော့ သက်ကြီးရွယ်အိုတွေ ပါဝင်နေတယ်။ မသန်စွမ်းတဲ့ သူတွေလည်း အများကြီး ပါဝင်လာတယ်။ တချို့ စစ်ရှောင်တွေက ပြန်စရာ အိမ်တွေတောင် မရှိတော့ဘူး။ သူတို့ စားဝတ်နေရေးတွေကလည်း လိုအပ်ချက်များစွာ နဲ့ ရှိနေတော့ ကိုယ်ချင်းစာမိတယ်။ ကိုယ်ကလည်း အိမ်ပြန်ချင်နေသလိုမျိုး၊ သူတို့လည်း အိမ်ပြန်ချင်နေကြမှာပဲလို့ တွေးမိတယ်။

မေး ။ ။ သျှမ်းပြည်ဟာဆိုရင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတယ်ဆိုတော့ သျှမ်းပြည် အရေးနဲ့ ပတ်သက်ပြီး အမ အနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ သျှမ်းပြည် အရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရှက်စရာတစ်ခုလို့ ကျမ မြင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံနေထိုင်ကြတဲ့ သျှမ်းပြည်ဟာ အချင်းချင်း ဖိုက်နေကြတာ ရှိတယ်။ စစ်ကောင်စီ နဲ့ ပြောင်ပြောင်တင်းတင်း တွေ့ပြီး လူထုကို ပြန်သတ်နေတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေတယ်။ စစ်အာဏာ မသိမ်းခင်တုန်းက လူထုတွေက တိုက်ပွဲတွေ ရပ်ပါတော့လို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို မရပ်ပဲ အခုလိုချိန် လူထုက တက်ညီလက်ညီ နဲ့ တော်လှန် ကြရအောင်လို့ တွန်းအားပေးနေမှုကိုလည်း ဥပေက္ခာ ပြုထားတယ်။ သျှမ်းပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တက်ညီလက်ညီနဲ့ စစ်ကောင်စီကို တော်လှန်သင့်တယ်။

မေး ။. ။ သျှမ်းပြည်အတွင်း အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသူ တစ်ဦး အနေနဲ့ လာမယ့် အနာဂတ်မှာ သျှမ်းပြည်ကို ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ ။ ။ ကျမတို့ အလိုချင်ဆုံးကတော့ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်စေချင်တာပေါ့နော်။ အဲ့လိုဖြစ်အောင်လည်း ကျမတို့က တတ်နိုင်သလောက် ကူညီထောက်ပံ့နေတယ်။ သျှမ်းပြည်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး စစ်ကောင်စီကို တိုက်ထုတ်ဖို့ စစ်အာဏာရှင် ပပျောက်ဖို့ အတူတကွ ပူးပေါင်း လုပ်စေချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ရဖို့ဆိုတာကတော့ အကုန်လုံးတက်ညီ လက်ညီ သွားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မေး ။. ။ ထပ်မံဖြည့်စွက်တာ ရှိရင် ပြောပေးပါ။

ဖြေ ။ ။ ကျမပြောချင်တာက လက်ရှိ ကျမတို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ စစ်ကောင်စီက နိုင်ငံတကာ စစ်ရာဇဝတ် သား ဖြစ်နေတယ်။ ရက်စက် ကြမ်းကြုတ်တဲ့ သူတို့ရဲ့ လုပ်ရပ်တွေ အားလုံးကို နိုင်ငံတကာက ရထားပြီးသား ဆိုပေမဲ့ နိုင်ငံတကာက အရေးယူမှုက ထိရောက်မှု အားနည်းနေတယ်။ ကျမတို့ဘက်ကနေလည်း နည်းလမ်း အမျိုးမျိုးနဲ့ တင်ပြနေတယ်။ သို့ပေမဲ့လည်း နိုင်ငံတကာ ရဲ့ အရေးယူမှုက အားနည်းနေတယ်။ မြန်မာနိုင်ငံသားတွေက ကိုယ့်တာဝန်ကိုယ်ကျေ နေသလို နိုင်ငံတကာကလည်း သူတို့တာဝန် သူတို့ ကျေဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...