လားရှိုးမြို့နယ် စစ်ကောင်စီတပ်သားများက ရွာသားများကို ရေခပ်ခိုင်းနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ခုန်စုန်ကျေးရွာ အတွင်း ရောက်ရှိနေကြသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ရွာသားများကို ၎င်းတို့ သုံးရေ၊ သောက်ရေများကို ခပ်ခိုင်း နေကြကြောင်း စုံစမ်းသိရသည်။

Photo- SSPP Info

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်မှ စတင်ကာ ခုန်စုန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ သောက်သုံးရန် ရေကို ဒေသခံ ရွာသားများ အလှည့်ကျဖြင့် ခပ်ပေးရန် ညွှန်ကြား စေခိုင်းလာကြောင်း စုံစမ်း သိရသည်။

“တစ်နေ့ကို ထော်လာဂျီ တစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ပေးရမှာတဲ့၊ ဆိုင်ကယ်က သူတို့ သွားရေးလာရေးအတွက်၊ ထော်လာဂျီက ရေခပ်ပြီး ဖြည့်ပေးဖို့ အတွက်ပေါ့၊ မပေးရင် မရဘူး ဆိုပြီးတော့ ရွာလူကြီးဆီ ညွှန်ကြားလာတာ၊ ရွာသားတွေလည်း အလှည့်ကျ စနစ်နဲ့ သူတို့အတွက် ရေတွေကို ခပ်ပြီး ပို့ပေးရတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် ရေခပ်ပေးရန် ထော်လာဂျီ နှင့် ဆိုင်ကယ် ပေးရသည့် အပြင် ထော်လာဂျီ မောင်းသူ၊ ရေခပ်ထည့် ပေးမည့်သူ အမျိုးသားတစ်ဦးလည်း ပေးရကြောင်း သိရသည်။

လက်ရှိ အချိန်သည် လယ်ယာ လုပ်ငန်းခွင် စတင်လုပ်ကိုင်နေကြသည့် အချိန်ဖြစ်နေသည့်အတွက် ဒေသခံများ၏ လုပ်ငန်းခွင်များကို ထိခိုက်သည့် အပြင် မလုံခြုံသလိုလည်း ခံစားရကြောင်း ဒေသခံများက ပြောသည်။

“အခုက ပျိုးကြဲတဲ့အချိန်၊ လယ်ထွန်တဲ့ အချိန်ဆိုတော့ လုပ်အားတွေက တအားလိုတယ်လေ၊ တချို့အိမ်ကဆိုရင် အိမ်တံခါးတွေ ပိတ်ပြီး၊ လယ်ယာသွားကြရတာ၊ ဒါပေမဲ့ အခုလို သူတို့အတွက် ရေခပ်ဖို့ ရေသယ်ဖို့ တစ်နေ့ကို အမျိုးသား တစ်ဦးက မရှိမဖြစ် နေပေးရမှာဆိုတော့ လုပ်ငန်းပိုင်း ထိခိုက်တယ်၊ ပြီးတော့ လုံခြုံရေးကိုလည်း စိုးရိမ်ရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ နယ်မြေအနီးပတ်ဝန်းကျင်၌ စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း သွားလာ လှုပ်ရှားနေသည့်အတွက် ထိတွေ့ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင်လည်း လားရှိုးမြို့နယ်အတွင်း MNDAA နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးစစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

လက်ရှိ အချိန်သည် ဒေသခံများ လုပ်ငန်းခွင် ဝင်ရောက်ရမည့်အချိန် ဖြစ်နေသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာ အနီး တိုက်ပွဲ မဖြစ်ကြရန်လည်း ဒေသခံများက တောင်းဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က သွားလာလှုပ်ရှားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...