UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော် ပထမဆုံး အကြိမ် သင်တန်းဆင်း

“ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်အတွက် ပထမဆုံး သင်တန်းဆင်းပွဲ အကြိမ် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

“ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်

ဇွန်လနှောင်းပိုင်းတွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး UWSA ပါတီဝင် ကေဒါ အရာရှိငယ် ၅၀၀ ကျော် နှင့် အုပ်ချုပ်ရေး၊ စစ်ရေး နှင့် နိုင်ငံရေး ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် UWSA မှ ထိပ်တန်းခေါင်းဆောင်ကြီး ၃ ဦးလည်း တက်ရောက် စကားပြောခဲ့ပြီး UWSA/UWSP ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ ဥက္ကဌလည်း ဖြစ်သည့် ပေါက်ယိုချန်း အစား တွဲဖက် အထွေထွေအတွင်းရေးမှူး ဒု – ဥက္ကဌ ရှောက်မင်လျန်မှ အမှာစကား ပြောဆိုခဲ့သည်။

“ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်

ရှောက်မင်လျန် အမှာစကားတွင် “သင်တန်းဆင်းသွားတဲ့ လူငယ်များ၊ မျိုးဆက်သစ်များ ကိုယ့်လူမျိုး နဲ့ နယ်မြေကို ချစ်တတ်ဖို့၊ ပါတီရဲ့ ရည်မှန်းချက်ဟာ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ နဲ့ သင်တန်းဆင်းသွားတဲ့ လူငယ်များ အားလုံး ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အမှန်တရား လမ်းစဥ်အတိုင်း လျှောက်သွားဖို့ “ စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းသွားသည့် “ဝ” လူငယ် ကေဒါအရာရှိငယ် သင်တန်း ၅၀၀ ကျော်အနက် ၁၀ ဦးက ကျောင်းသားကောင်းဆု ၁၀ ဆု နှင့် ကျောင်းသားတော်ဆု ၅၇ ဆုတို့ကိုလည်း ဆုအသီးအသီး ချီးမြှင့်ပေးသွား ကြောင်း သိရသည်။

“ဝ” လူငယ် ကေဒါ အရာရှိငယ် ၅၀၀ ကျော် သင်တန်းဆင်းပွဲတွင် နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံရှိသူများက လာရောက်မျှပေးခဲ့ကြောင်းလည်း သိရသည်။

UWSA တပ်ဖွဲ့သည် ကွန်မြူနစ်ခေတ်တွင် ဗကပ တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပြီး UWSA ဥက္ကဌ ပေါက်ယိုချန်း ကိုယ်တိုင် စစ်ကြောင်းကို ဦးစီးသူ ဖြစ်ခဲ့သည်။

၁၉၈၉ ဗမာကွန်မြူနစ်ပါတီ ပြိုကွဲပြီး UWSA လည်း ခွဲထွက်ကာ သီးသန့်တပ်ဖွဲ့အဖြစ် စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ သျှမ်းပြည် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အား အကြီးဆုံး တပ်ဖွဲ့လည်း ဖြစ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...