သျှမ်းပြည်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်း ကွယ်လွန်ခြင်း ၃၂ နှစ်ပြည့် အောင့်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားအား ထိုင်း – မြန်မာနယ်စပ်ရှိ ၄င်း၏ ဂူဗိဗ္မာန်မှာ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ ဇူလိုင် (၁၁) ရက် မနက်ပိုင်းမှာ ဗိုလ်မိုးဟိန်း ကွယ်လွန်ခြင်း (၃၂) နှစ်ပြည့် အောင့်မေ့ခြင်း အလှူအား ထိုင်း – မြန်မာ နယ်စပ်ရှိ ချင်းမိုင်ခရိုင် ပိန်းလုံမြို့နယ် လတ်တိုင်ကျေးရွာရှိ ဝတ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် အမျှဝေခဲ့သည်ဟု သိရသည်။

အဆိုပါ အောင့်မေ့ဖွယ်အခမ်းအနားသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ဆောင်ရွက်သူ ဦးခွန်စိုင်း အပါအဝင် ဗိုလ်မိုးဟိန်း၏ တပည့်တပန်းဟောင်းများ ကေဒါတပ်သားများလည်း တက်ရောက်ကြောင်း၊ ဝိန်းဟိုင်မြို့နယ် ၊ ပိန်းလုံအုပ်စု ၊ လတ်တိုင်ရွာ တို့မှ ဆိုင်ရာအာဏာပိုင်များလည်း တက်ရောက်ခဲ့ကြောင်းသိသည်။
သျှမ်းညီညွတ်ရေးစွမ်းဆောင်မှုသမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့သော တော်လှန်ရေးခေါင်းဆောင် ဗိုလ်မိုးဟိန်း အမည်ရ စဝ်ကွဏ်းဇိဏ်း သည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ အသက် ၆၆ နှစ်အရွယ်တွင် သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။












Leave a Comments