Tuesday, January 27, 2026

မြန်မာ – တရုတ် နယ်စပ်ဒေသတွင် တရုတ်ငွေစျေး ဆက်လက်မြင့်တက် ကုန်သည်များ အခက်ကြုံနေ

မြန်မာ – တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် တစ်ပတ်ကျော်အတွင်း တရုတ်ယွမ်ဈေး ၁၀၀ ယွမ်ကို ကျပ်ငွေ (၄၃,၀၀၀) ကျော်အထိ မြင့်တက်လာသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။

တရုတ်ယွမ်

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် တရုတ်ယွမ်ငွေဈေး ၁၀၀ ယွမ်ကို (၄၁,၈၀၀) ကျပ်သာရှိပြီး အတက်အကျ မရှိခဲ့ကာ ဇွန်လ ၂၁ ရက်နေ့မှစ၍ တရုတ်ယွမ်ငွေ ဈေးသည် ကျပ်ငွေ (၄၂,၃၀၀) မှ (၄၃,၀၀၀) ကျော်အထိ တစ်ပတ်အတွင်း မြင့်တက်လာခဲ့ကြောင်း ယွမ်ငွေလဲလှယ်သူ ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီနေ့ ဈေးကတော့ တရုတ်ယွမ် ၁၀၀ ကို ၄၃,၀၀၀ ကျပ်အထိ ရှိတယ်။ ဘယ်နေ့က ယွမ်ဈေး စတက်လာလဲဆိုတော့ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က စပြီး တက်လာတာ။ ဇွန်လဆန်းပိုင်းတုန်းကတော့ ယွမ် ၁၀၀ ကို ၄၁,၈၀၀ ကျပ်လောက်ပဲ ရှိတာ။ တစ်နေ့ပြီး တစ်နေ့ ယွမ်ဈေးတွေက တက်လာတာပေါ့ “ ဟု ၎င်းက ပြောသည်။

အဆိုပါ တရုတ်ယွမ်ငွေဈေး မြင့်တက်လာသောကြောင့် ငွေလဲလှယ် ဈေးနှုန်းနှင့်အတူ ကုန်ဈေးနှုန်း၊ ဆန်ဈေးနှုန်း မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ထို့အပြင် ယမန်နှစ် ၂၀၂၂ သြဂုတ် ၁၄ ရက်တွင် တရုတ်ယွမ်ငွေဈေး ၁၀၀ ယွမ်ကို မြန်မာကျပ်ငွေ (၄၆,၉၅၀) ကျပ်အထိ မြင့်တက်လာသောကြောင့် ကုန်ပစ္စည်းများလည်း တစ်နေ့တခြား စျေးနှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ အခု ဗမာဆန်၊ ပေါ်ဆန်းမွေး တစ်အိတ်ကိုတော့ ၁ သိန်းကျော်သွားပြီ။ ကုန်စိမ်း၊ ကုန်ခြောက်တွေတော့ ဈေးနှုန်း တက်လာတယ် မကြာသေးဘူး။ စားဝတ်နေရေးအတွက် ကျပ်တည်းသွားရလောက်တဲ့အထိ၊ လူတွေ တိတ်လန့်သွားတဲ့အထိတော့ မဖြစ်သေးဘူး။ ဘာလို့ဆို ဒီမှာက ကျပ်ငွေတွေပဲ သုံးတယ်၊ တရုတ်ပစ္စည်း တွေလည်း သိပ်မဝင်လာသေးဘူး။ ဝင်လာတာတော့ ရှိတာပေါ့။ ယွမ်ဈေးတွေတော့ ဒီထက်တက်ဖို့ အလားအလာ ရှိလားတော့ မခန့်မှန်းတတ်ဘူး “ ဟု ၎င်း ငွေလဲလှယ်သူ စီးပွားရေးတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခဖြစ်ပွားပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းကြွမှုဖြစ်ကာ မြန်မာကျပ်ငွေ ဈေးသည် ကျဆင်းနေပြီး ဒေါ်လာဈေး၊ တရုတ်ယွမ်ငွေဈေးသည် တစ်နေ့တခြား မြင့်တက်လာနေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...