ကိုယ်ပိုင်ကျောင်းများ ဖိအားပေးခံရ

စစ်ကောင်စီ လက်အောက်ခံ အစိုးရကျောင်း မဟုတ်သည့် ကိုယ်ပိုင်ကျောင်းများသည် စစ်ကောင်စီ၏ သတ်မှတ်စည်းကမ်း နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာပါက ကျောင်းပိတ်ရသည့်အထိ အရေးယူသွားမည်ဟု ဖိအားပေး ခံနေရကြောင်း စုံစမ်း သိရသည်။

ကျောင်းသား/သူများ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပညာရေးစနစ် ကျဆင်းလာရာမှ လူငယ်များသည် စစ်အာဏာရှင် ပညာရေး စနစ်ဆိုသည့် အစိုးရကျောင်းကို ဆက်မတက်ချင်သောကြောင့် ကိုယ်ပိုင်ကျောင်းများ၌ ဆက်လက် ပညာသင်ကြား နေကြသည်။

“ကျမတို့ကတော့ ဖွင့်လာတာကြာပြီ အဲ့ကျောင်းက စည်းကမ်းတွေက သိပြီးသားပါ။ အခုဟာက မသိတော့ပါဘူး။ ကျောင်းသားစာရင်းတွေ ပြန်တောင်းပြီး ပြန်လုပ်နေကြတာ။ အခု အစိုးရခေတ်က ဘာတွေလုပ်မှန်းကို မသိတော့ဘူး“ ဟု တောင်ကြီးမြို့ အမည်မဖော်လိုသူ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်သူ တစ်ဦးက ပြောသည်။

အဆိုပါ အစိုးရကျောင်း မဟုတ်သည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများသည် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ်ခန့် စစ်ဆေးမေးမြန်းမှု ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသူ၊ ကျောင်းသားများက ကိုယ်ပိုင်ကျောင်းများ၌ ရွှေ့ပြောင်း ပညာသင်ကြားလာသည့်အပေါ် ဖိအားပေး ခံနေရခြင်း သိရသည်။

ထို့အပြင် ကိုယ်ပိုင်ကျောင်းများတွင် ပညာရေးကျောင်းစာအပြင် လက်ရှိတွင် ဂီတ၊ ကွန်ပျူတာသင်တန်း၊ ဘာသာစကား စသည်ဖြင့် ပညာရပ်များ ထည့်သွင်းသင်ကြားလာသောကြောင့် ကျောင်းသူ၊ ကျောင်းသား ဦးရေ ပိုများလာနေကြောင်း သိရသည်။

“ဒီနှစ် ကျောင်းမှာတော့ ကျောင်းသား၊ ကျောင်းသူတွေ ပိုများလာတာပေါ့။ ကျောင်းမှာလည်း ကျောင်းစာတွေ အပြင် ဂီတတွေ၊ ကွန်ပျူတာတွေ၊ ဘာသာစကားတွေ သင်ပေးတယ်လေ။ အခု နိုင်ငံခြားတွေသွားရင် မျက်နှာမငယ်ရအောင်လို့ ဘာသာစကားတွေမှာလည်း အင်္ဂလိပ်အပြင် တရုတ်တွေလည်း သင်ပေးတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် စာသင်ကျောင်းတွင် နိုင်ငံရေး မသင်ကြားရန်နှင့် ကျောင်းသားများကို နိုင်ငံရေး နှင့် ပတ်သက်ပြီး သင်ကြားပို့ချခြင်း မပြုလုပ်ရန် စစ်ကောင်စီက မှာကြားထားကြောင်း CDM ဆရာများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...