Monday, May 6, 2024

လားရှိုး မြို့မဈေးအတွင်း ဗုံးပေါက်ကွဲ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် လားရှိုးမြို့ မြို့မဈေးအတွင်းရှိ “ဇွဲထက်”ရွှေဆိုင်ရှေ့တွင် ယနေ့ (ဇူလိုင် ၁၅) ရက် နံနက် ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွဲထက်ရွှေဆိုင်

အဆိုပါ ပေါက်ကွဲမှုကြောင့် ဇွဲထက် ရွှေဆိုင်မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှ ၂ ဦး သည် ဒဏ်ရာပြင်းထန်ကြောင်း ပေါက်ကွဲမှု အနီးတွင် နေထိုင်သည့် သူတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၅ ဦး လောက်ရှိမယ်။ ၂ ဦး ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဝန်ထမ်းတွေထိခိုက်တာပါ။ ဆိုင်ကယ် မီးလောင်တယ်။ ပေါက်ကွဲမှုက ပြင်းတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းက ဆိုပြန်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် “ဇွဲထက်” ရွှေဆိုင်သည် လားရှိုးမြို့ စစ်မှုထမ်းဟောင်း အရာရှိ တဦးပိုင်ဆိုင်ထားသည့် ရွှေဆိုင်ဖြစ်ပြီး၊ ထိုရွှေဆိုင် နှင့် ပတ်သက်ပြီး Boycott ပြုလုပ်ရန် စာရင်းထဲတွင် ပါသည့် ရွှေဆိုင်တစ်ခုလည်းဖြစ်သည်။

“ဇွဲထက်” ရွှေဆိုင်နာမည်ဖြင့် မြန်မာတဝှမ်းလုံးတွင် ခမ်းခမ်းနားနား ဖွင့်လှစ်ထားကြောင်း သိရသည်။

“အခု ပေါက်ကွဲမှု ဖြစ်တာက ဘယ်သူလာလုပ်တယ်။ ဘယ်သူ့ဆိုင် မလို့ဆိုတာ မပြောလိုပါဘူး။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ က ဝန်ထမ်းတွေလေ။ ဒါတွေကို ထည့်သွင်းစဥ်းစားပေးဖို့ လိုအပ်ပါတယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လတွင်လည်း လားရှိုးမြို့ရှိ Fully Light Hotel မှ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် အသောက စက်သုံးဆီပန့် ဆီဆိုင်တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article