Wednesday, January 28, 2026

နမ်ဆန်ယန်တွင် စစ်ကောင်စီ နှင့် KIA တို့ စစ်ရေး တင်းမာနေဆဲ

ကချင်ပြည် KIO ဗဟိုဌာနချုပ် အနီးရှိ နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီ နှင့် KIA ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေသေးကြောင်း စုံစမ်းသိရှိရသည်။

Photo – Credit (ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြင်တွေ့ရတဲ့ နမ်ဆန်ယန်ရွာ)

ပြီးခဲ့သည့် ဇူလိုင် (၃) ရက်ကစပြီး စစ်ကောင်စီသည် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုကြောင့် နမ်ဆန်ယန်ကျေးရွာရှိ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း KIO ဗဟိုဌာနချုပ် သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနေ့ ပစ်ခတ်မှုက ငြိမ်သက်နေပြီး မနေ့ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ နမ်ဆန်ယန်ကျေးရွာက ရွာသားတွေတော့ စစ်ဘေးတိမ်းရှောင်ကြတာရှိတယ်။ လူဦးရေ စာရင်း အတိကျတော့ မသိဘူး။ တစ်ချို့တွေကျတော့ ရွာမှာ ရှိသေးတယ်။ သက်ကြီးရွယ်အို ကလေးတွေ အဲ့ဒါတွေပဲ ထွက်ကြတာ။ ရွာလုံးကျွတ်ထွက်ပြေးတာတော့ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

Photo – Local (စစ်ရှောင်များ နမ့်ဆန်ယန်ရှိ ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်)

အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီဘက်မှ ဇွန်လကတည်းက စစ်အင်အား ပို့ဆောင်ထားခဲ့ပြီး စစ်ရေးတင်းမာနေမှု ရှိခဲ့သည်။

“ဇွန်လကတည်းက စစ်ကောင်စီ က သူတို့ အင်အား ပို့ထားတာရှိတယ်။ သူတို့ လူအင်အားက (၁၀၀) ဝန်းကျင်လောက်ရှိတယ်။ နမ်ဆန်ယန်ကျေးရွာဘက်က စစ်ကောင်စီက စစ်အင်အားထိုးဝင်လာလို့ တိုက်ပွဲဖြစ်ရတာ” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

နမ်ဆန်ယန်ကျေးရွာသည် KIO ဗဟိုဌာနချုပ်ရှိသည့် လိုင်ဇာ နှင့်ကျောချင်းကပ်တည်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် က စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် နမ်ဆန်ယန်ဒေသခံ ပြည်သူတွေဟာ ဆယ်စုနှစ်တစ်စုကြာ ထွက်ပြေးတိမ်းရှောင်ရာကနေ ၂၀၁၈ ခုနှစ်မှ နေရပ်သို့ ပြန်လည်နေထိုင်ကြသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...