တာချီလိတ် အခွန် ဦးစီးဌာနမှ ပြောင်းကုမ္ပဏီတွေ အခွန်ကောက်ယူမှုများ၊ တောင်သူအခက်ကြုံ

မြန်မာ – ထိုင်းနယ်စပ် ဒေသဖြစ်သည့် တာချီလိတ်မြို့ အခွန်ကောက် ဉီးစီးဌာနမှ ပြောင်းတင်ပို့မည့် ကုမ္ပဏီထံ​ အခွန်အခ တင်းကြပ်လိုက်မှုကြောင့် တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြောင်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြန်မာ – ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ ကုန်သွယ်ရေးတွင် စစ်ကောင်စီ လက်အောက်ခံ အခွန်ကောက်ဦးစီးဌာနမှ ထိုင်းနိုင်ငံဘက်သို့ ပြောင်းတင်ပို့မည့် ကုမ္ပဏီများကို ပြောင်းအိတ် (၅၀ ကီလို) တစ်အိတ်လျှင် ကျပ် ၁ သောင်း အခွန်အခ ကြေးငွေအဖြစ် ကောက်ခံခဲ့ခြင်း ဖြစ်သည်။

“ ပုံပါကျင် – မိုင်းတုံဖက်က လာတဲ့ ပြောင်းတွေဆို တာချီလိတ်မြို့ကိုသွင်းမယ်ဆိုရင် စစ်ကောင်စီ လက်အောက်ခံ အခွန်ကောက်ဦးစီးဌာနမှာ ပြောင်းတစ်အိတ်ကို ကျပ် ၁၀,၀၀၀ သွင်းရတယ်။ ပြီးခဲ့တဲ့ နှစ်တွေတော့ ဒီလိုမျိုး အခွန်သွင်းရတာတော့ မရှိဘူး။ နှစ်ဖက်နိုင်ငံ ကုမ္ပဏီ အချင်းချင်းကြား ညှိနှိုင်းကြတာ။ အခုက ကုမ္ပဏီတွေကို အခွန်အခကြေး တင်းကြပ်လိုက်တော့ ကျနော်တို့ တောင်သူတွေလည်း ဒုက္ခရောက်တယ်။ တင်လာတဲ့ ပြောင်းတွေလည်း ဈေးသိပ်မရတော့ဘူး။ ကုမ္ပဏီက ကျနော်တို့ ပြန်ဖိတဲ့ သဘောမျိုးပေါ့ “ ဟု ပြောင်းစိုက် ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ အခွန်အခကြေးငွေ တင်းကြပ်လိုက်မှုကြောင့် လက်ရှိ ပြောင်းတစ်အိတ်ကို ဘတ် ၄၀၀ ပေးပြီး ကုမ္ပဏီ ဝယ်ယူနေရကြောင်း သိရသည်။

“အရင်နှစ်ကတော့ ပြောင်းတစ်အိတ် ဘတ် ၅၅၀ ကနေ ၅၆၀ အထိ ဈေးကောင်းတယ်။ အခုက ပြောင်းတစ်အိတ်ကို ဘတ် ၄၀၀ ပဲ ရတော့တယ်။ ကုမ္ပဏီတွေက အမြတ်မရရင် ဘယ်သူမှ မလုပ်ချင်ဘူး။ စစ်ကောင်စီက သူတို့ကိုအခွန်အခကြေး ပိုတင်းကြပ်လေလေ ကုမ္ပဏီကလည်း ကျနော်တို့ကို ပိုပြီး ဖိလာလေလေပဲ “ ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် တောင်သူများသည် တာချီလိတ်မြို့တွင် ပြောင်းတင်လာဖို့အတွက် လမ်း၌ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ထံ တစ်ကြိမ်လျှင် ကျပ် ၃ ထောင်မှ ၂ သောင်းအထိ ပေးဆောင်နေရသေးကြောင်း သိရသည်။

“ ကျနော်တို့ တောင်သူတွေတော့ ဘယ်သူ့ကို သွားပြောပြီး ဘယ်သူ့ကို သွားတိုင်ရမလဲ မသိတော့ဘူး။ စိုက်ပျိုးရေး အဖွဲ့အစည်း တစ်ခုကနေပြီးတော့မှ ကျနော်တို့ ခံစားနေတဲ့ အခက်ခဲတွေကို သွားပြောပြမှပဲ ရတော့မယ်။ အခုချိန်မှာလည်း နိုင်ငံရေးက မကောင်းတော့ သွားပြောလည်း မထူးဘူး။ ကျနော်တို့တောင်သူတွေ ချွေးနဲ့အားနဲ့ လုပ်ခဲ့ရတာ၊ စိုက်ခဲ့ရတာ အခုလို လမ်းမှာပိုက်ဆံတောင်းတာ၊ ကုမ္ပဏီက ဖိထားတာ နည်းနည်းလေးလျော့ နိုင်ရင်တော့ နည်းနည်းလေး အဆင်ပြေသွားမှာပေါ့ “ ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ပုံပါကျင်မြို့သည် တာချီလိတ်မြို့နှင့် မိုင် ၁၄၀ ကွာဝေးပြီး လမ်းတလျောက်၌ စစ်ကောင်စီ စစ်ဆေးရေးဂိတ် စုစုပေါင်း ၁၀ ခုထက် မနည်း ရှိကာ ပြောင်းတင်ပို့သည့် တောင်သူများသည် ဂိတ်တိုင်းကို ပိုက်ဆံပေးဆောင် နေရကြောင်း သိရသည်။

လက်ရှိ ပြောင်းတင်ပို့သည့် ကုမ္ပဏီများသည် တင်ပို့ပြီး လာရသည့် ဒေါ်လာငွေများကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေစျေးနှုန်းဖြင့် ၆၅ ရာခိုင်နှုန်း ရောင်းချပေးရပြီး ကျန်သည့် ၃၅ ရာခိုင်နှုန်း ပြင်ပဈေးဖြင့်သာ ရောင်းချပေးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...