Monday, May 6, 2024

UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော် ပထမဆုံး အကြိမ် သင်တန်းဆင်း

Must read

“ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်အတွက် ပထမဆုံး သင်တန်းဆင်းပွဲ အကြိမ် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

“ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်

ဇွန်လနှောင်းပိုင်းတွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး UWSA ပါတီဝင် ကေဒါ အရာရှိငယ် ၅၀၀ ကျော် နှင့် အုပ်ချုပ်ရေး၊ စစ်ရေး နှင့် နိုင်ငံရေး ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် UWSA မှ ထိပ်တန်းခေါင်းဆောင်ကြီး ၃ ဦးလည်း တက်ရောက် စကားပြောခဲ့ပြီး UWSA/UWSP ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ ဥက္ကဌလည်း ဖြစ်သည့် ပေါက်ယိုချန်း အစား တွဲဖက် အထွေထွေအတွင်းရေးမှူး ဒု – ဥက္ကဌ ရှောက်မင်လျန်မှ အမှာစကား ပြောဆိုခဲ့သည်။

“ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်

ရှောက်မင်လျန် အမှာစကားတွင် “သင်တန်းဆင်းသွားတဲ့ လူငယ်များ၊ မျိုးဆက်သစ်များ ကိုယ့်လူမျိုး နဲ့ နယ်မြေကို ချစ်တတ်ဖို့၊ ပါတီရဲ့ ရည်မှန်းချက်ဟာ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ နဲ့ သင်တန်းဆင်းသွားတဲ့ လူငယ်များ အားလုံး ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အမှန်တရား လမ်းစဥ်အတိုင်း လျှောက်သွားဖို့ “ စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းသွားသည့် “ဝ” လူငယ် ကေဒါအရာရှိငယ် သင်တန်း ၅၀၀ ကျော်အနက် ၁၀ ဦးက ကျောင်းသားကောင်းဆု ၁၀ ဆု နှင့် ကျောင်းသားတော်ဆု ၅၇ ဆုတို့ကိုလည်း ဆုအသီးအသီး ချီးမြှင့်ပေးသွား ကြောင်း သိရသည်။

“ဝ” လူငယ် ကေဒါ အရာရှိငယ် ၅၀၀ ကျော် သင်တန်းဆင်းပွဲတွင် နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံရှိသူများက လာရောက်မျှပေးခဲ့ကြောင်းလည်း သိရသည်။

UWSA တပ်ဖွဲ့သည် ကွန်မြူနစ်ခေတ်တွင် ဗကပ တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပြီး UWSA ဥက္ကဌ ပေါက်ယိုချန်း ကိုယ်တိုင် စစ်ကြောင်းကို ဦးစီးသူ ဖြစ်ခဲ့သည်။

၁၉၈၉ ဗမာကွန်မြူနစ်ပါတီ ပြိုကွဲပြီး UWSA လည်း ခွဲထွက်ကာ သီးသန့်တပ်ဖွဲ့အဖြစ် စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ သျှမ်းပြည် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အား အကြီးဆုံး တပ်ဖွဲ့လည်း ဖြစ်လာခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article