စစ်ကောင်စီ၏ ရွေးကော် က သျှမ်းပြည် နိုင်ငံရေးပါတီများကို စစ်ဆေးမှုပြုလုပ်

စစ်ကောင်စီ လက်အောက်ခံ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် မှတ်ပုံတင်ထားသည့် သျှမ်းပြည်မှ နိုင်ငံရေး ပါတီများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွှတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးပါတီ ၃ ခုကို မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းပညာ ဥပဒေ အရ ပါတီ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ထားသည်။

သျှမ်းပြည် အခြေစိုက်၊ နိုင်ငံရေး ပါတီ နှစ်ခုဖြစ်သည့် ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွှတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ စသည့် ပါတီ နှစ်ခုကို သျှမ်းမြောက် လားရှိုးခရိုင် လားရှိုးမြို့ နယ်မြေခံတပ် ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် လုပ်ထားသည့် ပါတီများကို ပါတီ မှတ်ပုံတင်သည့်နေ့ မှ ၃ လအတွင်း သတ်မှတ်ထားသည့် ပါတီအင်အား ၁ သိန်း ရှိရန်၊ ၆ လအတွင်း နိုင်ငံတဝှမ်း၏ မြို့နယ် ထက်ဝက်ကျော်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရန်၊ ပါတီဝင်များ ကိုင်ဆောင် ထားသည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ်များကို နိုင်ငံသား စိစစ်ရေးကတ်များနှင့် အစားထိုး လဲလှယ် နိုင်ရန်၊ သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန် စသဖြင့် လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကိုလည်း တွေ့ဆုံ စစ်ဆေးရန် ရှိနေကြောင်း သိရသည်။

ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ယင်းကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးမှုများကို ရင်ဆိုင်ရန်အတွက်လည်း အဆင်သင့် ဖြစ်နေကြောင်း ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ပါတီရုံးချုပ်ကိုလည်း ရန်ကုန်ကို ရွှေ့ပြောင်းလာပြီဆိုတော့ သူတို့စစ်မယ်ဆိုရင် ရန်ကုန်ကို လာစစ်ရပါမယ်၊ ကျနော်တို့ဘက်ကတော့ ပါတီ Deposit ငွေလည်း သွင်းပြီးပြီ၊ ပါတီဝင် အင်အား စာရင်းလည်း ပြင်ဆင်ထားပြီးပြီဆိုတော့ အားလုံး အဆင်သင့်ဖြစ်ပါပြီ” ဟု ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) သည် သျှမ်းပြည် နှင့်အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် နေပြည်တော်တို့ကို ဝင်ရောက်ယှက်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထားသည့် ပါတီ ၅၀ ရှိနေပြီး တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ခုမှ ဇွန်လ ၁၆ ရက်အထိ ပါတီ ၇ ခုကိုသာ တည်ထောင်ခွင့် ရခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုလည်း မှတ်ပုံတင် မလုပ်ဟုဆိုကာ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...