Friday, January 30, 2026

လားရှိုးမြို့နယ် စစ်ကောင်စီတပ်သားများက ရွာသားများကို ရေခပ်ခိုင်းနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ခုန်စုန်ကျေးရွာ အတွင်း ရောက်ရှိနေကြသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ရွာသားများကို ၎င်းတို့ သုံးရေ၊ သောက်ရေများကို ခပ်ခိုင်း နေကြကြောင်း စုံစမ်းသိရသည်။

Photo- SSPP Info

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်မှ စတင်ကာ ခုန်စုန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ သောက်သုံးရန် ရေကို ဒေသခံ ရွာသားများ အလှည့်ကျဖြင့် ခပ်ပေးရန် ညွှန်ကြား စေခိုင်းလာကြောင်း စုံစမ်း သိရသည်။

“တစ်နေ့ကို ထော်လာဂျီ တစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ပေးရမှာတဲ့၊ ဆိုင်ကယ်က သူတို့ သွားရေးလာရေးအတွက်၊ ထော်လာဂျီက ရေခပ်ပြီး ဖြည့်ပေးဖို့ အတွက်ပေါ့၊ မပေးရင် မရဘူး ဆိုပြီးတော့ ရွာလူကြီးဆီ ညွှန်ကြားလာတာ၊ ရွာသားတွေလည်း အလှည့်ကျ စနစ်နဲ့ သူတို့အတွက် ရေတွေကို ခပ်ပြီး ပို့ပေးရတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် ရေခပ်ပေးရန် ထော်လာဂျီ နှင့် ဆိုင်ကယ် ပေးရသည့် အပြင် ထော်လာဂျီ မောင်းသူ၊ ရေခပ်ထည့် ပေးမည့်သူ အမျိုးသားတစ်ဦးလည်း ပေးရကြောင်း သိရသည်။

လက်ရှိ အချိန်သည် လယ်ယာ လုပ်ငန်းခွင် စတင်လုပ်ကိုင်နေကြသည့် အချိန်ဖြစ်နေသည့်အတွက် ဒေသခံများ၏ လုပ်ငန်းခွင်များကို ထိခိုက်သည့် အပြင် မလုံခြုံသလိုလည်း ခံစားရကြောင်း ဒေသခံများက ပြောသည်။

“အခုက ပျိုးကြဲတဲ့အချိန်၊ လယ်ထွန်တဲ့ အချိန်ဆိုတော့ လုပ်အားတွေက တအားလိုတယ်လေ၊ တချို့အိမ်ကဆိုရင် အိမ်တံခါးတွေ ပိတ်ပြီး၊ လယ်ယာသွားကြရတာ၊ ဒါပေမဲ့ အခုလို သူတို့အတွက် ရေခပ်ဖို့ ရေသယ်ဖို့ တစ်နေ့ကို အမျိုးသား တစ်ဦးက မရှိမဖြစ် နေပေးရမှာဆိုတော့ လုပ်ငန်းပိုင်း ထိခိုက်တယ်၊ ပြီးတော့ လုံခြုံရေးကိုလည်း စိုးရိမ်ရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ နယ်မြေအနီးပတ်ဝန်းကျင်၌ စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း သွားလာ လှုပ်ရှားနေသည့်အတွက် ထိတွေ့ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင်လည်း လားရှိုးမြို့နယ်အတွင်း MNDAA နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးစစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

လက်ရှိ အချိန်သည် ဒေသခံများ လုပ်ငန်းခွင် ဝင်ရောက်ရမည့်အချိန် ဖြစ်နေသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာ အနီး တိုက်ပွဲ မဖြစ်ကြရန်လည်း ဒေသခံများက တောင်းဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က သွားလာလှုပ်ရှားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...