Monday, May 6, 2024

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်းတွေ့ရှိ

Must read

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ပိုင်ရှင်မဲ့ အလောင်းများ များပြားလာကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင်း ပိုင်ရှင်မဲ့ အလောင်း

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်အထိ သျှမ်းပြည်နယ်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်း သေဆုံးနေသည်ဟု ပရဟိတ အဖွဲ့များ နှင့် သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသည့် အချက်အလက်အရ သိရသည်။

ယခုနှစ် ၂၀၂၃ ဇန်နဝါရီလ မှ ဇွန်လ အထိ သိန္နီမြို့နယ် အတွင်း ပိုင်ရှင်မဲ့အလောင်း ၇ ဦး ထက်မနည်း ကူညီသင်္ဂြိုလ်ပေးခဲ့ရသည်ဟု ကူညီပေးနေသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၀၂၁ ကနေ ၂၀၂၃ ဆိုတော့၊ ၂၀၂၁ နဲ့ ၂၀၂၂ က သူက ကိုဗစ် – ၁၉ ကြောင့်ဆိုတော့ အဲ့လောက်ကြီးကြတော့မရှိဘူး။၂၀၂၃ မှာ ကြတော့ ၇ ယောက် ၈ ယောက်လောက် ရှိတယ်ဗျ ။ သူတို့ ဘိန်းစားတွေဆိုတော့ အာဟာရပျက်တာဖြစ်မယ်၊ မူးယစ်ဆေး အလွန်အကျွံ သုံးဆွဲတာကြောင့်ပေါ့နော် ” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

သေဆုံးသူ အများစုသည် အိမ်ခြေရာမဲ့သူ အများအပြား ဖြစ်ကြပြီး ထိုသူများသည် မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြသည်ဟု သိရသည်။

စစ်အာဏာသိမ်းသည့် ၂ နှစ်ကျော် ကာလ မှာ သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ အပါအဝင် အောင်ပန်း၊ ပင်လုံ၊ နမ့်စန် စသည့်မြို့နယ်များအပြင် လားရှိုး၊ သိန္နီ ၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ ဘက်မှာလည်း ပိုင်ရှင်မဲ့အလောင်း အများဆုံး တွေ့ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်မှ ပြုစုထားသော မှတ်တမ်းများအရ မူဆယ်မြို့နယ်တွင် ၁၅ ဦး ၊ သိန္နီမြို့ ၇ ဦး ၊ လားရှိုးမြို့ ၄ ဦး ၊ တောင်ကြီးမြို့ ၂ ဦး ၊ ကျောက်မဲမြို့ ၂ ဦး ၊ နမ့်ခမ်းမြို့ ၁ ဦး စသည့်မြို့များတွင်လည်း ပိုင်ရှင်မဲ့ အလောင်းများကို တွေ့ရှိခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article